Menu

You are here

ဘယ်လိုရပ်ရမလဲ

ကလေးထိန်းကျောင်းမှ ဆရာမလေး စုစုသည် ကလေးဆယ်ဦး ပွက်ပွက်ညံအောင် ငိုယိုအော်ဟစ် လိုက်ပါလာသော ကျောင်းကားကို မောင်းနှင်လာသည်။ လမ်းမကြီး တစ်လျှောက် မောင်းလာရင်း ကားရပ်ရန် နေရာလွတ်ကို စုစုရှာဖွေနေသည်။

သို့သော် ကလေးတွေက အာခေါင်ခြစ် အော်ဟစ်ငိုယိုနေကြ၍ စိတ်ရှုပ်ရှုပ်ဖြင့် ရပ်လိုက်ပါဆိုသော ဆိုင်းဘုတ်ကိုမမြင်ဘဲ ထိုနေရာကို ကျော်ဖြတ်မောင်းမိသွားသည်။

ထိုအခါ ဖြတ်မောင်းလာသော ကားတစ်စီးမှ အမျိုးသားတစ်ဦးက ကားပြတင်းမှ ခေါင်းပြူလာပြီး စုစုကို ဒေါသတကြီးအော်ပြောလိုက်သည်။

‘‘ဟေး.. အမျိုးသမီး။ ခင်ဗျား ဘယ်လိုရပ်ရမယ်ဆိုတာ မေ့နေပြီလား’’

ထိုအခါ ကလေးများကြောင့် စိတ်ရှုပ်နေသော စုစုကလည်း ဒေါသတကြီးဖြင့် ပြန်အော်လိုက်သည်က ‘‘အောင်မာ ဘာကိစ္စကြောင့် ဒီကလေးတွေကို ကျွန်မ ကလေးတွေလို့ ထင်ရတာလဲ။ ဒါတွေအားလုံး ကျွန်မမွေးတာ မဟုတ်ဘူးရှင့်’’

logo