Menu

You are here

ချစ်သော မောင်သို့

မောင်ရေ ခရီးက ပြန်မရောက်လာခင် အသိပေးစရာ လေးရှိလို့ ဒီစာလေးရေးလိုက်တာပါကွယ်။ မေပေါ့ မနေ့က မေ့ကားနဲ့ အိမ်ထဲကိုကွေ့အဝင်မှာ ကားတိုက်မိလို့ မောင်ရေ။

ဟို.. အရမ်းကြီး စိတ်မပူသွားနဲ့နော်။ မေဘာမှကို မဖြစ်တာ။ တကယ်ပြောတာ။

ဖြစ်ပုံကတော့ မပြောချင်ပါဘူး မောင်ရယ်။ မြန်မာပလာဇာကို ရှော့ပင်းထွက်ရာကနေ ပြန်လာပြီး အိမ်ထဲကိုကွေ့ဝင်လိုက်တာ ဘရိတ်နဲ့ လီဗာကို မှားနင်းမိလို့လေ။ အရှိန်လွန်ပြီး ကားဂိုဒေါင်ကို ပြေးအောင်းပါလေရော။ ကားဂိုဒေါင်တော့ နည်းနည်းလေး ပျက်စီးသွားတယ်မောင်။ တော်သေးတာပေါ့။ အရှိန်မထိန်းနိုင်တဲ့ မေ့ကားက ဂိုဒေါင်ထဲက မောင့် ကားကြီးကို ဒုန်းခနဲ ဆောင့်တိုက်ပြီး ရပ်သွားလို့။ အဲဒီအတွက်တော့ မေစိတ်မကောင်းပါဘူး မောင်ရယ်။ ဒါပေမဲ့ မောင်က သဘောကောင်းပြီး ကြင်နာတတ်သူဆိုတာ ယုံကြည်ပြီးသား။ မောင့်ကားကြီး ပျက်စီးသွားလည်း မေ့ကို ခွင့်လွှတ်မှာပဲဆိုတာ သိပြီးသား။ ဟုတ်တယ်ဟုတ်။ မောင် ပြန်လာမယ့်ရက်ကို မျှော်နေရတာ မောလှပြီ မောင်ရေ။ ဒါပဲနော်။ အာဘွား။

မောင်ရဲ့အသည်းလေး မေ။

logo