Menu

You are here

ဖရီးပါမစ္နဲ႔ တင္သြင္းမယ့္ကားေတြ အနိမ့္ဆုံးေမာ္ဒယ္ (၂)ႏွစ္နိမ့္ေတြသာတင္သြင္းရမယ္

၂၀၁၈ ဖရီးပါမစ္( လူပုဂၢဳိလ္တစ္ဦးခ်င္းကားတင္သြင္းခြင့္) နဲ႔ တင္သြင္းမယ့္ လူစီးကားအားလုံး ေရာက္ရွိႏွစ္နဲ႔ ေရာက္ရွိႏွစ္ေအာက္ (၂) ႏွစ္ေမာ္ဒယ္ေတြကိုသာတင္သြင္းခြင့္ျပဳေတာ့မွာျဖစ္ေၾကာင္း ေအာက္တိုဘာလ (၁၆) ရက္ေန႔မွာ ထုတ္ျပန္ေၾကျငာတဲ့ ေမာ္ေတာ္ယာဥ္တင္သြင္းျခင္းႏွင့္ သက္ဆိုင္ေသာလုပ္ငန္းမ်ား ႀကီးၾကပ္ေရး ေကာ္မတီ ထုတ္ျပန္ခ်က္အရသိရပါတယ္။
 
ယာဥ္အိုယာဥ္ေဟာင္းအစားထိုးစီမံခ်က္နဲ႔ တင္သြင္းလာမယ့္ကားေတြကုိ ဘယ္ေမာင္းတစ္မ်ိဳးတည္းကိုတင္ သြင္းခြင့္ျပဳေပမယ့္ ေမာ္ဒယ္ကိုေတာ့ ေရာက္ရွိႏွစ္နဲ႔ ေရာက္ရွိႏွစ္ေအာက္ (၄)ႏွစ္နိ္မ့္ေမာ္ဒယ္ေတြကိုတင္သြင္း ခြင့္ျပဳထားပါတယ္။
 
ဖရီးပါမစ္နဲ႔ ၂၀၁၈ ခုႏွစ္အတြင္းတင္သြင္းမယ့္ ကုန္တင္ယာဥ္ေတြနဲ႔ ခရီးသည္တင္ယာဥ္ေတြကိုေတာ့ ၂၀၁၈ ခုႏွစ္မွ ၂၀၁၄ ေမာ္ဒယ္အထိ စလစ္ကပ္ကားေတြနဲ႔ တန္းတူေမာ္ဒယ္ေတြကို တင္သြင္းခြင့္ျပဳထားပါတယ္။
 
ဒါေပမယ့္ ့ ၁၃၅၀ စီစီအပါအ၀င္ လူစီးကားအားလုံးကိုေတာ့ ၂၀၁၆ ခုႏွစ္မွ ၂၀၁၈ ခုႏွစ္အတြင္းထုတ္လုပ္တဲ့ ေမာ္ဒယ္ျမင့္ကားေတြကိုသာတင္သြင္းခြင့္ျပဳလိုက္တာျဖစ္ပါတယ္။ ယင္း အနိမ့္ဆုံးေမာ္ဒယ္ (၂) ႏွစ္နိမ့္သတ္မွတ္ခ်က္ကို ဖရီးပါမစ္အတြက္ ဒီႏွစ္ ၂၀၁၇ နွစ္ဆန္းပိုင္း ေမာ္ေတာ္ယာဥ္တင္သြင္းခြင့္မွာစတင္ သတ္မွတ္ခဲ့တာျဖစ္ပါတယ္။
 
အနိမ့္ဆုံးေမာ္ဒယ္ (၂)ႏွစ္သတ္မွတ္မွာ ၂၀၁၅ ေမာ္ေတာ္ယာဥ္ဥပေဒပါ သတ္မွတ္ခ်က္ပုဒ္မတစ္ခုျဖစ္ၿပီး ၂၀၁၇ ခုႏွစ္မွာ ဖရီးပါမစ္လူစီးကားေတြအတြက္စတင္က်င့္သုံးခဲ့တာျဖစ္ပါတယ္။
 
ဘယ္ေမာင္းတမ်ိဳးတည္းသတ္မွတ္ကေတာ့ ၂၀၁၈ ခုနွစ္ ေမာ္ေတာ္ယာဥ္တင္သြင္းခြင့္မွာ တင္သြင္းမယ့္ ေမာ္ေတာ္ယာဥ္အားလုံးကို သတ္မွတ္လိုက္တာကေတာ့ လာမယ့္ႏွစ္ေမာ္ေတာ္ယာဥ္ေစ်းကြက္အတြက္ ႀကီးမားတဲ့ အေျပာင္းအလဲေတြျဖစ္လာမယ့္သတ္မွတ္ခ်က္ျဖစ္ေၾကာင္း ေစ်းကြက္ကၽြမ္းက်င္သူေတြက သုံးသပ္ပါတယ္။
 
ေအာင္ၿဖိဳးမြန္
 
Unicode
 
ဖရီးပါမစ်နဲ့ တင်သွင်းမယ့်ကားတွေ အနိမ့်ဆုံးမော်ဒယ် (၂)နှစ်နိမ့်တွေသာတင်သွင်းရမယ်
 
၂၀၁၈ ဖရီးပါမစ်( လူပုဂ္ဂိုလ်တစ်ဦးချင်းကားတင်သွင်းခွင့်) နဲ့ တင်သွင်းမယ့် လူစီးကားအားလုံး ရောက်ရှိနှစ်နဲ့ ရောက်ရှိနှစ်အောက် (၂) နှစ်မော်ဒယ်တွေကိုသာတင်သွင်းခွင့်ပြုတော့မှာဖြစ်ကြောင်း အောက်တိုဘာလ (၁၆) ရက်နေ့မှာ ထုတ်ပြန်ကြေငြာတဲ့ မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီ ထုတ်ပြန်ချက်အရသိရပါတယ်။
 
ယာဉ်အိုယာဉ်ဟောင်းအစားထိုးစီမံချက်နဲ့ တင်သွင်းလာမယ့်ကားတွေကို ဘယ်မောင်းတစ်မျိုးတည်းကိုတင် သွင်းခွင့်ပြုပေမယ့် မော်ဒယ်ကိုတော့ ရောက်ရှိနှစ်နဲ့ ရောက်ရှိနှစ်အောက် (၄)နှစ်နိမ့်မော်ဒယ်တွေကိုတင်သွင်း ခွင့်ပြုထားပါတယ်။
 
ဖရီးပါမစ်နဲ့ ၂၀၁၈ ခုနှစ်အတွင်းတင်သွင်းမယ့် ကုန်တင်ယာဉ်တွေနဲ့ ခရီးသည်တင်ယာဉ်တွေကိုတော့ ၂၀၁၈ ခုနှစ်မှ ၂၀၁၄ မော်ဒယ်အထိ စလစ်ကပ်ကားတွေနဲ့ တန်းတူမော်ဒယ်တွေကို တင်သွင်းခွင့်ပြုထားပါတယ်။
 
ဒါပေမယ့့် ၁၃၅၀ စီစီအပါအဝင် လူစီးကားအားလုံးကိုတော့ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်းထုတ်လုပ်တဲ့ မော်ဒယ်မြင့်ကားတွေကိုသာတင်သွင်းခွင့်ပြုလိုက်တာဖြစ်ပါတယ်။ ယင်း အနိမ့်ဆုံးမော်ဒယ် (၂) နှစ်နိမ့်သတ်မှတ်ချက်ကို ဖရီးပါမစ်အတွက် ဒီနှစ် ၂၀၁၇ နှစ်ဆန်းပိုင်း မော်တော်ယာဉ်တင်သွင်းခွင့်မှာစတင် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
 
အနိမ့်ဆုံးမော်ဒယ် (၂)နှစ်သတ်မှတ်မှာ ၂၀၁၅ မော်တော်ယာဉ်ဥပဒေပါ သတ်မှတ်ချက်ပုဒ်မတစ်ခုဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ ဖရီးပါမစ်လူစီးကားတွေအတွက်စတင်ကျင့်သုံးခဲ့တာဖြစ်ပါတယ်။
 
ဘယ်မောင်းတမျိုးတည်းသတ်မှတ်ကတော့ ၂၀၁၈ ခုနှစ် မော်တော်ယာဉ်တင်သွင်းခွင့်မှာ တင်သွင်းမယ့် မော်တော်ယာဉ်အားလုံးကို သတ်မှတ်လိုက်တာကတော့ လာမယ့်နှစ်မော်တော်ယာဉ်ဈေးကွက်အတွက် ကြီးမားတဲ့ အပြောင်းအလဲတွေဖြစ်လာမယ့်သတ်မှတ်ချက်ဖြစ်ကြောင်း ဈေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
 
အောင်ဖြိုးမွန်
 
 

logo