Menu

You are here

လွ်ပ္စစ္ထရပ္ကားအသစ္ မိတ္ဆက္မယ့္ အစီအစဉ္ ေႏွာင့္ေႏွးမႈေတြ ဆက္တိုက္ႀကံဳေနတဲ့ Tesla

Teslaရဲ႕ လွ်ပ္စစ္စြမ္းအင္သံုး ထရပ္ကားအသစ္ မိတ္ဆက္မယ့္ အစီအစဉ္ဟာ ေႏွာင့္ေႏွးမႈေတြ ဆက္တုိက္ ႀကံဳေနရဆဲလုိ႔ သိရွိရပါတယ္။
 
Teslaရဲ႕ အမႈေဆာင္ခ်ဳပ္ အီလြန္မတ္စ္ခ္က ကုမၸဏီရဲ႕ ထရပ္ကားအသစ္ကို ဖန္တီးတည္ေဆာက္ရာမွာ အခက္အခဲေတြ ဆက္တုိက္ ႀကံဳေနရေၾကာင္း Twitterမွာ ေရးသား အတည္ျပဳခဲ့ပါတယ္။
 
Teslaဟာ ၿမိဳ႕တြင္း အသံုးျပဳ ရည္ရြယ္ခ်က္နဲ႔ ဖန္တီးထားတဲ့ ဆီမီးထရပ္ကား တစ္မ်ိဳးကို တည္ေဆာက္ေနတာ အေတာ္ၾကာပါၿပီ။ အမွန္တကယ္ေတာ့ လက္ရွိ လပိုင္းမွာ ထရပ္ကားအသစ္ကို မိတ္ဆက္ဖုိ႔ စီစဉ္ထားေပမယ့္ အႀကိမ္ႀကိမ္ ေ႐ႊ႕ဆိုင္းေနရၿပီး ေႏွာင့္ေႏွးမႈေတြ ျဖစ္ေပၚေနပါတယ္။
 
ကုမၸဏီရဲ႕ အသစ္ထုတ္ လွ်ပ္စစ္ကား Model 3ေတြ တပ္ဆင္ တည္ေဆာက္မႈဟာ ေမွ်ာ္မွန္းထားတဲ့ အရွိန္အဟုန္မ်ိဳး စံႏႈန္းမမီဘဲ ႐ုန္းကန္ေနရသလို ထရပ္ကားကိစၥမွာလည္း ထင္တိုင္းမေပါက္ေသးပါဘူး။ ဒါဟာ အညြန္႔တလူလူ ေစာင့္ၾကည့္ခံေနရတဲ့ အေမရိကန္ လွ်ပ္စစ္ကား ကုမၸဏီ အတြက္ေတာ့ ငရဲဆန္တဲ့ အေတြ႕အႀကံဳေတြပါပဲ။
 
ေလာေလာဆယ္ေတာ့ မတ္စ္ခ္က လွ်ပ္စစ္စြမ္းအင္ သီးသန္႔သံုး ဆီမီးထရပ္ အသစ္ကို ႏိုဝင္ဘာ ၁၆ ရက္ေလာက္မွာ တရားဝင္ ပြဲထုတ္နုိင္ဖုိ႔ ေမွ်ာ္လင့္ေၾကာင္း ေၾကညာထားပါတယ္။
 
ဒီထရပ္ကားကို တရားဝင္ မိတ္မဆက္ႏုိင္ေသးေပမယ့္ ပိုႀကီးမားတဲ့ ထရပ္ကားႀကီး တစ္စီးေပၚ သယ္ယူသြားတဲ့ ဓာတ္ပံုေတြကေတာ့ အင္တာနက္မွာ ေပါက္ၾကား ထြက္ေပၚလာပါတယ္။
 
Teslaဟာ စက္တင္ဘာလထဲမွာ Model 3 ဆီဒင္အသစ္ အစီးေရ ၁၅၀၀ ထုတ္လုပ္ႏုိင္မယ္လုိ႔ အာမခံထားေပမယ့္ စုစုေပါင္း အစီးေရ ၂၆၀ သာ ၿပီးစီးခဲ့တာေၾကာင့္ ေဖာက္သည္ေတြလက္ထဲ သတ္မွတ္ အခ်ိန္ကာလအတိုင္း မေပးပို႔ႏိုင္ဘဲ မ်က္ႏွာပ်က္စရာ ျဖစ္ခဲ့ေၾကာင္းလည္း သိရပါတယ္။
 
Ref: Motor Authority
 
Unicode
 
လျှပ်စစ်ထရပ်ကားအသစ် မိတ်ဆက်မယ့် အစီအစဉ် နှောင့်နှေးမှုတွေ ဆက်တိုက်ကြုံနေတဲ့ Tesla
 
 
Teslaရဲ့ လျှပ်စစ်စွမ်းအင်သုံး ထရပ်ကားအသစ် မိတ်ဆက်မယ့် အစီအစဉ်ဟာ နှောင့်နှေးမှုတွေ ဆက်တိုက် ကြုံနေရဆဲလို့ သိရှိရပါတယ်။
 
Teslaရဲ့ အမှုဆောင်ချုပ် အီလွန်မတ်စ်ခ်က ကုမ္ပဏီရဲ့ ထရပ်ကားအသစ်ကို ဖန်တီးတည်ဆောက်ရာမှာ အခက်အခဲတွေ ဆက်တိုက် ကြုံနေရကြောင်း Twitterမှာ ရေးသား အတည်ပြုခဲ့ပါတယ်။
 
Teslaဟာ မြို့တွင်း အသုံးပြု ရည်ရွယ်ချက်နဲ့ ဖန်တီးထားတဲ့ ဆီမီးထရပ်ကား တစ်မျိုးကို တည်ဆောက်နေတာ အတော်ကြာပါပြီ။ အမှန်တကယ်တော့ လက်ရှိ လပိုင်းမှာ ထရပ်ကားအသစ်ကို မိတ်ဆက်ဖို့ စီစဉ်ထားပေမယ့် အကြိမ်ကြိမ် ရွှေ့ဆိုင်းနေရပြီး နှောင့်နှေးမှုတွေ ဖြစ်ပေါ်နေပါတယ်။
 
ကုမ္ပဏီရဲ့ အသစ်ထုတ် လျှပ်စစ်ကား Model 3တွေ တပ်ဆင် တည်ဆောက်မှုဟာ မျှော်မှန်းထားတဲ့ အရှိန်အဟုန်မျိုး စံနှုန်းမမီဘဲ ရုန်းကန်နေရသလို ထရပ်ကားကိစ္စမှာလည်း ထင်တိုင်းမပေါက်သေးပါဘူး။ ဒါဟာ အညွန့်တလူလူ စောင့်ကြည့်ခံနေရတဲ့ အမေရိကန် လျှပ်စစ်ကား ကုမ္ပဏီ အတွက်တော့ ငရဲဆန်တဲ့ အတွေ့အကြုံတွေပါပဲ။
 
လောလောဆယ်တော့ မတ်စ်ခ်က လျှပ်စစ်စွမ်းအင် သီးသန့်သုံး ဆီမီးထရပ် အသစ်ကို နိုဝင်ဘာ ၁၆ ရက်လောက်မှာ တရားဝင် ပွဲထုတ်နိုင်ဖို့ မျှော်လင့်ကြောင်း ကြေညာထားပါတယ်။
 
ဒီထရပ်ကားကို တရားဝင် မိတ်မဆက်နိုင်သေးပေမယ့် ပိုကြီးမားတဲ့ ထရပ်ကားကြီး တစ်စီးပေါ် သယ်ယူသွားတဲ့ ဓာတ်ပုံတွေကတော့ အင်တာနက်မှာ ပေါက်ကြား ထွက်ပေါ်လာပါတယ်။
 
Teslaဟာ စက်တင်ဘာလထဲမှာ Model 3 ဆီဒင်အသစ် အစီးရေ ၁၅၀၀ ထုတ်လုပ်နိုင်မယ်လို့ အာမခံထားပေမယ့် စုစုပေါင်း အစီးရေ ၂၆၀ သာ ပြီးစီးခဲ့တာကြောင့် ဖောက်သည်တွေလက်ထဲ သတ်မှတ် အချိန်ကာလအတိုင်း မပေးပို့နိုင်ဘဲ မျက်နှာပျက်စရာ ဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။
 
Ref: Motor Authority
 
 

logo