Menu

You are here

TOYOTA CROWN 2008

ပြည်တွင်းမှာ သတ်မှတ်ထားတဲ့ CIF တန်ဖိုးမြင့်တဲ့ ကားတစ်စီးဖြစ်ပေမယ့် ဇိမ်ခံကားတစ်စီးအဖြစ်ရော မိသားစုသုံး ကားတစ်စီးအဖြစ်ပါ လူကြိုက်များကြတဲ့ တိုယိုတာCrown အကြောင်းကို 7DayCars အယ်ဒီတာအကြိုက်အဖြစ် ရွေးချယ်ဖော်ပြပေးလိုက်ပါ တယ်။

တိုယိုတာ Crown ကို Royal Saloon, Majesta, Athlete ဆိုပြီး မော်ဒယ်နဲ့ Sub-Brand အောက်မှာထုတ်လုပ်ပါတယ်။

Royal Saloon နဲ့ Athlete ကိုတော့ Grade ခွဲတွေအဖြစ် Crown ဆိုတဲ့ Sub-Brand အောက်မှာ ထုတ်လုပ်ပါတယ်။ တိုယိုတာ Crown ကို ၁၉၈၈ ကစတင်ထုတ်လုပ်ပြီး ဂရိတ်ခွဲအမျိုးမျိုးဖြင့် ထုတ်လုပ်ပါတယ်။ Royal Saloon ဂရိတ်ကိုတော့ စတင်ထုတ်လုပ်ခဲ့ချိန်ကတည်းက ထုတ်လုပ်ပါတယ်။ Athlete ကိုတော့ ၁၉၉၀ ရောက်မှစတင်ထုတ်လုပ်ပါတယ်။

Toyota Crownရဲ့ ထုတ်လုပ်မှုမျိုးဆက်တွေကိုတော့ ၁၉၈၈ ကစပြီး ၁၉၉၂ နိုဝင်ဘာအထိကို ပထမမျိုးဆက်၊ ၁၉၉၃ အောက်တိုဘာမှ ၁၉၉၉ စက်တင်ဘာအထိကို ဒုတိယမျိုးဆက်၊ ၂၀၀၀ ဩဂုတ်မှ ၂၀၀၃ ဧပြီအထိကို တတိယမျိုးဆက်၊ ၂၀၀၄ ဒီဇင်ဘာမှ ၂၀၀၈ ဖေဖော်ဝါရီအထိကို စတုတ္ထမျိုးဆက်၊ ၂၀၁၀ ဖေဖော်ဝါရီမှ ၂၀၁၂ ဧပြီအထိကို ပဉ္စမမျိုးဆက်၊ ၂၀၁၂ ဒီဇင်ဘာမှ အခုထိကိုတော့ ဆဋ္ဌမမျိုးဆက်ဆိုပြီး ပုံပြောင်းမျိုးဆက် ခြောက်မျိုးအထိ ထုတ်လုပ်ပါတယ်။

ထုတ်လုပ်တဲ့မျိုးဆက်တွေကလည်း အရမ်းများပြီး ဂရိတ်နဲ့ ဂရိတ်ခွဲတွေကလည်း များလွန်း တဲ့အတွက် တိုယိုတာ Crown ကို ခွဲခြားသတ်မှတ်မယ်ဆိုရင် Chassis ID တွေနဲ့ ခွဲခြားရတာက ပိုပြီး ရှင်းနိုင်ပါတယ်။ ပြည်တွင်းမှာ တင်သွင်းနှုန်းအများဆုံးဖြစ်တဲ့ မော်ဒယ်တွေနဲ့  Chassis ID တွေကို ခွဲခြားဖော်ပြပေးသွားပါမယ်။

GRS-200

2WD အင်ဂျင်အရွယ်အစား ၂၅၀၀ စီစီ၊ ၂၀၀၈ မော်ဒယ်က စတင်ထုတ်လုပ်ပြီး No Navigation နဲ့ With Navigation ဆိုပြီး နှစ်မျိုးထုတ်လုပ်ပါတယ်။ အော် တိုဂီယာခြောက်ချက်ဖြင့် Royal Saloon နဲ့ Athlete ဂရိတ်နှစ်မျိုး ကို ထုတ်လုပ်ပါတယ်။

Athlete ဂရိတ်ကိုတော့ 2.5 Athlete တစ်မျိုးသာ ထုတ်လုပ်ပေမယ့် Royal Saloon မှာတော့ ရိုးရိုးဂရိတ်တစ်မျိုးကနေ ဂရိတ်ခွဲ အမျိုးအစားငါးမျိုးလောက်အထိ ခွဲခြားထုတ်လုပ်ပါတယ်။ အတွင်းခန်းဂရိတ်တပ်ဆင်ထုတ်လုပ်မှု အပေါ်မူတည်ပြီး ဂရိတ်တွေကွဲလွဲကြပေမယ့် GRS 200 Chassis ဖြင့် ထုတ်လုပ်တဲ့ ဂရိတ်တွေကို အနိမ့်ဆုံးဂရိတ်ခွဲကစပြီး အမြင့်ဆုံးအထိ ဝယ်သူစိတ်ကြိုက် (Optional)တပ်ဆင်အသုံးပြုနိုင် ပါတယ်။ အဲကွန်းတွေကတော့ အော်တိုလက်လှည့်ဖြစ်ပြီး ရှေ့တံခါးတွေက

တော့ ဂရိတ်ခွဲအား လုံးအတွက် ပါဝါဝင်းဒိုးဖြစ်ပါ တယ်။ နောက်ဝင်းဒိုးပါဝါဖြစ်၊ မဖြစ်ကတော့ ဂရိတ်အနိမ့်အမြင့် အပေါ်မူတည်ပြီး ကွဲလွဲချက်ရှိပါတယ်။

GRS 201

GRS 201 Chassis တွေ အားလုံးက 4WD တွေ ဖြစ်ကြပါတယ်။ ကျန်တဲ့ဂရိတ်ခွဲခြားပုံနဲ့ ကွဲလွဲလျက်ပုံစနဲ့ ဂရိတ်ခွဲအမည်တွေ အားလည်း GRS 200 ရဲ့ ဂရိတ် တွေနဲ့တူညီတာ တွေ့ရပါတယ်။ တစ်နည်းအားဖြင့် GRS 200 ကို 4WD အဖြစ် တပ်ဆင်ထုတ်လုပ်တဲ့ဂရိတ်တွေကို GRS 201 အဖြစ် ထုတ်လုပ်တယ်လို့ ဆိုရမှာပါ။

GRS 202

GRS 202 Chassis မှာတော့ Athlete ဂရိတ်မပါဝင်ပါဘူး။ အင်ဂျင်ကို 3.0 အင်ဂျင်တပ်ဆင် ထုတ်လုပ်ပြီး Base Grade နဲ့ G grade နှစ်မျိုးပဲရှိပါမယ်။ G grade အတွက် ဂရိတ်ခွဲတချို့လည်းရှိနေပါတယ်။ ဂရိတ်တွေကို ခွဲခြားမယ်ဆိုရင်တော့ Royal Saloon 3.0, Royal Saloon G (Dual Aircon), Royal Saloon G Ottoman Edition ဆိုပြီး သုံးမျိုးခွဲခြားတာ တွေ့ရပါတယ်။ ဒီဂရိတ်တွေရဲ့ အဓိကထူးခြားချက် ကတော့ အတွင်းခန်းနောက်ထိုင်ခုံအတွက် ရှေ့ခုံနောက် ကျောမှာ ခြေတင်ခုံပါဝင်တာဖြစ်ပါတယ်။

GRS 203

GRS 202 Chassis ကို 4WD နဲ့ ထုတ်လုပ် လိုက်တဲ့အခါ GRS 203 Chassis ဖြင့် ထုတ်လုပ်ပါတယ်။ Chassis အရ 4WD/2WD ကွဲလွဲချက်ကလွဲပြီး ဂရိတ်နဲ့ တပ်ဆင်ထုတ်လုပ်မှုတွေကတော့ တူညီပါတယ်။

GRS 204

Athlete ဂရိတ်တစ်မျိုးတည်းကို 3500cc အင်ဂျင်ကို တပ်ဆင်ထုတ်လုပ်ပါတယ်။ အတွင်းခန်း ဂရိတ်တွေကတော့ Royal Saloon G ဂရိတ်နဲ့တူညီပါတယ်။

အင်ဂျင်အရွယ်အစားအလိုက် ခွဲခြားသတ်မှတ်မယ်ဆိုရင်တော့ 2.5 ဆိုရင် Royal Saloon နဲ့ Athlete နှစ်မျိုးစလုံးရှိပါတယ်။ 3.0 ဆိုရင်တော့ G grade ကို ရနိုင်ပြီး Crown ထဲမှာ အမြင့်ဆုံးဂရိတ်တစ်ခုဖြစ်ပါတယ်။ နောက်တစ်ခု မှတ်သားစရာကတော့ 3.0 မှာ Athlete ဂရိတ်မရှိပါဘူး။ 3.5 မှာတော့ Royal Saloon မရှိ ဘဲ Athlete ဂရိတ်တစ်မျိုးသာရှိပါတယ်။ ပြည်တွင်းကားဈေးကွက် ပေါက်ဈေးအရ Toyota Crown 2008 မော်ဒယ်ဆိုရင် အပြီးအစီး ပေါက်ဈေး ကျပ်သိန်း ၄၃၀နဲ့ ၄၆၀ကြားရှိပါတယ်။       ။

logo