Menu

You are here

Volvo V60 2017

7Day Cars ရဲ႕ အယ္ဒီတာ အႀကိဳက္အျဖစ္ ေရြးခ်ယ္ေဖာ္ျပေပးခ်င္တဲ့ ကားကေတာ့ Volvo V60 2017 အေၾကာင္းကို ေဖာ္ျပေပးမွာျဖစ္ပါတယ္။
 
မိသားစုစီးကားတစ္စီးျဖစ္ၿပီး ခရိးၾကမ္းေမာင္းႏွင္မႈအတြက္ပါ အေထာက္အကူျပဳမယ့္ကားတစ္စီး ျဖစ္ပါတယ္။ ခရီးႀကမ္းေမာင္းႏွင္မႈ စြမ္းေဆာင္ရည္မွာ Vovlo က လက္ရွိထုတ္လုပ္ေနတဲ့ Wagon ေတြထဲမွာ အေကာင္းဆံုး ျဖစ္လာပါတယ္။
 
ဒါေပမယ့္ ရုပ္ထြက္နဲ႔ နည္းပညာအဆင့္ျမွင့္မႈအပိုင္းမွာေတာ့ ဒီေလာက္သိသေလာက္ေအာင္ ေျပာင္းလဲမလာေသးပါဘူး။ မိသားစုသုံးဖုိ ့ ကားတစ္စီးေတာ့ လုိခ်င္ေနေပမယ့္ ဆီဒင္လို ၿမိဳ႕တြင္းသံုး ေမာ္ဒယ္လည္း မလုိခ်င္ဘူးဆိုရင္ Crossover လို လမ္းၾကမ္းၿမိဳ ႔တြင္း အဆင္ေျပမယ္ ဆီစားမ်ားတဲ့ ေမာ္ဒယ္မ်ိဳးလည္း မလိုဘူး ဆိုတဲ့အေျခအေနမ်ိဳးမွာ ေရြးခ်ယ္ရခက္ေနရင္ ဒီကားကုိ ညႊန္ေပးခ်င္ပါတယ္။
 
ဒီကားမ်ိဳးက မိသားစုသံုးအတြက္ အသင့္ေတာ္ဆံုးျဖစ္မယ့္ ေမာ္ဒယ္ပါပဲ။ ဒီေနရာမွာ ေမာ္ဒယ္က ဆီစားႏႈန္းလည္းသင့္သလို လမ္းၾကမ္းပိုင္းစြမ္းေဆာင္ရည္၊ ခရီးေ၀းေမာင္းႏွင္ႏုိင္မႈ စိတ္ႀကိဳက္ ျဖစ္ေစမယ့္ အေနအထားပါ။
 
အထူးသျဖင့္ေတာ့ ေရွ႕ဘက္ခန္းက နာမည္ေက်ာ္ဇိမ္ခံေမာ္ဒယ္ေတြရဲ႕ ဒီဇိုင္း၊ ဖန္တီးမႈ အားလံုးထက္ သာပါတယ္။ အခန္းအက်ယ္အ၀န္း၊ ထုိင္ခံုဒီဇိုင္း၊ သက္ေသာင့္သက္သာရွိမႈ၊ ေျခေထာက္အတြက္ ေနရာ က်ယ္၀န္းမႈ၊ ခလုတ္အထိုင္အားလံုးက စိတ္ႀကိဳက္ျဖစ္စရာပါ။
 
ကုိုယ္ထည္က သင့္ေတာ္တဲ့ အရြယ္အစားျဖစ္ေအာင္ထုတ္ထားတယ္ဆုိေပမယ့္ ေနာက္ဘက္၀န္တင္ခန္းနဲ႔ အေရွ႕ဘက္ ယာဥ္ေမာင္းအခန္းကို ဦးစားေပးထားတာေၾကာင့္ ေနာက္ဘက္ခရီးသည္ခန္းကေတာ့ နည္းနည္းေလး က်ဥ္းသြားပါတယ္။
 
ခန္ ့မွန္းမိသေလာက္ကေတာ့ Volvo က မိသားစုသံုးေမာ္ဒယ္မွာ ေနာက္ဘက္ခန္းကို ကေလးေတြအတြက္ ရည္ရြယ္ထားပုံရပါတယ္။ ဒါ့ေၾကာင့္ ေနာက္ဘက္ခရီးသည္ခန္းက အရြယ္ေရာက္ခရီးသည္ေတြအတြက္ေတာ့ နည္းနည္းက်ဥ္းသြားေစပါတယ္။
 
ဇိမ္ခံေမာ္ဒယ္အျဖစ္ပါသံုးႏုိင္ေအာင္ ဖန္တီးထားတာမွန္ေပမယ့္ တကယ္တမ္း ဇိမ္ခံေမာ္ဒယ္ေတြေလာက္ေတာ့ စီးနင္းရတာအဆင္မေျပခ်င္ပါဘူး။ ေနာက္ဆံုးေျပာခ်င္တဲ့ တစ္ခ်က္ကေတာ့ လက္ကိုင္ပိုင္းျဖစ္ၿပီး ကိုယ္ထည္ တည္ေဆာက္မႈ သေဘာအရ လမ္းၾကမ္းပိုင္း စိတ္ႀကိဳက္ေမာင္းႏွင္ႏုိင္မယ့္ လက္ကုိုင္ပိုင္း ကိုင္တြယ္ ေမာင္းႏွင္ရမႈမွာ မိမိကိုယ္ကို ယံုၾကည္စိတ္ နည္းေနေစသလိုပါ။
 
အခုႏွစ္ေမာ္ဒယ္မွာ ကုိ္ယ္ထည္၊ ရုပ္ထြက္၊ အတြင္းခန္း၊ ေနာက္ျခမ္းဘာမွ သိသာတဲ့ ေျပာင္းလဲမႈ မေတြ႔ရပါဘူး။ အင္ဂ်င္ပိုင္းမွာေတာ့ အရင္ႏွစ္က ထုတ္လုပ္ခဲ့တဲ့ ၅ လံုးထိုး အင္ဂ်င္ေနရာကို ေလးလံုးထိုး Turbocharged စနစ္နဲ႔ အင္ဂ်င္အစားထုိးထုတ္လုပ္လာပါတယ္။
 
အင္ဂ်င္အသစ္က ဆီစားႏႈန္း ပိုသက္သာလာတာကလြဲရင္ စြမ္းေဆာင္ရည္ပိုင္းေတာ့ ထူးျခားမလာပါဘူး။ အခုႏွစ္ထုတ္လုပ္မႈမွာ ဥေရာပေစ်းကြက္အတြင္း လူႀကိဳက္မ်ားတဲ့ ဂီယာခ်က္ ၈ ခ်က္သံုး Auto စနစ္နဲ႔ ရႏိုင္လာပါတယ္။
 
၁၈ လက္မအရြယ္ ဘီးေတြတပ္ဆင္ထားတယ္။ ေနာက္ဘက္ ပါကင္အာရံုခံစနစ္ပါရွိၿပီး ကိုယ္ထည္န႔ဲ ေနာက္ဘက္ တစ္ေပအကြာမွာ စတင္အခ်က္ျပ သတိေပးမယ္။ Sunroof ပါရွိၿပီး ဖြင့္ႏုိင္၊ ပိတ္ႏုိင္မယ္။ ေနာက္ဘက္ မွန္ျပတင္းတံခါးေတြ အားလံုးက အတြင္းကိုမျမင္ရေအာင္ ဖန္တီးထားတယ္။
 
ေရွ႕ဖက္ ထိုင္ခံုကို အေနအထား ၈ မ်ိဳးထိေအာင္ အလိုအေလ်ာက္ ေျပာင္းလဲအသံုးျပဳႏုိင္မယ္။ ေနာက္ဖက္ ထုိင္ခံုတန္းအမွီကို အလိုအေလ်ာက္စနစ္နဲ႔ အတင္၊ အခ်လုပ္ႏုိင္ၿပီး တေျပးညီကုတင္ပံုစံထိေအာင္ ခ်လိုက္ႏုိင္မယ္။
 
ေရွ႕ဖက္ခန္းန႔ဲ႔ ေနာက္ဖက္ခန္းကို တကယ္လို႔ ကာထားခ်င္တယ္ဆိုရင္ ကာထားႏုိင္ေအာင္ ဖန္တီးထားၿပီး အဆိုပါ အကာကို သိမ္းထားခ်င္ရင္လည္း ၾကမ္းခင္းထဲမွာ အလြယ္တကူ သိမ္းႏုိင္ေအာင္ ဖန္တီးထားတာေတြ႔ရပါတယ္။
 
ေမာ္ဒယ္မွာ တပ္ဆင္ထားတဲ့ အင္ဂ်င္စနစ္က ၂.၀ လီတာသံုး Turbocharged စနစ္သံုး ပံုမွန္ ေလးလံုးထိုး အင္ဂ်င္ျဖစ္ၿပီးေတာ့ သူကရုန္းအား ၂၅၈ ေပါင္-ေပမွာ ျမင္းေကာင္ေရ ၂၄၀ အား ထြက္ရွိပါတယ္။ ရုန္းအားနဲ႔ စြမ္းအားဟန္ခ်က္ညီေနမႈက ေတာင္တက္လမ္းနဲ႔ လမ္းၾကမ္းပိုင္းမွာ အဆင္ေျပေစမွာျဖစ္ၿပီး ၀န္တင္ေဆာင္ ႏုိင္မႈလည္း ပိုလာေစပါလိမ့္မယ္။
 
ျပည္တြင္းေစ်းကြက္ထဲမွာေတာ့ ေတြ႔နည္းပါၿပီး မွာယူမယ္ဆိုရင္ေတာ့ ဥေရာပေစ်းကြက္ထဲကေနတဆင့္မွာယူ ႏိုင္မွာျဖစ္ပါတယ္။
 
Credit : JPM Auto
 
Unicode
 
Volvo V60 2017
 
7Day Cars ရဲ့ အယ်ဒီတာ အကြိုက်အဖြစ် ရွေးချယ်ဖော်ပြပေးချင်တဲ့ ကားကတော့ Volvo V60 2017 အကြောင်းကို ဖော်ပြပေးမှာဖြစ်ပါတယ်။
 
မိသားစုစီးကားတစ်စီးဖြစ်ပြီး ခရိးကြမ်းမောင်းနှင်မှုအတွက်ပါ အထောက်အကူပြုမယ့်ကားတစ်စီး ဖြစ်ပါတယ်။ ခရီးကြမ်းမောင်းနှင်မှု စွမ်းဆောင်ရည်မှာ Vovlo က လက်ရှိထုတ်လုပ်နေတဲ့ Wagon တွေထဲမှာ အကောင်းဆုံး ဖြစ်လာပါတယ်။
 
ဒါပေမယ့် ရုပ်ထွက်နဲ့ နည်းပညာအဆင့်မြှင့်မှုအပိုင်းမှာတော့ ဒီလောက်သိသလောက်အောင် ပြောင်းလဲမလာသေးပါဘူး။ မိသားစုသုံးဖို ့ ကားတစ်စီးတော့ လိုချင်နေပေမယ့် ဆီဒင်လို မြို့တွင်းသုံး မော်ဒယ်လည်း မလိုချင်ဘူးဆိုရင် Crossover လို လမ်းကြမ်းမြို ့တွင်း အဆင်ပြေမယ် ဆီစားများတဲ့ မော်ဒယ်မျိုးလည်း မလိုဘူး ဆိုတဲ့အခြေအနေမျိုးမှာ ရွေးချယ်ရခက်နေရင် ဒီကားကို ညွှန်ပေးချင်ပါတယ်။
 
ဒီကားမျိုးက မိသားစုသုံးအတွက် အသင့်တော်ဆုံးဖြစ်မယ့် မော်ဒယ်ပါပဲ။ ဒီနေရာမှာ မော်ဒယ်က ဆီစားနှုန်းလည်းသင့်သလို လမ်းကြမ်းပိုင်းစွမ်းဆောင်ရည်၊ ခရီးဝေးမောင်းနှင်နိုင်မှု စိတ်ကြိုက် ဖြစ်စေမယ့် အနေအထားပါ။
 
အထူးသဖြင့်တော့ ရှေ့ဘက်ခန်းက နာမည်ကျော်ဇိမ်ခံမော်ဒယ်တွေရဲ့ ဒီဇိုင်း၊ ဖန်တီးမှု အားလုံးထက် သာပါတယ်။ အခန်းအကျယ်အဝန်း၊ ထိုင်ခုံဒီဇိုင်း၊ သက်သောင့်သက်သာရှိမှု၊ ခြေထောက်အတွက် နေရာ ကျယ်ဝန်းမှု၊ ခလုတ်အထိုင်အားလုံးက စိတ်ကြိုက်ဖြစ်စရာပါ။
 
ကိုုယ်ထည်က သင့်တော်တဲ့ အရွယ်အစားဖြစ်အောင်ထုတ်ထားတယ်ဆိုပေမယ့် နောက်ဘက်ဝန်တင်ခန်းနဲ့ အရှေ့ဘက် ယာဉ်မောင်းအခန်းကို ဦးစားပေးထားတာကြောင့် နောက်ဘက်ခရီးသည်ခန်းကတော့ နည်းနည်းလေး ကျဉ်းသွားပါတယ်။
 
ခန် ့မှန်းမိသလောက်ကတော့ Volvo က မိသားစုသုံးမော်ဒယ်မှာ နောက်ဘက်ခန်းကို ကလေးတွေအတွက် ရည်ရွယ်ထားပုံရပါတယ်။ ဒါ့ကြောင့် နောက်ဘက်ခရီးသည်ခန်းက အရွယ်ရောက်ခရီးသည်တွေအတွက်တော့ နည်းနည်းကျဉ်းသွားစေပါတယ်။
 
ဇိမ်ခံမော်ဒယ်အဖြစ်ပါသုံးနိုင်အောင် ဖန်တီးထားတာမှန်ပေမယ့် တကယ်တမ်း ဇိမ်ခံမော်ဒယ်တွေလောက်တော့ စီးနင်းရတာအဆင်မပြေချင်ပါဘူး။ နောက်ဆုံးပြောချင်တဲ့ တစ်ချက်ကတော့ လက်ကိုင်ပိုင်းဖြစ်ပြီး ကိုယ်ထည် တည်ဆောက်မှု သဘောအရ လမ်းကြမ်းပိုင်း စိတ်ကြိုက်မောင်းနှင်နိုင်မယ့် လက်ကိုုင်ပိုင်း ကိုင်တွယ် မောင်းနှင်ရမှုမှာ မိမိကိုယ်ကို ယုံကြည်စိတ် နည်းနေစေသလိုပါ။
 
အခုနှစ်မော်ဒယ်မှာ ကို်ယ်ထည်၊ ရုပ်ထွက်၊ အတွင်းခန်း၊ နောက်ခြမ်းဘာမှ သိသာတဲ့ ပြောင်းလဲမှု မတွေ့ရပါဘူး။ အင်ဂျင်ပိုင်းမှာတော့ အရင်နှစ်က ထုတ်လုပ်ခဲ့တဲ့ ၅ လုံးထိုး အင်ဂျင်နေရာကို လေးလုံးထိုး Turbocharged စနစ်နဲ့ အင်ဂျင်အစားထိုးထုတ်လုပ်လာပါတယ်။
 
အင်ဂျင်အသစ်က ဆီစားနှုန်း ပိုသက်သာလာတာကလွဲရင် စွမ်းဆောင်ရည်ပိုင်းတော့ ထူးခြားမလာပါဘူး။ အခုနှစ်ထုတ်လုပ်မှုမှာ ဥရောပစျေးကွက်အတွင်း လူကြိုက်များတဲ့ ဂီယာချက် ၈ ချက်သုံး Auto စနစ်နဲ့ ရနိုင်လာပါတယ်။
 
၁၈ လက်မအရွယ် ဘီးတွေတပ်ဆင်ထားတယ်။ နောက်ဘက် ပါကင်အာရုံခံစနစ်ပါရှိပြီး ကိုယ်ထည်နဲ့ နောက်ဘက် တစ်ပေအကွာမှာ စတင်အချက်ပြ သတိပေးမယ်။ Sunroof ပါရှိပြီး ဖွင့်နိုင်၊ ပိတ်နိုင်မယ်။ နောက်ဘက် မှန်ပြတင်းတံခါးတွေ အားလုံးက အတွင်းကိုမမြင်ရအောင် ဖန်တီးထားတယ်။
 
ရှေ့ဖက် ထိုင်ခုံကို အနေအထား ၈ မျိုးထိအောင် အလိုအလျောက် ပြောင်းလဲအသုံးပြုနိုင်မယ်။ နောက်ဖက် ထိုင်ခုံတန်းအမှီကို အလိုအလျောက်စနစ်နဲ့ အတင်၊ အချလုပ်နိုင်ပြီး တပြေးညီကုတင်ပုံစံထိအောင် ချလိုက်နိုင်မယ်။
 
ရှေ့ဖက်ခန်းနဲ့့ နောက်ဖက်ခန်းကို တကယ်လို့ ကာထားချင်တယ်ဆိုရင် ကာထားနိုင်အောင် ဖန်တီးထားပြီး အဆိုပါ အကာကို သိမ်းထားချင်ရင်လည်း ကြမ်းခင်းထဲမှာ အလွယ်တကူ သိမ်းနိုင်အောင် ဖန်တီးထားတာတွေ့ရပါတယ်။
 
မော်ဒယ်မှာ တပ်ဆင်ထားတဲ့ အင်ဂျင်စနစ်က ၂.၀ လီတာသုံး Turbocharged စနစ်သုံး ပုံမှန် လေးလုံးထိုး အင်ဂျင်ဖြစ်ပြီးတော့ သူကရုန်းအား ၂၅၈ ပေါင်-ပေမှာ မြင်းကောင်ရေ ၂၄၀ အား ထွက်ရှိပါတယ်။ ရုန်းအားနဲ့ စွမ်းအားဟန်ချက်ညီနေမှုက တောင်တက်လမ်းနဲ့ လမ်းကြမ်းပိုင်းမှာ အဆင်ပြေစေမှာဖြစ်ပြီး ဝန်တင်ဆောင် နိုင်မှုလည်း ပိုလာစေပါလိမ့်မယ်။
 
ပြည်တွင်းစျေးကွက်ထဲမှာတော့ တွေ့နည်းပါပြီး မှာယူမယ်ဆိုရင်တော့ ဥရောပစျေးကွက်ထဲကနေတဆင့်မှာယူ နိုင်မှာဖြစ်ပါတယ်။
 
Credit : JPM Auto

 

logo