Menu

You are here

ထက်ယံရဲ့ Toyota Celica 99

ဒီတစ်ပတ်အတွက် အနုပညာရှင် နဲ့ ကားကဏ္ဍမှာတော့ No MoreCry သီချင်းနဲ့ လူငယ်ပရိသတ် တွေကြားမှာ အောင်မြင်လာပြီး လက်ရှိမှာလည်း လူငယ်အကြိုက် သီချင်းတွေနဲ့ အောင်မြင်လာတဲ့ အဆိုတော်ထက်ယံရဲ့ လက်ရှိစီး နေတဲ့ကားနဲ့ပတ်သက်ပြီး မေးမြန်းပေးထားပါတယ်။

လက်ရှိစီးနေတဲ့ကားအမျိုးအစားကို ပြောပြပေးပါ။

ကျွန်တော့်ကားက ToyotaCelica 99 မော်ဒယ်ပုံဟောင်းပါပဲ။ တိုယိုတာဆိုတော့ ဂျပန်ကသွင်းတဲ့ကားပါ။ ဒီကားကို စီးဖြစ်လာတာတော့ လေးနှစ်လောက်ရှိပါပြီ။

ဒီကားဘယ်လိုကြောင့် စီးဖြစ်ခဲ့တယ်ဆိုတာကိုလည်း ပြောပြပေးပါဦး။

လွန်ခဲ့တဲ့ လေးနှစ်လောက်က ဒီလိုပြိုင်ကားပုံစံလေးတွေက ရှားတယ်။ ရှားတော့ ရှိတဲ့ကား တွေထဲကမှ ဒီကားကိုတွေ့တော့ ကြိုက်သွားပြီး အရမ်းရူးသွပ်သွားတယ်။ အဲဒီတုန်းက ဈေးလည်း အရမ်းကြီးတယ်။ အိမ်ကိုဘယ်နှ နှစ်စီးပါ့မယ်ဆိုပြီး အာမခံပြီးစီးဖြစ်ခဲ့တာပါ။

ကိုထက်ယံအတွက် ဒီပြိုင်ကားက တခြားကားတွေနဲ့ ဘာတွေကွာ ခြားမှုရှိသလဲ။

ဒီကားကို စဝယ်တုန်းကတော့ အိမ်မှာစီးတဲ့ကားတွေထက်စာရင် အရမ်းသစ်တာပေါ့။ အဲဒီတုန်းက ပြိုင်ကားကို အရမ်းစီးချင်ခဲ့တာ။ ကျွန်တော်ရော၊ ကျွန်တော့်အစ်ကိုရောက အရမ်းရူးသွပ်တာ။ ကွာခြားမှုကတော့ ဒီကားက ပြိုင်ကားဆိုတော့ လူငယ်ဆန်တယ်။ တခြားကားတွေနဲ့ ယှဉ်ရင်တော့ ကျွန်တော်က လူငယ်ဆိုတော့ ပြိုင်ကားကို ပိုနှစ်သက်တယ်။

ကားရဲ့ လုပ်ဆောင်ချက်အနေအ ထားတွေကကော ဘယ်လိုရှိပါ သလဲ။

အင်ဂျင်ပိုင်းမှာဆိုရင်တော့ ဒီကားက တာဗိုမပါဘူး။ ရိုးရိုးပဲ။ အင်ဂျင်ပါဝါက 2.0 ပဲရှိတယ်။ 2.0 ဆိုတော့ တခြားပြိုင်ကားတွေ ထက်စာရင် ဆီစားသက်သာတာ ပေါ့။ တကယ့်ပြိုင်ကားအစစ်တွေ ဆိုရင် တာဗိုနဲ့ အင်ဂျင်ပါဝါက လည်း 3.0၊ 3.5 ရှိတယ်။ ဒီနောက်ပိုင်းမှာတော့ အင်ဂျင်ပါဝါအရမ်း မြင့်တဲ့ကားတွေလည်း ပေါ်နေပါ ပြီ။ အဓိကကတော့ ဒီကားလေးက ဆီစားသက်သာတယ်။ ဒါပေ မဲ့ အိမ်စီးကားနဲ့ယှဉ်မယ်ဆိုရင် တော့ ဆီစားကတော့ နည်းနည်း များနေသေးတယ်။ ဒါပေမဲ့ ပြိုင် ကားထဲမှာတော့ ဒီကားလေးက စီးရတာလည်း ကောင်းတယ်။ ဆီ စားလည်းသက်သာတယ်။ ကားရဲ့လုပ်ဆောင်ချက်အပိုင်းတွေက တော့ ဒီကားက အရမ်းရှင်းတယ်။ သာမန်ကားတစ်စီးလိုပါပဲ။ အော် တိုဂီယာအပိုလုပ်ပေးစရာ ဘာမှ မရှိဘူး။ တစ်ခုပဲ အမြန်မောင်းချင် ရင်တော့ ပလတ်တွေ ဘာတွေ ဂရု စိုက်ပေးရတယ်။ အင်ဂျင်ပိုင်းမှာ ထပ်ဖြည့်ပေးထားတာလေးတွေ၊ ကြိုးတွေ ပြန်လဲတာမျိုးတွေတော့ ရှိပါတယ်။

လက်ရှိမှာ နောက်ထပ်စီးချင်တဲ့ ကားအမျိုးအစားတွေရှိရင်လည်း ပြောပြပေးပါ။

လက်ရှိစိတ်ကူးထဲမှာ စီးချင်တဲ့ကားတွေကတော့ အများကြီးပဲ။ နောက်ထပ်ပြောင်းစီးချင်တဲ့ ကားကတော့ Crown Athelete2006 လောက်ပေါ့။ အဲဒီကားက အင်ဂျင်ပါဝါ 3.0။ အဲဒီကားက ဇိမ်ခံကားပေမယ့် Sport Type ထဲမှာပါတယ်။ အဲဒီကားစီးချင်နေတယ်။ ကျွန်တော် ပြိုင်ကားစီးခဲ့ ပြီးပြီ။  ပြိုင်ကားတွေမှာ  ဒုက္ခရောက်တဲ့အကြောင်းတွေလည်း သည်းခံခဲ့ရတယ်။ ကျွန်တော့်ကား နောက်ခန်းမှာ လူသုံး၊ လေးယောက်လောက် ထိုင်စီးလို့ရသေးတယ်။ တချို့ကားတွေကျတော့ နှစ်ယောက်ပဲစီးလို့ရတယ်။ ဒါကြောင့် ဇိမ်လည်းခံခဲ့ပြီးပြီ။ လူ ငယ်လည်း ဆန်ခဲ့ပြီးပြီဆိုတော့ နည်းနည်းချောင်ချောင်ချိချိနဲ့ ပြိုင်ကားပုံစံလေးဖြစ်တဲ့ မောင်းရတာလည်းမြန်တဲ့ လူငယ်လည်းဆန်၊ လူကြီးလည်းဆန်တဲ့ နှစ်ခုမျှတဲ့ Crown ကို စီးချင်တာပါ။

ဒီကားစီးရတာမှာ အဆင်ပြေတဲ့ အချက်နဲ့ အဆင်မပြေတဲ့အချက်တွေက ဘာတွေဖြစ်မလဲ။

ဒီကားစီးရတာမှာ အဆင်မပြေတဲ့အချက်ကတော့ ဒီကားက  သက်တမ်းကြာပြီဆိုတော့ ဟောင်းနေပြီပေါ့။တကယ်တမ်း ဘယ်လောက်ပဲဆင်ဆင် အခုနောက်ပိုင်းပေါ်တဲ့ပြိုင်ကားတွေလောက်တော့ မကောင်းတော့ဘူး။ အဆင်ပြေတဲ့အချက်က ကျွန်တော့်ကားက နောက်ခန်းမှာ ထိုင်ခုံပါသော်လည်း သူငယ်ချင်းတွေ အများကြီးနဲ့ သွားတဲ့အခါမှာ လူသုံး၊ လေးယောက်လောက်ပဲ စီးလို့ရတာပေါ့။ ပြိုင်ကားစီးတာကတော့ လူတွေရဲ့ အမြင်ကတ်တာကိုလည်း ခံရတာတော့ရှိတာပေါ့။ ကျန်တဲ့စီးရတဲ့အပိုင်းတွေတော့ အဆင်ပြေပါတယ်။

ဒီကားနဲ့ အမှတ်တရတွေရှိရင်လည်း ပြောပြပေးပါ။

ဒီကားလေးနဲ့ပတ်သက်တဲ့ အမှတ်တရကတော့ ကျွန်တော်နဲ့ ရဲရင့်အောင်ရဲ့ သီချင်း No More Cry သီချင်းရိုက်တော့ ဒီကားလေးက ဝယ်ထားတာမကြာသေးတော့ အဲဒီသီချင်း MTV မှာ ထည့်ရိုက်ခဲ့တယ်။ အဲဒီတုန်းကတော့ ကားကခဲရောင်လေး။ အခုအရောင် ပြန်ချိန်းလိုက်တာပါ။ ဒီကားလေးကို အခုအချိန်ထိ စီးဖြစ်နေတာက ဈေးကြီးလည်း ပေးဝယ်ခဲ့ရတယ်။ အိမ်ကိုလည်း ကတိတွေပေးခဲ့ရတယ်။ ကားတွေက ဝယ်ရင်ရှုံးတော့ စဉ်းစားနေရင်း ဒီကားလေးကိုစီးဖြစ်တာပါ။ အမှတ်တရသံ ယောဇဉ်တွေလည်း အများကြီးရှိပါတယ်။

__ ဖြူဖွေးသန့်

logo