Menu

You are here

၁၀ မိနစ်အပြတ် ကားမောင်းသင်တန်း

အမြန်ဆုံး ကားမောင်းတတ် ရန်ကြိုးစားနေသော ဇော်ဇော်သည် ကားမောင်းသင်တန်းကျောင်းများကို လှည့်ပတ်စုံစမ်းနေသည်။ ထိုစဉ် သတင်းစာထဲမှ ကားမောင်းသင်တန်းကျောင်း တစ်ခု၏ ကြော်ငြာကို သူဖတ်လိုက်ရ၏။

‘‘မည်သူမဆို ၁၀ မိနစ်အတွင်း ကားမောင်းတတ်စေရန် သင်ပေးမည်’’

အလွန်စိတ်ဝင်စားသွားသော ဇော်ဇော်က ချက်ချင်းပင် ကြော်ငြာထဲက ကျောင်း၏ ဖုန်းကိုခေါ်ပြီး မေး၏။

‘‘ဘယ်လိုများ ၁၀ မိနစ်အတွင်း ကားမောင်းတတ်အောင် သင်မှာလဲခင်ဗျာ။ ခင်ဗျားတို့ဟာ ဖြစ်နိုင်ပါ့မလား’’

သင်တန်းကျောင်းစာရေးက သူ့အမေးကို ယခုလို ပြန်ဖြေပါသည်။

‘‘သိပ်ဖြစ်နိုင်တာပေါ့ဗျာ။ မောင်းသူတိုင်း ၁၀ မိနစ်အတွင်း ကို လက်တွေ့တတ်သွားကြတာပဲ။  ကားတိုက်နည်းလေ’’

logo