Menu

You are here

ျမင္းေကာင္ေရ ၅၀၀ အင္ဂ်င္အားနဲ႔ သံခ်ပ္ကာ SUV အသစ္ကို Rezvani မိတ္ဆက္

စြမ္းေဆာင္ရည္ျမင့္ ကားေတြ ဖန္တီးျပေလ့ရွိတဲ့ ကားဒီဇိုင္းကုမၸဏီ Rezvaniဟာ ျမင္းေကာင္ေရ ၅၀၀ အား သံခ်ပ္ကာ SUV တစ္မ်ိဳးကို မိတ္ဆက္လုိက္ပါတယ္။
 
Rezvaniဟာ Beastလို စူပါကားမ်ိဳးကို တည္ေဆာက္ျပခဲ့တာေၾကာင့္ လူသိမ်ားတဲ့ ကုမၸဏီ တစ္ခုပါ။ အခုတဖန္ အၾကမ္းပတမ္း အရမ္းခံၿပီး စြမ္းေဆာင္ရည္ ျမင့္မားတဲ့ Tankဆိုတဲ့ SUVကိုပါ ထုတ္ေဖာ္ ျပသလိုက္ပါတယ္။
 
Tankရဲ႕ အၾကမ္းခံမႈက စစ္သံုးေမာ္ဒယ္လ္ေတြရဲ႕ စံႏႈန္းေလာက္နဲ႔ ညီမွ်ပါတယ္။ အရမ္းခက္ထန္ ၾကမ္းတမ္းတဲ့ မ်က္ႏွာျပင္ေတြမွာ ေမာင္းႏွင္ႏိုင္ၿပီး ညၾကည့္စနစ္ (Night Vision)ပါ တပ္ဆင္ေပးထားတယ္။
 
ဒီကားဟာ Jeepရဲ႕ Wrangler တစ္စီးကို အေျခခံ ျပဳျပင္ အဆင့္ျမႇင့္ထားတာ ျဖစ္ပါတယ္။ စစ္သံုးအဆင့္အတန္းနဲ႔ ေလ်ာ္ညီေစမယ့္ အလန္းစား အားျဖည့္မႈေတြ ထည့္သြင္းေပးထားေၾကာင္း အေမရိကန္ ကုမၸဏီက ဆိုတယ္။
 
ကားရဲ႕ ကိုယ္ထည္မွာ က်ည္ကာ သံခ်ပ္ကာေတြ၊ အပူေငြ႕ ေျခရာခံ ကင္မရာေတြ ပါဝင္သလို ဆီတိုင္ကီကလည္း က်ည္တိုးမေပါက္ေအာင္ ေဆာက္လုပ္ထားတာ ျဖစ္ပါတယ္။
 
ကားရဲ႕ အင္ဂ်င္ပိုင္းမွာ SRTရဲ႕ 6.4-litre V8 အမ်ိဳးအစားကို သံုးထားၿပီး ျမင္းေကာင္ေရ ၅၀၀ အားထိ ထုတ္ေပးႏုိင္တယ္။ Tankမွာ တပ္ဆင္ထားတဲ့ ၃၇ လက္မ တာယာႀကီးေတြက ဘယ္လို ခက္ခဲၾကမ္းတမ္းတဲ့ ေျမျပင္ အေနအထားမဆို အေကာင္းဆံုး ကိုင္တြယ္ ေမာင္းႏွင္ေစႏုိင္ပါလိမ့္မယ္။
 
Rezvaniက Tankကို အေျခခံ ေစ်းႏႈန္း ေဒၚလာ ၁၇၈၅၀၀ သတ္မွတ္ထားၿပီး ထပ္မံျဖည့္တင္းတဲ့ ပစၥည္းကိရိယာေတြေပၚ အေျခခံၿပီး ေစ်းပိုေပးရမယ္လုိ႔ ဆိုတယ္။ ဒီကားအတြက္ အမွာစာေတြကိုလည္း ကုမၸဏီက စတင္လက္ခံေနၿပီလုိ႔ သိရွိရပါတယ္။
 
Ref: Top Gear
 
Unicode
 
မြင်းကောင်ရေ ၅၀၀ အင်ဂျင်အားနဲ့ သံချပ်ကာ SUV အသစ်ကို Rezvani မိတ်ဆက်
 
 
စွမ်းဆောင်ရည်မြင့် ကားတွေ ဖန်တီးပြလေ့ရှိတဲ့ ကားဒီဇိုင်းကုမ္ပဏီ Rezvaniဟာ မြင်းကောင်ရေ ၅၀၀ အား သံချပ်ကာ SUV တစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။
 
Rezvaniဟာ Beastလို စူပါကားမျိုးကို တည်ဆောက်ပြခဲ့တာကြောင့် လူသိများတဲ့ ကုမ္ပဏီ တစ်ခုပါ။ အခုတဖန် အကြမ်းပတမ်း အရမ်းခံပြီး စွမ်းဆောင်ရည် မြင့်မားတဲ့ Tankဆိုတဲ့ SUVကိုပါ ထုတ်ဖော် ပြသလိုက်ပါတယ်။
 
Tankရဲ့ အကြမ်းခံမှုက စစ်သုံးမော်ဒယ်လ်တွေရဲ့ စံနှုန်းလောက်နဲ့ ညီမျှပါတယ်။ အရမ်းခက်ထန် ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေမှာ မောင်းနှင်နိုင်ပြီး ညကြည့်စနစ် (Night Vision)ပါ တပ်ဆင်ပေးထားတယ်။
 
ဒီကားဟာ Jeepရဲ့ Wrangler တစ်စီးကို အခြေခံ ပြုပြင် အဆင့်မြှင့်ထားတာ ဖြစ်ပါတယ်။ စစ်သုံးအဆင့်အတန်းနဲ့ လျော်ညီစေမယ့် အလန်းစား အားဖြည့်မှုတွေ ထည့်သွင်းပေးထားကြောင်း အမေရိကန် ကုမ္ပဏီက ဆိုတယ်။
 
ကားရဲ့ ကိုယ်ထည်မှာ ကျည်ကာ သံချပ်ကာတွေ၊ အပူငွေ့ ခြေရာခံ ကင်မရာတွေ ပါဝင်သလို ဆီတိုင်ကီကလည်း ကျည်တိုးမပေါက်အောင် ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။
 
ကားရဲ့ အင်ဂျင်ပိုင်းမှာ SRTရဲ့ 6.4-litre V8 အမျိုးအစားကို သုံးထားပြီး မြင်းကောင်ရေ ၅၀၀ အားထိ ထုတ်ပေးနိုင်တယ်။ Tankမှာ တပ်ဆင်ထားတဲ့ ၃၇ လက်မ တာယာကြီးတွေက ဘယ်လို ခက်ခဲကြမ်းတမ်းတဲ့ မြေပြင် အနေအထားမဆို အကောင်းဆုံး ကိုင်တွယ် မောင်းနှင်စေနိုင်ပါလိမ့်မယ်။
 
Rezvaniက Tankကို အခြေခံ ဈေးနှုန်း ဒေါ်လာ ၁၇၈၅၀၀ သတ်မှတ်ထားပြီး ထပ်မံဖြည့်တင်းတဲ့ ပစ္စည်းကိရိယာတွေပေါ် အခြေခံပြီး ဈေးပိုပေးရမယ်လို့ ဆိုတယ်။ ဒီကားအတွက် အမှာစာတွေကိုလည်း ကုမ္ပဏီက စတင်လက်ခံနေပြီလို့ သိရှိရပါတယ်။
 
Ref: Top Gear
 
 

logo