Menu

You are here

အျမန္လမ္းတြင္ မႏၲလာမင္းခရီးသည္တင္ယာဥ္တိမ္းေမွာက္ ခုနစ္ဦး ေသဆံုး၊ ၃၀ ေက်ာ္ ဒဏ္ရာရ

ရန္ကုန္-မႏၲေလးအ ျမန္လမ္းအတိုင္း ေမာင္းႏွင္လာ သည့္ မႏၲလာမင္းခရီးသည္တင္ ယာဥ္သည္ မိုင္တိုင္ (၉၁) အ ေရာက္တြင္ အရွိန္လြန္တိမ္း ေမွာက္ခဲ့သျဖင့္ လူခုနစ္ဦး ေသ ဆံုးကာ ၃၀ ေက်ာ္ ဒဏ္ရာရခဲ့ေၾကာင္းသတင္းရရွိသည္။
 
ေနျပည္ေတာ္မွ ရန္ကုန္သို႔ ဒီဇင္ဘာ ၂၂ ရက္ ညေန ၄ နာရီ တြင္ ခရီးသည္ ၄၅ ဦးတင္ေဆာင္ ကာ ထြက္ခြာလာသည့္ မႏၲလာ မင္းခရီးသည္တင္ယာဥ္သည္ မိုင္ တိုင္ ၉၁ ၊ ၅ ဖာလံုအနီးသို႔ အ ေရာက္၌ အရွိန္လြန္ကာ လမ္း ၏ ညာဘက္ ေခ်ာက္အတြင္းသို႔ ထိုးက် တိမ္းေမွာက္ခဲ့ေၾကာင္း အျမန္လမ္းရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္ဦးကဆိုသည္။
 
‘‘ကားက တံတားေအာက္ကို ထိုးက်သြားတာ။ ဒဏ္ရာရတဲ့သူ ေတြထဲမွာ ထပ္ေသဆံုးမႈရွိလား၊ စိုးရိမ္ရတဲ့သူေတြရွိလား၊ မရွိဘူး လားဆိုတာကိုေတာ့ ကြၽန္ေတာ္ တို႔မသိေသးဘူး။ အခုကြၽန္ေတာ္ တို႔က အခင္းျဖစ္တဲ့ေနရာမွာပဲ ရွိ ေသးတယ္။ လူနာေတြကေတာ့ ေဆး႐ံုမွာ စာရင္းမျပဳစုရေသး ဘူး။ အခု ခုနစ္ေယာက္ေသသြား ၿပီ’’ဟု ၿမိဳ႕ေခ်ာင္း အျမန္လမ္း ရဲစခန္းမွ ရဲအရာရွိတစ္ဦးက ဆို သည္။
 
မႏၲလာမင္း ခရီးသည္တင္ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေမာင္းႏွင့္ ယာဥ္အကူမယ္ အပါအ၀င္ ယာဥ္ေပၚတြင္ လိုက္ ပါလာသူ အမ်ိဳးသားေလးဦးႏွင့္ အမ်ိဳးသမီး သံုးဦးေသဆံုးခဲ့ၿပီး ဒဏ္ရာရရွိသူမ်ားကို ၿမိဳ႕ေခ်ာင္း တိုက္နယ္ ေဆး႐ံုသို႔ တင္ပို႔ကုသေပးထားေၾကာင္း​ ၎က ရွင္းျပသည္။
 
ယင္းခရီးသည္တင္ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေပၚတြင္ လိုက္ပါလာသည့္ ခရီးသည္ အမ်ိဳးသား ၂၁ ဦး၊ အမ်ိဳးသမီး ၁၅ ဦးဒဏ္ရာရရွိခဲ့ၿပီး ၎တို႔ထဲမွ ခရီးသည္ဆရာ၀န္ ႏွစ္ဦးကို ရန္ကုန္ျပည္သူ႔ေဆး႐ံုႀကီးသို႔ လႊဲေျပာင္းေပးခဲ့ေၾကာင္း ျဖဴးၾကက္ေျခနီ စခန္းမွ တာ၀န္ရွိသူတစ္ဦးဆိုသည္။
 
‘‘ဒဏ္ရာ ရတဲ့သူေတြက ေတာ့ စိုးရိမ္ရတဲ့လူနာ ပါလား၊ မ ပါဘူးလားဆိုတာ မသိေသးဘူး။ ဆရာ၀န္ႏွစ္ေယာက္ကိုေတာ့ ရန္ကုန္ပို႔လိုက္ၿပီ။ က်န္တဲ့ သူေတြကိုေတာ့ ကုေနတုန္းပဲ’’ဟု ၎ကဆိုသည္။
 
အဆိုပါ မႏၲလာမင္း ခရီးသည္တင္ယာဥ္သည္ အရွိန္လြန္တိမ္းေမွာက္ခဲ့ကာ ယာဥ္တိမ္းေမွာက္စဥ္ ခရီးသည္အမ်ားအျပား ယာဥ္အတြင္း ပိတ္မိေနသျဖင့္ မွန္မ်ားခြဲကာ ကယ္တင္ခဲ့ရေၾကာင္း အခင္းျဖစ္ေနရာသို႔ သြားေရာက္ကယ္တင္ခဲ့သည့္ အျမန္လမ္းရဲတပ္ဖြဲ႕၀င္တစ္ဦးကဆိုသည္။
 
 
Unicode
 
အမြန်လမ်းတွင် မန္တလာမင်းခရီးသည်တင်ယာဉ်တိမ်းမှောက် ခုနစ်ဦး သေဆုံး၊ ၃၀ ကျော် ဒဏ်ရာရ
 
ရန်ကုန်-မန္တလေးအ မြန်လမ်းအတိုင်း မောင်းနှင်လာ သည့် မန္တလာမင်းခရီးသည်တင် ယာဉ်သည် မိုင်တိုင် (၉၁) အ ရောက်တွင် အရှိန်လွန်တိမ်း မှောက်ခဲ့သဖြင့် လူခုနစ်ဦး သေ ဆုံးကာ ၃၀ ကျော် ဒဏ်ရာရခဲ့ကြောင်းသတင်းရရှိသည်။
 
နေပြည်တော်မှ ရန်ကုန်သို့ ဒီဇင်ဘာ ၂၂ ရက် ညနေ ၄ နာရီ တွင် ခရီးသည် ၄၅ ဦးတင်ဆောင် ကာ ထွက်ခွာလာသည့် မန္တလာ မင်းခရီးသည်တင်ယာဉ်သည် မိုင် တိုင် ၉၁ ၊ ၅ ဖာလုံအနီးသို့ အ ရောက်၌ အရှိန်လွန်ကာ လမ်း ၏ ညာဘက် ချောက်အတွင်းသို့ ထိုးကျ တိမ်းမှောက်ခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကဆိုသည်။
 
‘‘ကားက တံတားအောက်ကို ထိုးကျသွားတာ။ ဒဏ်ရာရတဲ့သူ တွေထဲမှာ ထပ်သေဆုံးမှုရှိလား၊ စိုးရိမ်ရတဲ့သူတွေရှိလား၊ မရှိဘူး လားဆိုတာကိုတော့ ကျွန်တော် တို့မသိသေးဘူး။ အခုကျွန်တော် တို့က အခင်းဖြစ်တဲ့နေရာမှာပဲ ရှိ သေးတယ်။ လူနာတွေကတော့ ဆေးရုံမှာ စာရင်းမပြုစုရသေး ဘူး။ အခု ခုနစ်ယောက်သေသွား ပြီ’’ဟု မြို့ချောင်း အမြန်လမ်း ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆို သည်။
 
မန္တလာမင်း ခရီးသည်တင်ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းနှင့် ယာဉ်အကူမယ် အပါအဝင် ယာဉ်ပေါ်တွင် လိုက် ပါလာသူ အမျိုးသားလေးဦးနှင့် အမျိုးသမီး သုံးဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများကို မြို့ချောင်း တိုက်နယ် ဆေးရုံသို့ တင်ပို့ကုသပေးထားကြောင်း​ ၎င်းက ရှင်းပြသည်။
 
ယင်းခရီးသည်တင်ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် အမျိုးသား ၂၁ ဦး၊ အမျိုးသမီး ၁၅ ဦးဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ထဲမှ ခရီးသည်ဆရာဝန် နှစ်ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့ကြောင်း ဖြူးကြက်ခြေနီ စခန်းမှ တာဝန်ရှိသူတစ်ဦးဆိုသည်။
 
‘‘ဒဏ်ရာ ရတဲ့သူတွေက တော့ စိုးရိမ်ရတဲ့လူနာ ပါလား၊ မ ပါဘူးလားဆိုတာ မသိသေးဘူး။ ဆရာဝန်နှစ်ယောက်ကိုတော့ ရန်ကုန်ပို့လိုက်ပြီ။ ကျန်တဲ့ သူတွေကိုတော့ ကုနေတုန်းပဲ’’ဟု ၎င်းကဆိုသည်။
 
အဆိုပါ မန္တလာမင်း ခရီးသည်တင်ယာဉ်သည် အရှိန်လွန်တိမ်းမှောက်ခဲ့ကာ ယာဉ်တိမ်းမှောက်စဉ် ခရီးသည်အများအပြား ယာဉ်အတွင်း ပိတ်မိနေသဖြင့် မှန်များခွဲကာ ကယ်တင်ခဲ့ရကြောင်း အခင်းဖြစ်နေရာသို့ သွားရောက်ကယ်တင်ခဲ့သည့် အမြန်လမ်းရဲတပ်ဖွဲ့ဝင်တစ်ဦးကဆိုသည်။
 
 

logo