Menu

You are here

ဖြိုးလေး(Snare)ရဲ့ Cadillac CTS

ဒီတစ်ပတ်ရဲ့အနုပညာရှင်နဲ့ ကား ကဏ္ဍမှာတော့ မကြာခင်မှာ တတိ ယအခွေထွက်ရှိတော့မယ့် Snare အဖွဲ့က အဆိုတော် ဖြိုးလေးရဲ့ လက်ရှိစီးနေတဲ့ ကားအမျိုးအစား နဲ့ သူ့ရဲ့ ကားနဲ့ပတ်သက်တဲ့ အ ကြောင်းအရာတချို့ကို မေးမြန်း ထားပါတယ်။

ကိုဖြိုးလေး လက်ရှိစီးဖြစ်နေတဲ့ ကားအကြောင်းလေးပြောပြပေးပါ။

ကျွန်တော် အခုစီးတဲ့ကားက Cadillac CTS Made in USA2010 မော်ဒယ်ပါ။ စီးတာတော့ သိပ်မကြာသေးဘူး။ သုံးလေးငါး လလောက်ပဲရှိပါသေးတယ်။

 

ဒီကားကို ဘာကြောင့်ရွေးချယ်စီး ဖြစ်ခဲ့တာလဲ။

Cadillac ကို ကျွန်တော် ငယ်ငယ်လေးကတည်းက ကြိုက် တယ်။ Chevrolet တို့ Cadillac တို့၊ ဒေါ့ခ်ျတို့ အမေရိကန်ကား တွေကြိုက်တယ်။ ငယ်ငယ်လေး ကတည်းက စီးချင်တယ်။ အခုစီးလို့ရတဲ့အတွက် ငယ်ငယ်လေးကတည်းက စီးချင်တာကို စီးခဲ့တာပါ။ ကျွန်တော် ငယ်ငယ်တုန်းကဆိုသီချင်းတွေ ဘာတွေထဲမှာတောင် ထည့်ဆိုဖူးတယ်။ အရင်တုန်းက Nine Night အခွေထဲမှာပါတဲ့ သီချင်းပေါ့ ‘Cadillac ပေါ်က ခြေထောက်ကိုချ ငါ့ကို စောင့်ကြိုကြ’ဆိုပြီးပေါ့။ နိုင်ငံခြားက ရက်ပါတွေလည်း စီးကြတယ်။ အဲဒါကြောင့် ကျွန်တော် စီးခဲ့တာပါ။

ဒီကားစီးတဲ့အခါမှာကော အရင်စီးဖူးတဲ့ကားတွေနဲ့ ဘာကွာခြားတယ်လို့ထင်လဲ။

ဘာတွေ ကွာခြားချက်ရှိမလဲ ဆိုတော့ အရင်တုန်းကကားတွေ က ခရီးတွေဘာတွေကောက်သွား ချင်ရင် ရတယ်။  ဒီကောင်ကျတော့ အောက်တွေဘာတွေနိမ့်တော့ မောင်းရတာ ဂရုစိုက်ရတယ်။အ ရင်ကားတွေက ညာမောင်း ဒီကားကဘယ်မောင်းပေါ့နော်။ အဲဒါပါပဲ။ ကျန်တာကတော့ ဒီကားက Luxury ဖြစ်တဲ့အတွက် ဇိမ်ခံကား သဘောမျိုးဆိုတော့ ငြိမ့်တယ်။

ဒီကားစီးတဲ့အခါမှာကော အဆင်ပြေတဲ့အချက်နဲ့ အဆင်မပြေတဲ့အချက်က ဘာတွေဖြစ်မလဲ။

အဆင်မပြေတဲ့အချက်က တော့ ခရီးတွေဘာတွေ ချက်ချင်း ကောက်သွားချင်တဲ့ အချိန်ဆို ကားကို ညှာနေရတာပေါ့။ အောက်ပိုင်းက နိမ့်တယ်။ ကျန် တာကတော့ အဆင်ပြေပါတယ်။ အဆင်ပြေတယ်ဆိုတာ ကျွန် တော်တို့ ရှိုးပွဲတွေဘာတွေ သွားလို့ရှိရင် ကျွန်တော်ကြိုက်တာစီးတဲ့ အတွက် အဆင်ပြေတယ်။ အရင်ကားတွေတုန်းကလည်း အဆင် ပြေပါတယ်။ အဓိကကတော့ ခရီးသွားရတဲ့အခါမှာ ကားကို ညှာရတာကို ကျွန်တော် သိပ်မကြိုက် ဘူး။

ဒါဆိုဒီကားနဲ့ နယ်ခရီးတွေ သွားတဲ့အခါမှာကော အခက်အခဲက ဘာ တွေကြုံတွေ့ရလဲ။

နယ်ခရီးဆိုရင် ဒီကားနဲ့က နီးနီးနားနားပဲ သွားဖြစ်တယ်။ မန္တလေးတောင် မသွားရသေးဘူး။ ဒီကားတွေက တစ်ခုခုဖြစ်လို့ရှိရင် ပစ္စည်းကရှားတယ်လို့ ကြား တယ်။  အဲဒါကြောင့် နည်းနည်းညှာစီးရတာပေါ့။ အရင်တုန်းက ကားတွေကတော့ ၀ုန်းဒိုင်းကြဲလို့ရ တယ်။

ရန်ကုန်မြို့ထဲမှာ မောင်းရင်ကော ကားရဲ့ လုပ်ဆောင်မှုအပိုင်းက ဘယ်လိုအခြေအနေရှိပါလဲ။

ရန်ကုန်မြို့ထဲမှာ မောင်းရတာက အဆင်ပြေပါတယ်။ လမ်းကြမ်းရင်တော့ သိပ်အဆင်မပြေ ဘူး။ လမ်းကောင်းရင်တော့ အဆင်ပြေပါတယ်။ အင်ဂျင်ပါဝါက3.0 ဆိုတော့ ဆီတော့နည်းနည်း စားတယ်။ အင်ဂျင်ကြီးတော့မောင်းရတာကောင်းတယ်။ ဆွဲ တယ်။ မြန်မြန်မောင်းလည်းကောင်းတယ်။

ဒီကားကို အလှဆင်ဖြစ်တာမျိုးရှိ ရင်လည်း ပြောပြပါဦး။

အလှဆင်တာတော့ မလုပ်ဖြစ်ပါဘူး။ နောက်ပိုင်းကျရင် တော့ ဒီအရှေ့ရှဲလ်လေးကိုလဲဖို့ အစီအစဉ်ရှိတယ်။ အခုတော့ ဒီအတိုင်းပါပဲ။

ဒီကားအပြင် နောက်ထပ်စီးချင်တဲ့ စိတ်ကူးထဲက ကားအမျိုးအစား တွေရှိရင်လည်း ပြောပြပါဦး။

ကျွန်တော်က ကားကြိုက် တယ်။ ကားကြိုက်တော့ စီးတော့စီးချင်တာပေါ့နော်။ တခြားကား တွေ ဒီထက်ပိုမိုက်တဲ့ ကားတွေရှိတယ်။ Chevrolet Camaro စီး ချင်တယ်။ Dodge ကထုတ်တဲ့Challenger တို့ Charger တို့ စီးချင်ပါတယ်။

ကားနဲ့ပတ်သက်လို့ တစ်ခုခုဖြစ် ရင်ကော ပစ္စည်းဝယ်ရတာ အခက်အခဲရှိပါသလား။

အခုတော့ ဘာမှတော့ မဖြစ် သေးဘူး။ ဖြစ်လို့ရှိရင်လည်း မှာရမှာတွေဆိုတော့ နိုင်ငံခြားက ပို့ပေးရင်လည်း ဈေးတွေ ဘာတွေများ တယ်။ အဲဒီတော့ ဂရုစိုက်စီးရပါ တယ်။

ဒီကားနဲ့ အမောင်းချင်ဆုံး၊ အသွားချင်ဆုံး နေရာတွေရှိရင်လည်း ပြောပြပါဦး။

 ကျွန်တော်ကတော့ ခရီး ထွက်တာ ၀ါသနာပါတယ်။ ကြိုက်လည်း ကြိုက်တယ်။ ကျွန်တော်သွားဦးမှာပါ။ ကျွန်တော် နောက်တစ်ရက်၊ နှစ်ရက်လောက်နေရင်ဒီကားနဲ့ ကျိုက်ထီးရိုးတက်မလို့ ပါ။ နောက်ကိုလည်း မန္တလေး တွေ၊ မုံရွာတွေ သွားဖို့ရှိပါတယ်။ ဒီအတိုင်းပဲ နည်းနည်းညှာပြီး သွားရမှာပေါ့။

ကားမောင်းနေတဲ့သူတွေအတွက် လည်း အကြံပြုစကား ပြောပေးပါ ဦး။

ရန်ကုန်မြို့ထဲမှာ ကားတွေ က ကျပ်တယ်။ ဘတ်စ်ကားတွေ ကလည်း ရှုပ်ယှက်ခတ် တစ် ယောက်နဲ့တစ်ယောက်ကလည်း လုတိုးကြဆိုတော့ အဲဒီလိုအချိန် မျိုးမှာတော့ ဒေါသလေးတွေ လျှော့ပြီးမောင်းကြပါ။ လမ်းကြောင်းကိုလည်း မှန်မှန်ကန်ကန် နဲ့ မောင်းကြပါ။ တစ်ယောက်နဲ့  တစ်ယောက် လမ်းတွေ ဘာတွေ လုတယ်ဆိုတာကတော့ တော်တော်အဆင်မပြေဘူး။ မျက်စိ အရှေ့မှာလည်း မြင်နေရတယ်။ အရမ်းလည်းဆိုးပါတယ်။ ဒီလို ကားမျိုးနဲ့တော့ မဆိုင်ပါဘူး။ ကားတိုင်းအတူတူပါပဲ။ ကိုယ့်ကားကို တော့ တန်ဖိုးနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ကိုယ်တန်ဖိုး ထားတဲ့ကား ကိုယ်ချစ်တဲ့ကားကို အားလုံးကတော့ ဂရုစိုက်ကြပါ တယ်။

ကျေးဇူးတင်ပါတယ်။      ။

 __ ဖြူဖွေးသန့်

logo