Menu

You are here

Mitsubishi RVR

ပြည်တွင်း ဈေးကွက်ထဲမှာ လူကြိုက်များတဲ့ ကားတစ်စီး ဖြစ်ပြီး ဘက်စုံသုံးအိမ်စီးကားဖြစ်တဲ့ မစ်ဆူဘီရှီ RVR ကို 7Day Cars ပရိသတ်တွေအတွက် ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

အိမ်စီးကား၊ အတွင်းခန်းကျယ်ကျယ်၊ အရွယ်အစားလည်း သိပ်မကြီးဘဲ ဆီစားနှုန်းသက်သာတဲ့ ကားလတ်အရွယ်ကို လိုချင်တယ်ဆိုရင်တော့ မစ်ဆူဘီရှီ RVR ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ၁၉၉၁ က စတင်ထုတ်လုပ်တဲ့ RVR ကို မျိုးဆက်သုံးမျိုးခွဲခြား ထုတ်လုပ်ခဲ့ပါတယ်။

ပထမမျိုးဆက်ကို ၁၉၉၁ မှ ၁၉၉၇ အထိ၊ ဒုတိယမျိုးဆက်ကို ၁၉၉၇ မှ ၂၀၀၀ အထိ ထုတ်လုပ်ခဲ့ပြီး ထုတ်လုပ်မှု ရပ်နားခဲ့ပါတယ်။ တတိယမျိုးဆက်ကို ၂၀၁၀ ရောက်မှ ပြန်လည်ထုတ်လုပ်ခဲ့ပြီး အခုအချိန်ထိ ထုတ်လုပ်နေဆဲဖြစ်ပါတယ်။

၂၀၁၀ မှာ ပြန်လည်ထုတ်လုပ်လာတဲ့ RVR ကို ပုံစံဒီဇိုင်း ပြောင်းလဲထုတ်လုပ်ခဲ့ပါတယ်။ အတွင်းခန်းအရွယ်အစားကိုရော ကားကိုယ်ထည်အရွယ်အစားကိုပါ အရင်က မျိုးဆက်တွေထက်ပိုပြီး ကြီးမားအောင်ထုတ်လုပ်လာတာကို တွေ့ရပါတယ်။

ကားရဲ့ ပုံစံဒီဇိုင်းကိုလည်း လူကြီးရောလူငယ်တွေပါ အကြိုက်တွေ့စေနိုင်မယ့် ဒီဇိုင်းတစ်ခုနဲ့ ဈေးကွက်ထဲကို ထိုးဖောက်ဝင်ရောက်လာတဲ့ မစ်ဆူဘီရှီရဲ့ ဆန်းသစ်မှုကိုလည်း RVR မှာ တွေ့မြင်နိုင်ပါတယ်။ 2010 RVR ရဲ့ ဂရိတ်တွေကို ခွဲခြားမယ်ဆိုရင်တော့ E,M,G ဂရိတ်တွေနဲ့ Base Editionဆိုပြီး တွေ့နိုင်ပါတယ်။

E ဂရိတ်နဲ့ Base Edition တို့က ကွာခြားချက်သိပ်မရှိဘဲ အခြေခံဂရိတ်တွေဖြစ်လို့ ပါဝင်ပစ္စည်းနည်းသလို ဈေးလည်းသက်သာတဲ့ ဂရိတ်တွေလည်း ဖြစ်ပါတယ်။ G ဂရိတ်ကတော့ RVR ထဲမှာ အမြင့်ဆုံးဂရိတ်ဖြစ်ပြီး ၂၀၁၁ မှာ Roadest G ဆိုပြီး ထပ်တိုးဂရိတ်တစ်ခုကိုလည်း ထုတ်လုပ်ပါတယ်။

RVR ရဲ့ အမြင့်ဆုံးဂရိတ်ဖြစ်တဲ့အတွက် အတွင်းခန်းတပ်ဆင် ထုတ်လုပ်မှုပြည့်စုံပြီး ဒစ်ဂျစ်တယ်အဲကွန်း၊ ထိုင်ခုံ Leather, Push Start, Power Window, 6 Speaker, DVD/CD Player, Touch Screen LCD ပါဝင်ပါတယ်။ နည်းပညာပိုင်းမှာလည်း Cruise Control, Front Fog Light, Xenon Head Light စတာတွေပါဝင်ပါတယ်။

M ဂရိတ်ကတော့ အလတ်စားဂရိတ်ဖြစ်လို့ G ဂရိတ်ရဲ့ အစိတ်အပိုင်းတချို့ တပ်ဆင်ပါဝင်ပြီး ကျန်တဲ့အစိတ်အပိုင်းတွေကတော့ ဝယ်သူစိတ်ကြိုက်တပ်ဆင်နိုင်မယ့် Optional အဖြစ် ထုတ်လုပ်ပါတယ်။ E ဂရိတ်က အနိမ့်ဆုံးဂရိတ်ဖြစ်လို့ G နဲ့ M ဂရိတ်တွေလို အပြည့်အစုံပါဝင်တာ Optional လုပ်လို့မရတာတွေလည်း ရှိပါတယ်။

အဓိကမပါဝင်တော့တဲ့ အ စိတ်အပိုင်းတွေထဲမှာ Push Startမဖြစ်တာနဲ့ Original TV မဖြစ်တာတွေကိုလည်း တွေ့ရပါတယ်။

SUV ကိုယ်ထည်အမျိုးအ စား RVR ကို 2WD နဲ့ 4WD နှစ်မျိုး ထုတ်လုပ်ပါတယ်။ 2010 RVR ရဲ့ အဓိကရုပ်ပိုင်းပြောင်းလဲသွား တာက ရှေ့ရှဲလ် လေးထောင့်ဆန် ဆန် အကွက်ကျယ်ဖြစ်ပြီး နောက် မီးခွက်တွေရဲ့ စက်ရုပ်မျက်လုံး ပုံသဏ္ဌာန်တွေကို လူကြိုက်များစေခဲ့ပါတယ်။၂၀၁၁ မှာထုတ်လုပ်တဲ့ Roadest G နဲ့ Roadest M ဂရိတ် တွေကိုတော့ ရှေ့ရှဲလ်ပုံစံပြောင်း လဲထုတ်လုပ်လိုက်ကြပြီး ဘန်ဘာ မှာ LED မီးတန်းတွေ တပ်ဆင် ထုတ်လုပ်လာပါတယ်။ ၂၀၁၂ နှစ်ကုန်ပိုင်းမှာ ထုတ်လုပ်တဲ့ ရှေ့ ရှဲလ်ပုံပြောင်းကို ၂၀၁၃ ပုံပြောင်း လို့ လူသိများကြပါတယ်။

မစ်ဆူဘီရှီ RVR 2010 ကို ဂျပန်ကဝယ်ယူတင်သွင်းပြီး အ မည်ပေါက်လိုင်စင်လျှောက်မယ် ဆိုရင် ကျပ်သိန်း ၂၃၀ ခန့်ကနေ ကျပ်သိန်း ၂၆၀ ကြား၊ ၂၀၁၁ မော်ဒယ်ကို ကျပ်သိန်း ၂၄၀ က နေ ကျပ်သိန်း ၂၉၀ ကြား၊ ၂၀၁၂ မော်ဒယ်ကို ကျပ်သိန်း ၂၅၀ ကနေကျပ်သိန်း ၃၀၀ ကြား၊ ၂၀၁၃ မော်ဒယ်ကို ကျပ်သိန်း ၂၆၀ ကနေ ကျပ်သိန်း ၃၂၀ ကြား ပေါက်ဈေး တွေနဲ့ ဝယ်ယူနိုင်ပါတယ်။

—အောင်ဖြိုးမွန်

logo