7Day News ဂျာနယ်နှင့် 7Day Daily သတင်းစာတို့ကို ထုတ်ဝေဖြန့်ချီနေသည့် 7Day Media ၏ ခြေလှမ်းသစ်တစ်ခုအဖြစ် 7Day Cars ဝက်ဘ်ဆိုက်ကို ဖေဖော်ဝါရီ ၃ ရက်တွင် စတင်လွှင့်တင်လိုက်ပြီဖြစ်သည်။ မြန်မာနိုင်ငံက ကားဝါသနာအိုးများအတွက် ရည်ရွယ်လွှင့်တင်သည့် 7Day Cars ဝက်ဘ်ဆိုက်သည် ကားပိုင်ရှင်များအတွက်သာမဟုတ်ဘဲ ကားဝယ်ရန်စိတ်ကူးနေသူများ၊ အကြောင်းအမျိုးမျိုးနှင့် ကားအသုံးပြုသူများအားလုံးအတွက် အသုံးတည့်စေမည့် Brand အလိုက် ကားတစ်စီးချင်းစီ၏ မတူညီသော လုပ်ဆောင်ချက်များ၊ အားနည်းချက်အားသာချက်များအပေါ်သုံးသပ်ခြင်းများ၊ ကားနည်းပညာပိုင်း၊ ကားဈေးနှုန်းနှင့် အနုပညာရှင်အကြိုက်ကား၊ ကားဗဟုသုတ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းတို့အပါအဝင် ကားနှင့် ပတ်သက်သမျှ အချက်အလက်မျိုးစုံကို တင်ဆက်လျှက်ရှိသည်။