Menu

You are here

၂၀၁၈ မွာ စလစ္ကပ္ကားအားလုံး ဘယ္ေမာင္းတစ္မ်ိဳးတည္းသာ တင္သြင္းခြင့္ရမယ္

၂၀၁၈ ခုႏွစ္ ေမာ္ေတာ္ယာဥ္တင္သြင္းခြင့္ျပဳရာမွာ အရင္က ဘယ္ေမာင္း/ညာေမာင္း မေရြးဘဲခြင့္ျပဳထားတဲ့ ယာဥ္အိုယာဥ္ေဟာင္းအစားထိုးတင္သြင္းယာဥ္ေတြကို ဘယ္ေမာင္းတစ္မ်ိဳးသာတင္သြင္းခြင့္ျပဳေတာ့မွာျဖစ္ပါ တယ္။
 
၂၀၁၇ ခုႏွစ္ေအာက္တိုဘာလ ၁၆ ရက္ေန႔မွာ ေမာ္ေတာ္ယာဥ္တင္သြင္းႏွင့္ သက္ဆိုင္ေသာ လုပ္ငန္းမ်ားႀကီးၾကပ္ေရးေကာ္မတီ အမိန္႔ေၾကျငာစာ အမွတ္(၁/၂၀၁၇) ထုတ္ျပန္လိုက္ပါ တယ္။
 
ယင္းထုတ္ျပန္ခ်က္မွာ အရင္က ယာဥ္အိုယာဥ္ေဟာင္းအစားထိုးအစီအမံျဖင့္ တင္သြင္းခြင့္ျပဳထားတဲ့ ကားေဟာင္းအစားထိုး(စလစ္ကပ္ကား)တင္သြင္းယာဥ္ေတြကို ၂၀၁၄ ခုႏွစ္မွ ၂၀၁၈ ခုႏွစ္အတြင္း(ေရာက္ရွိႏွစ္ႏွင့္ ၄င္းႏွစ္ေအာက္ ၄ ႏွစ္နိမ့္) ထုတ္လုပ္တဲ့ ကားေတြကို ဘယ္ေမာင္းတစ္မ်ိဳးတည္းသာတင္သြင္းခြင့္ျပဳမယ္လို႔ ထုတ္ျပန္ခ်က္မွာပါရွိပါတယ္။
 
အစားထိုးယာဥ္အျဖစ္တင္သြင္းလာတဲ့ ေမာ္ေတာ္ယာဥ္ေတြထဲက လူစီးေမာ္ေတာ္ယာဥ္၊ ကုန္တင္ယာဥ္၊ ခရီးသည္တင္ယာဥ္အားလုံးကို ယာဥ္အမ်ိဳးအစားမခြဲျခားဘဲ ဘယ္ေမာင္တစ္မ်ိဳးတည္းသာတင္သြင္းခြင့္ သတ္မွတ္လိုက္တာျဖစ္ပါတယ္။
 
၂၀၁၇ ခုႏွစ္ ကားတင္သြင္းခြင့္အရ လူစီးေမာ္တာ္ယာဥ္- ၂၀၁၁ ခုႏွစ္မွ ၂၀၁၄ ခုႏွစ္အတြင္း၊ ၁၃၅၀ စီစီ ေအာက္ကား- ၂၀၁၁ ခုႏွစ္မွ ၂၀၁၇ ခုႏွစ္အတြင္း၊ ကုန္တင္ယာဥ္- ၂၀၀၇ ခုႏွစ္မွ ၂၀၁၄ ခုႏွစ္အတြင္း နဲ႔ ခရီးသည္တင္ယာဥ္- ၂၀၀၇ ခုႏွစ္မွ ၂၀၁၄ ခုႏွစ္အတြင္း ဘယ္ေမာင္း/ ညာေမာင္းခြဲျခားမႈမရွိ တင္သြင္းခြင့္ျပဳခဲ့တာျဖစ္ပါတယ္။
 
အဲဒီအထဲက ၁၃၅၀ စီစီေအာက္ လူစီးကားေတြကိုသာ ၂၀၁၅ မွ ၂၀၁၇ ခုႏွစ္အတြင္း ကားေတြကိုေတာ့ ဘယ္ေမာင္းတစ္မ်ိဳးတည္းကို တင္သြင္းရမယ္လို႔ သတ္မွတ္ထားခဲ့တာျဖစ္ပါတယ္။
 
လာမယ့္ ၂၀၁၈ မွာေတာ့ အမ်ိဳးအစားနဲ႔ အင္ဂ်င္အရြယ္အစားခြဲျခားခ်က္မရွိဘဲ ၂၀၁၈ မွာ ကားေဟာင္းအစားထိုးတင္သြင္းလာတဲ့ ကားအားလုံး ကို ဘယ္ေမာင္းတစ္မ်ိဳးတည္းနဲ႔ ေမာ္ဒယ္သတ္မွတ္ခ်က္ တေျပးညီ သတ္မွတ္လိုက္တာျဖစ္ပါ တယ္။
 
အဲဒါေၾကာင့္ ၂၀၁၈ခုႏွစ္ ျပည္တြင္ကားေစ်းကြက္ထဲမွာ ကားတင္သြင္းမႈႏႈန္းသိသိသာသာေလ်ာ့က်လာႏိုင္ၿပီး တင္သြင္းထားၿပီးကားေတြ ေစ်းႏွစ္ဆနီးပါးတက္လာႏိုင္တယ္လို႔ ကား၀ယ္ေရာင္းပြဲစားအခ်ိဳ႔ကေျပာပါတယ္။
 
ေအာင္ၿဖိဳးမြန္
 
Unicode
 
၂၀၁၈ မှာ စလစ်ကပ်ကားအားလုံး ဘယ်မောင်းတစ်မျိုးတည်းသာ တင်သွင်းခွင့်ရမယ်
 
၂၀၁၈ ခုနှစ် မော်တော်ယာဉ်တင်သွင်းခွင့်ပြုရာမှာ အရင်က ဘယ်မောင်း/ညာမောင်း မရွေးဘဲခွင့်ပြုထားတဲ့ ယာဉ်အိုယာဉ်ဟောင်းအစားထိုးတင်သွင်းယာဉ်တွေကို ဘယ်မောင်းတစ်မျိုးသာတင်သွင်းခွင့်ပြုတော့မှာဖြစ်ပါ တယ်။
 
၂၀၁၇ ခုနှစ်အောက်တိုဘာလ ၁၆ ရက်နေ့မှာ မော်တော်ယာဉ်တင်သွင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီ အမိန့်ကြေငြာစာ အမှတ်(၁/၂၀၁၇) ထုတ်ပြန်လိုက်ပါ တယ်။
 
ယင်းထုတ်ပြန်ချက်မှာ အရင်က ယာဉ်အိုယာဉ်ဟောင်းအစားထိုးအစီအမံဖြင့် တင်သွင်းခွင့်ပြုထားတဲ့ ကားဟောင်းအစားထိုး(စလစ်ကပ်ကား)တင်သွင်းယာဉ်တွေကို ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း(ရောက်ရှိနှစ်နှင့် ၎င်းနှစ်အောက် ၄ နှစ်နိမ့်) ထုတ်လုပ်တဲ့ ကားတွေကို ဘယ်မောင်းတစ်မျိုးတည်းသာတင်သွင်းခွင့်ပြုမယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
 
အစားထိုးယာဉ်အဖြစ်တင်သွင်းလာတဲ့ မော်တော်ယာဉ်တွေထဲက လူစီးမော်တော်ယာဉ်၊ ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်အားလုံးကို ယာဉ်အမျိုးအစားမခွဲခြားဘဲ ဘယ်မောင်တစ်မျိုးတည်းသာတင်သွင်းခွင့် သတ်မှတ်လိုက်တာဖြစ်ပါတယ်။
 
၂၀၁၇ ခုနှစ် ကားတင်သွင်းခွင့်အရ လူစီးမော်တာ်ယာဉ်- ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း၊ ၁၃၅၀ စီစီ အောက်ကား- ၂၀၁၁ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း၊ ကုန်တင်ယာဉ်- ၂၀၀၇ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း နဲ့ ခရီးသည်တင်ယာဉ်- ၂၀၀၇ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ဘယ်မောင်း/ ညာမောင်းခွဲခြားမှုမရှိ တင်သွင်းခွင့်ပြုခဲ့တာဖြစ်ပါတယ်။
 
အဲဒီအထဲက ၁၃၅၀ စီစီအောက် လူစီးကားတွေကိုသာ ၂၀၁၅ မှ ၂၀၁၇ ခုနှစ်အတွင်း ကားတွေကိုတော့ ဘယ်မောင်းတစ်မျိုးတည်းကို တင်သွင်းရမယ်လို့ သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။
 
လာမယ့် ၂၀၁၈ မှာတော့ အမျိုးအစားနဲ့ အင်ဂျင်အရွယ်အစားခွဲခြားချက်မရှိဘဲ ၂၀၁၈ မှာ ကားဟောင်းအစားထိုးတင်သွင်းလာတဲ့ ကားအားလုံး ကို ဘယ်မောင်းတစ်မျိုးတည်းနဲ့ မော်ဒယ်သတ်မှတ်ချက် တပြေးညီ သတ်မှတ်လိုက်တာဖြစ်ပါ တယ်။
 
အဲဒါကြောင့် ၂၀၁၈ခုနှစ် ပြည်တွင်ကားဈေးကွက်ထဲမှာ ကားတင်သွင်းမှုနှုန်းသိသိသာသာလျော့ကျလာနိုင်ပြီး တင်သွင်းထားပြီးကားတွေ ဈေးနှစ်ဆနီးပါးတက်လာနိုင်တယ်လို့ ကားဝယ်ရောင်းပွဲစားအချို့ကပြောပါတယ်။
 
အောင်ဖြိုးမွန်
 
 

logo