Menu

You are here

Jade Dragon Dancer နဲ့ Project K အကအဖွဲ့မှ ထက်ဘုန်းနိုင်ရဲ့ Alphard

ဒီတစ်ပတ်အနုပညာရှင်နဲ့ ကားကဏ္ဍမှာတော့ Jade Dragon Dancerနဲ့ Project K အကအဖွဲ့ခေါင်းဆောင်ရဲ့ လက်ရှိစီးနေတဲ့ ကားအမျိုးအစားနဲ့ ၎င်းရဲ့ ကားနဲ့ပတ်သက်တဲ့ အကြောင်းအရာ တချို့ကို မေးမြန်းပေးထားပါတယ်။

လက်ရှိစီးနေတဲ့ ကားအကြောင်း လေး ပြောပြပေးပါဦး။

ကျွန်တော် အခုစီးနေတဲ့ ကားက Alphard ပါ။ ဒီကားကို စီးဖြစ်လာတာကတော့ ၂ နှစ် ကျော် သုံးနှစ်နီးပါးရှိပါပြီ။

ဒီကားကို စီးဖြစ်ခဲ့တဲ့အကြောင်း  ပြောပြပေးပါဦး။

ဒီကားကို စီးဖြစ်ခဲ့တာက တော့ ကျွန်တော်တို့ Jade Dragon အဖွဲ့အတွက် ပိုပြီးရည်ရွယ်တာပေါ့။ ကျွန်တော်တို့ပွဲတွေဘာတွေသွားလို့ အဖွဲ့လိုက်သွား ရင် ပိုပြီးအဆင်ပြေအောင်ဆိုပြီးကားအကြီးကြီးကို ရွေးချယ်ခဲ့တာ ပါ။ ကျွန်တော်ကိုယ်တိုင်ကလည်းကားဆိုရင် ကြီးတာကို ပိုသဘော ကျတယ်။

ဒီကားစီးတဲ့အခါမှာ အဆင်ပြေတဲ့ အချက်နဲ့၊ အဆင်မပြေတဲ့ အချက် ရှိရင်လည်း ပြောပြပေးပါဦး။

အဆင်ပြေတာကတော့ ကျွန်တော်တို့ အဖွဲ့လိုက်သွားပြီဆိုရင် ကားနေရာ ကျယ်ကျယ်ရ တယ်။ သူငယ်ချင်းများများစီးလို့ရတယ်။ သူငယ်ချင်းတွေ မပါရင်တောင် ကျွန်တော့်ဘာသာ ကျွန် တော်သွားရင် ရှုတင်တွေမှာ အ၀တ်အစားလဲဖို့ နေရာမရှိရင် ကားပေါ်မှာ လဲလိုက်လို့ အဆင်ပြေ တယ်။

နောက်တစ်ခုက ကားထဲမှာကျွန်တော်ရဲ့ အသုံးအဆောင် ပစ္စည်းတွေကို တစ်ခါတည်းထည့်ပြီး သွားလို့ရတယ်။ ဒါကတော့ အဆင်ပြေတာပေါ့။ အဆင်မပြေမှု ကတော့ ဒီကား က ကြီးတဲ့အတွက် မြန်မာနိုင်ငံမှာဆိုရင် ကားပါကင် အခက်အခဲလေးတွေရှိတယ်။ ကားကြီးတော့ လမ်းကျဉ်းတဲ့နေ ရာတွေ၊ ၀င်လို့မရတာမျိုးတွေရှိ တယ်။

ဒီကားရဲ့ လုပ်ဆောင်မှုအပိုင်းလေးတွေကိုလည်း ပြောပြပေးပါ ဦး။

ကားအင်ဂျင်ပါဝါက 2.4ဆိုတော့ တခြား Alphard ကားတွေထက် ဆီစားနှုန်းသက်သာ တယ်။ ဒီကားက ကားကြီးဖြစ်တဲ့အတွက် ကားသေးတွေလိုမျိုး တော့ စတီယာရင်က မပေါ့ဘူး ပေါ့။ ဂ ငယ်ကွေ့ကွေ့တာမျိုးတွေ  ဘာတွေဆိုရင် တစ်ခါတည်း ကွေ့လို့အဆင်မပြေတာမျိုးတို့ နောက်ဆုတ်ပြီး ပြန်ကွေ့ရတာမျိုးလေး တွေရှိတယ်။

ကားအလှဆင်တဲ့ အပိုင်းတွေ ကော ဆောင်ရွက်ဖြစ်လား။

ကားအလှဆင်တာမျိုးထက်  ကျွန်တော်က ကားအတွင်းခန်းကို တော့ ထိုင်ခုံကို Leather အစွပ်လေးတွေ စွပ်ဖြစ်တယ်။ ခုံမပျက် စီးအောင်ပါ။ အောက်ဘက်ခြေ နင်းပြားတွေ ထည့်တယ်။ နောက် တစ်ခုက ကျွန်တော့် ဒီကားထဲမှာ အမှိုက်ပုံလေးပါထားထားတယ်။ ကျွန်တော်က တစ်ခါတလေကျရင် အလုပ်အရမ်းရှုပ်လာတဲ့အခါ  ထမင်းစားတာတို့၊ မုန့်တွေ ဘာတွေ စားတာတို့ဆိုရင် ဒီကားပေါ်မှာပဲ စားရသောက်ရတာဆိုတော့  ကားလည်း သန့်ရှင်းမှုရှိအောင် ဒီအမှိုက်ပုံးလေးထားထားတော့  ပိုအဆင်ပြေတယ်။

ဒီကားနဲ့ နယ်ဝေးခရီးကောသွား ဖြစ်လား။ သွားတဲ့အခါမှာကော ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရသလဲ။

နယ်ဝေးခရီးတွေလည်း ဒီကားနဲ့ထွက်ဖြစ်တယ်။ နယ်ဝေး သွားတဲ့အခါမှာလည်း ဒီကားက  တော်တော် အဆင်ပြေတယ်။ လမ်းမှာ ပျက်တာ ပြုတာ ဘာမှမရှိ ပါဘူး။ ကျွန်တော်တို့အဖွဲ့က သူ ငယ်ချင်းတွေပဲ တစ်ယောက်တစ် လှည့် မောင်းသွားကြတယ်။ ကားထဲမှာကလည်း တီဗီပါပါတော့ ရုပ်ရှင်ကြည့်၊ သီချင်းဆို ၊ စကားတွေ  ပြောပြီး သွားကြတယ်။ ဒီကား လေးနဲ့ သွားရတာလည်း ပျော်ဖို့ ကောင်းပါတယ်။

အရင်စီးဖူးခဲ့တဲ့ကားတွေနဲ့ကော ဒီကားက ဘာကွာခြားမှုတွေ တွေ့ရသလဲ။

အရင်စီးခဲ့တဲ့ ကားက သေးတယ်။ အဲဒီတုန်းကတော့ ကျွန်တော့် အဖေကားဆိုတော့ ဆလွန်းကားလေးပဲ။ အမှန်အ တိုင်းပြောရရင်တော့ ကျွန်တော်က အဲဒီကားကို သဘောမကျဘူး။ကျွန်တော်က ကားဆိုရင် အကြီးကြီးပဲ သဘောကျတယ်။ အဲဒီကားက အဖေတို့ကားဆိုတော့ မော် ဒယ်တွေ ဘာတွေလည်း နိမ့်တယ်။ ဒီကားပြောင်းပြီးတဲ့ အချိန်မှာ တော့ ဒီကားကို ပိုကြိုက်တယ်။

စိတ်ကူးထဲကနေ နောက်ထပ်စီးချင်တဲ့ ကားအမျိုးအစားရှိရင် လည်း ပြောပြပေးပါဦး။

ကားဆိုရင် ခပ်ကြီးကြီးပေါ့။ ကြီးပြီးကျယ်တာကို  ကြိုက်တယ်။ စိတ်ကူးထဲက စီးချင်တဲ့ကားဆိုရင်  ငယ်ငယ်က စိတ်ကူးထဲကနေ စီးချင်တာဘာလဲဆိုတော့ ဘတ်စ်ကားအကြီးကြီးထဲမှာမှ အိမ်ပုံစံ မျိုးလုပ်ထားတာ ခုတင်ကအစ  မီးဖိုချောင် အကုန်ပါတဲ့ကားလေ။ အဲဒီလိုကားကြီးစီးချင်တာ။ ဘာ လို့လဲဆိုတော့ ကျွန်တော့်အိမ်ဆိုရင် မြို့ထဲပိုင်းနဲ့ ဝေးတယ်။ ကျွန်တော် သွားရ၊ လာရ၊ ပြန်ရတာကားကျပ်တာနဲ့ အဆင်မပြေဘူး။ ဆိုတော့ ကျွန်တော့် စိတ်ကူးထဲကနေ ငါသာ အဲဒီလိုကားစီးလိုက်ရင်  အေးဆေးပဲလို့၊ အိပ်ချင်တဲ့နေရာ အိပ်လိုက်လို့ရပြီ၊ သွားချင်တဲ့နေ ရာ သွားလိုက်လို့ရတယ်။ အရမ်း ပျော်ဖို့ကောင်းမှာပဲ။

ဒီကားနဲ့ အသွားချင်ဆုံး၊ အမောင်းချင်ဆုံးနေရာရှိရင်လည်း ပြောပြ ပေးပါဦး။

အမှန်တိုင်းပြောရရင် ကျွန် တော်က ကားမောင်းပျင်းတယ်။ ဘေးက လိုက်စီးရတာကို ပိုပျော်တယ်။ တကယ်လို့ ဒီကားလေးနဲ့အဲဒီလို စီးရမယ် သွားရမယ်ဆိုရင်တော့ မေမြို့တို့၊ တောင်ကြီးတို့ အေးတဲ့ ဒေသဘက်တွေ သွား ချင်တယ်။

ကားမောင်းတဲ့ သူတွေအတွက် လည်း အကြံပြုစကား ပြောပေးပါ ဦး။

အခု ကျွန်တော် သိသ လောက်ကတော့ မြန်မာနိုင်ငံမှာ ကားသမားတွေက အရမ်းဒေါသ ကြီးကြတယ်။ တစ်ယောက်နဲ့တစ် ယောက် အရမ်းနားလည်ပေးမှု တွေ လိုအပ်မယ်လို့ ထင်တယ်ဗျ။ဖြစ်နိုင်ရင်တော့ ဒေါသဆိုတာ ကားမောင်းမှ မဟုတ်ဘူး။ ဘယ်နေရာမှာမဆို ဒေါသပါရင် မကောင်းဘူး။ ဒေါသလေးတွေကိုထိန်းစေချင်တယ်။ ဒေါသမထွက် စေချင်ဘူး။ တချို့ဆိုလည်း အလျင်လိုပြီး အမြန်မောင်းတာတွေရှိတယ်။ အဲဒီလိုမျိုးတွေလည်း မဖြစ်စေချင်ဘူး ။ အခုဆိုရင် တစ် ခုခုဆို အွန်လိုင်းတွေမှာလည်း မြင်နေရ ကြားနေရတယ်။ ကားတွေစည်းမရှိ၊ ကမ်းမရှိနဲ့ လမ်းပြောင်းပြန်မောင်းတာတို့၊ တစ်စီးနဲ့ တစ်စီးကျော်တက်တာတို့၊ ပြိုင်မောင်း တာတို့ အဲဒီလိုမျိုးတွေလည်း မဖြစ်စေချင်ဘူး။ အဓိကကတော့ စည်းနဲ့ ကမ်းနဲ့ မောင်းမယ်။ တစ်ဦးနဲ့တစ်ဦး စာနာမှု၊ နားလည်မှုထားပြီးမောင်းမယ် သဘောထားကြီး ပြီးတော့ ဒေါသတွေ မထွက်ဘူးဆိုရင် နောက်ပိုင်း ယာဉ်အန္တရာယ် ဖြစ်မှုတွေ လျော့ပါးလာမယ်လို ထင်ပါတယ်။

ကျေးဇူးတင်ပါတယ်။       ။

 

_ဖြူဖွေးသန့်

logo