Menu

You are here

Honda Clarity 2017

ဟြန္ဒါက ထုတ္လုပ္တဲ့ ကားေတြထဲက Honda Clarity Electric ကားအေၾကာင္းကို အခုတစ္ပတ္ရဲ႕ 7Day Cars အယ္ဒီတာအႀကိဳက္ အျဖစ္ေရြးခ်ယ္ေဖာ္ျပေပးလိုက္ပါတယ္။
 
၂၀၀၈ ခုႏွစ္ကေန ၂၀၁၄ ခုႏွစ္အထိ Honda FCX Clarity ဆိုၿပီး ထုတ္လုပ္ခဲ့တဲ့ ေမာ္ဒယ္ကို 2016 ခုနွစ္ကစ ၿပီး Honda Clarity Fuel Cell ဆိုၿပီး ေျပာင္းလဲထုတ္လုပ္ခဲ့ပါတယ္။
 
စတင္ထုတ္လုပ္ခ်ိန္ကစၿပီး Fuel Cell ကားအျဖစ္ထုတ္လုပ္ခဲ့တာျဖစ္ၿပီး 4-Door Sedan ကိုယ္ထည္အမ်ိဳးအ စားကားတစ္စီးျဖစ္ပါတယ္။ လွ်ပ္စစ္ကားေတြရဲ႕ ထုံးစံအတိုင္း အင္ဂ်င္အရြယ္အစားသတ္မွတ္ခ်က္နဲ႔ သတ္မွတ္ တာမ်ိဳးမဟုတ္ဘဲ Fuel Cell Power နဲ႔ သတ္မွတ္တာျဖစ္ပါတယ္။
 
Honda FCX Clarity ကို 100 KW ( ျမင္းေကာင္ေရ ၁၃၀ အား) ျဖစ္ၿပီး 2016 မွာ စတင္ထုတ္လုပ္တဲ့ Honda Clarity ကိုေတာ့ 130 KW (ျမင္းေကာင္ေရ ၁၇၀ အား) ျဖင့္ အဆင့္ျမင့္တင္ထုတ္လုပ္ထားတာေတြ႔ရပါတယ္။
 
သြားလာႏိုင္တဲ့ ခရီးအကြာအေ၀း အေနနဲ႔ ၃၆၆ မိုင္( ၅၈၉ ကီလိုမီတာ) အကြာအေ၀းအထိ တစ္ႀကိမ္အား အျပည့္သြင္းၿပီးတိုင္းသြားလာႏိုင္မွာျဖစ္ပါတယ္။ ဂီယာစနစ္ကိုေတာ့ Single Speed , Direct Drive စနစ္ျဖင့္ တပ္ဆင္ထုတ္လုပ္ထားတာျဖစ္ပါတယ္။
 
2016 Honda Clarity ကို Fuel Cell နဲ႔ Electric Plug-in Hybrid ဆိုၿပီးႏွစ္မ်ိဳးထုတ္လုပ္ထားတာေတြ႔ရပါတယ္။ ၂၀၁၆ Honda Clarity ရဲ႕ အဓိက အားသာခ်က္ကေတာ့ အရင္က ထုတ္လုပ္ခဲ့တဲ့ Honda FCX ထက္ပိုၿပီး ခရီး မိုင္ေ၀းေ၀းပိုသြားႏိုင္တာနဲ႔ ကားနည္းပညာပိုင္း ပိုျမင့္လာတာေတြပဲျဖစ္ပါတယ္။
 
2014 Honda FCX က ခရီးမိုင္ ၂၃၁ မိုင္သာ သြားလို႔ရႏိုင္ၿပီး 2016 Honda Clarity ကေတာ့ ခရီးမိုင္ ၃၆၆ မိုင္ အထိ သြားလာလို႔ရႏိုင္ပါတယ္။ ဒါအျပင္ အတြင္းခန္းအျပင္အဆင္ေတြကလည္း ေခတ္ေပၚကားတစ္စီးနဲ႔ ပိုၿပီး တူလာတာေတြ႔ရပါတယ္။ ထိုင္ခုံ၊ အဲကြန္း ၊ Dshboard ၊ တခါးအဖြင့္အပိ္တ္စနစ္ ၊ မီဒီယာပိုင္းစတဲ့ အတြင္းပိုင္း အျပင္အဆင္ေတြအားလုံးက ဆန္းသစ္တဲ့ဒီဇိုင္းေတြနဲ႔ေတြ႔ရၿပီး လွ်ပ္စစ္ဇိမ္ခံကားတစ္စီးအျဖစ္ေတြ႔ရပါတယ္။
 
ေနာက္တစ္ခ်က္ကေတာ့ လွ်ပ္စစ္ကားေတြမွာ အျမဲႀကဳံေတြ႔ရတတ္တဲ့ အဲကြန္းနဲ႔ လွ်ပ္စစ္အင္ဂ်င္ လိုက္ေလ်ာ ညီေထြမျဖစ္တာေတြကို သင္ခန္းစာယူၿပီး 2016 Honda Clarity ကို ေျပာင္းလဲျပင္ဆင္မႈေတြနဲ႔ ထုတ္လုပ္ လာတာေတြ႔ရပါတယ္။
 
ေမာင္းႏွင္မႈအပိုင္းမွာေတာ့ ၃၆၆ မိုင္အထိေမာင္းႏွင္ႏိုင္တဲ့ ခရီးမိုင္အကြာအေ၀းမွာ လိုအပ္သလို အလိုအေလ်ာက္ ခ်ိန္ညွိေပးမယ့္ Five Drive စနစ္ေတြေပါင္းစပ္ထုတ္လုပ္ထားတာျဖစ္ပါတယ္။
 
Plug-in Hybrid ကိုေတာ့ ဟိုက္ဒဂ်င္ဓာတ္ေငြ႔သုံး Fuel Cell ေလာင္စာအျပင္ ဘက္ထရီအပိုပါ၀င္ၿပီး ပုံမွန္ ဟိုက္ဘရစ္ကားေတြလို လိုအပ္ခ်ိန္မွာ ဟိုက္ဘရစ္ေမာ္တာနဲ႔ ေျပာင္းလဲေမာင္းႏွင္ႏိုင္မွာျဖစ္ပါတယ္။
 
နည္းပညာပိုင္းမွာ ေခတ္ေပၚလွ်ပ္စစ္ကားတစ္စီးျဖစ္တဲ့အတြက္ ေနာက္ဆုံးေပၚ လုံၿခဳံေရးနည္းပညာ၊ ထိန္းခ်ဳပ္မႈ နည္းပညာ၊ အခ်က္ျပ၊ အခ်က္ေပးနည္းပညာေတြအျပင္ စမတ္ဖုန္းေတြနဲ႔ခ်ိတ္ဆက္လုပ္ေဆာင္ႏိုင္မယ့္ Honda Link နည္းပညာကိုပါေပါင္းစပ္ထုတ္လုပ္လာတာေတြ႔ရပါတယ္။
 
ေလာင္စာဆီသုံးစြဲမႈလုံး၀မရွိဘဲ Hydrogen ဓာတ္ေငြ႔သုံး ၾကာရွည္ခံ Fuel Cell ေတြကိုသာတပ္ဆင္ထုတ္လုပ္ ထားတာျဖစ္လို႔ ကုန္က်စရိတ္နဲ႔ ပတ္၀န္းက်င္ထိခိုက္မႈ သက္သာေစတဲ့ Honda Clarity 2017 ေရာင္းေစ်းက ေတာ့ အေမရိကန္ႏိုင္ငံမွာ တစ္လကို ၂၆၉ ေဒၚလာျဖင့္ ၃၆ လ အရစ္က်စနစ္ျဖင့္ေရာင္းခ်ေပးေနတယ္လို႔ ဆုိပါတယ္။
 
Unicode
 
Honda Clarity 2017
 
ဟွန်ဒါက ထုတ်လုပ်တဲ့ ကားတွေထဲက Honda Clarity Electric ကားအကြောင်းကို အခုတစ်ပတ်ရဲ့ 7Day Cars အယ်ဒီတာအကြိုက် အဖြစ်ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။
 
၂၀၀၈ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ Honda FCX Clarity ဆိုပြီး ထုတ်လုပ်ခဲ့တဲ့ မော်ဒယ်ကို 2016 ခုနှစ်ကစ ပြီး Honda Clarity Fuel Cell ဆိုပြီး ပြောင်းလဲထုတ်လုပ်ခဲ့ပါတယ်။
 
စတင်ထုတ်လုပ်ချိန်ကစပြီး Fuel Cell ကားအဖြစ်ထုတ်လုပ်ခဲ့တာဖြစ်ပြီး 4-Door Sedan ကိုယ်ထည်အမျိုးအ စားကားတစ်စီးဖြစ်ပါတယ်။ လျှပ်စစ်ကားတွေရဲ့ ထုံးစံအတိုင်း အင်ဂျင်အရွယ်အစားသတ်မှတ်ချက်နဲ့ သတ်မှတ် တာမျိုးမဟုတ်ဘဲ Fuel Cell Power နဲ့ သတ်မှတ်တာဖြစ်ပါတယ်။
 
Honda FCX Clarity ကို 100 KW ( မြင်းကောင်ရေ ၁၃၀ အား) ဖြစ်ပြီး 2016 မှာ စတင်ထုတ်လုပ်တဲ့ Honda Clarity ကိုတော့ 130 KW (မြင်းကောင်ရေ ၁၇၀ အား) ဖြင့် အဆင့်မြင့်တင်ထုတ်လုပ်ထားတာတွေ့ရပါတယ်။
 
သွားလာနိုင်တဲ့ ခရီးအကွာအဝေး အနေနဲ့ ၃၆၆ မိုင်( ၅၈၉ ကီလိုမီတာ) အကွာအဝေးအထိ တစ်ကြိမ်အား အပြည့်သွင်းပြီးတိုင်းသွားလာနိုင်မှာဖြစ်ပါတယ်။ ဂီယာစနစ်ကိုတော့ Single Speed , Direct Drive စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်ထားတာဖြစ်ပါတယ်။
 
2016 Honda Clarity ကို Fuel Cell နဲ့ Electric Plug-in Hybrid ဆိုပြီးနှစ်မျိုးထုတ်လုပ်ထားတာတွေ့ရပါတယ်။ ၂၀၁၆ Honda Clarity ရဲ့ အဓိက အားသာချက်ကတော့ အရင်က ထုတ်လုပ်ခဲ့တဲ့ Honda FCX ထက်ပိုပြီး ခရီး မိုင်ဝေးဝေးပိုသွားနိုင်တာနဲ့ ကားနည်းပညာပိုင်း ပိုမြင့်လာတာတွေပဲဖြစ်ပါတယ်။
 
2014 Honda FCX က ခရီးမိုင် ၂၃၁ မိုင်သာ သွားလို့ရနိုင်ပြီး 2016 Honda Clarity ကတော့ ခရီးမိုင် ၃၆၆ မိုင် အထိ သွားလာလို့ရနိုင်ပါတယ်။ ဒါအပြင် အတွင်းခန်းအပြင်အဆင်တွေကလည်း ခေတ်ပေါ်ကားတစ်စီးနဲ့ ပိုပြီး တူလာတာတွေ့ရပါတယ်။ ထိုင်ခုံ၊ အဲကွန်း ၊ Dshboard ၊ တခါးအဖွင့်အပိတ်စနစ် ၊ မီဒီယာပိုင်းစတဲ့ အတွင်းပိုင်း အပြင်အဆင်တွေအားလုံးက ဆန်းသစ်တဲ့ဒီဇိုင်းတွေနဲ့တွေ့ရပြီး လျှပ်စစ်ဇိမ်ခံကားတစ်စီးအဖြစ်တွေ့ရပါတယ်။
 
နောက်တစ်ချက်ကတော့ လျှပ်စစ်ကားတွေမှာ အမြဲကြုံတွေ့ရတတ်တဲ့ အဲကွန်းနဲ့ လျှပ်စစ်အင်ဂျင် လိုက်လျော ညီထွေမဖြစ်တာတွေကို သင်ခန်းစာယူပြီး 2016 Honda Clarity ကို ပြောင်းလဲပြင်ဆင်မှုတွေနဲ့ ထုတ်လုပ် လာတာတွေ့ရပါတယ်။
 
မောင်းနှင်မှုအပိုင်းမှာတော့ ၃၆၆ မိုင်အထိမောင်းနှင်နိုင်တဲ့ ခရီးမိုင်အကွာအဝေးမှာ လိုအပ်သလို အလိုအလျောက် ချိန်ညှိပေးမယ့် Five Drive စနစ်တွေပေါင်းစပ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။
 
Plug-in Hybrid ကိုတော့ ဟိုက်ဒဂျင်ဓာတ်ငွေ့သုံး Fuel Cell လောင်စာအပြင် ဘက်ထရီအပိုပါဝင်ပြီး ပုံမှန် ဟိုက်ဘရစ်ကားတွေလို လိုအပ်ချိန်မှာ ဟိုက်ဘရစ်မော်တာနဲ့ ပြောင်းလဲမောင်းနှင်နိုင်မှာဖြစ်ပါတယ်။
 
နည်းပညာပိုင်းမှာ ခေတ်ပေါ်လျှပ်စစ်ကားတစ်စီးဖြစ်တဲ့အတွက် နောက်ဆုံးပေါ် လုံခြုံရေးနည်းပညာ၊ ထိန်းချုပ်မှု နည်းပညာ၊ အချက်ပြ၊ အချက်ပေးနည်းပညာတွေအပြင် စမတ်ဖုန်းတွေနဲ့ချိတ်ဆက်လုပ်ဆောင်နိုင်မယ့် Honda Link နည်းပညာကိုပါပေါင်းစပ်ထုတ်လုပ်လာတာတွေ့ရပါတယ်။
 
လောင်စာဆီသုံးစွဲမှုလုံးဝမရှိဘဲ Hydrogen ဓာတ်ငွေ့သုံး ကြာရှည်ခံ Fuel Cell တွေကိုသာတပ်ဆင်ထုတ်လုပ် ထားတာဖြစ်လို့ ကုန်ကျစရိတ်နဲ့ ပတ်ဝန်းကျင်ထိခိုက်မှု သက်သာစေတဲ့ Honda Clarity 2017 ရောင်းဈေးက တော့ အမေရိကန်နိုင်ငံမှာ တစ်လကို ၂၆၉ ဒေါ်လာဖြင့် ၃၆ လ အရစ်ကျစနစ်ဖြင့်ရောင်းချပေးနေတယ်လို့ ဆိုပါတယ်။
 
 

logo