Menu

You are here

ရန္ကုန္တိုင္းတြင္ ၁၁ လအတြင္း လိုင္စင္မဲ႔ကား ၁၃၁ စီးဖမ္းဆီးရမိ

ရန္ကုန္တိုင္းေဒသၾကီးတြင္၂၀၁၇ ဇန္န၀ါရီလမွ ေအာက္တိုဘာလအထိ လိုင္စင္မဲ့ကားအစီးေရ ၁၃၁ စီး ဖမ္းဆီးရရွိထားေၾကာင္း ႏို၀င္ဘာလ ၁၀ရက္က ျပဳလုပ္ခဲ႔သည္႔ အမွတ္ ၂ယာဥ္ထိန္းတပ္ဖြဲ႕ခြဲ (ရန္ကုန္) ကျပဳလုပ္တဲ႔ သတင္းစာရွင္းလင္းပြဲ ထံကသိရပါတယ္။
 
ဖမ္းဆီးရမိထားသည္႔ ကားမ်ားကို ကုန္းလမ္းပို႔ေဆာင္ေရးညြန္ၾကားမွဳ ဦးစီးဌာနသို႔ ပို႔ေဆာင္၍ မွတ္ပုံတင္ထားျခင္းရွိမရွိ စစ္ေဆးရေၾကာင္း ဒုရဲမွဴးဦး၀င္းလြင္ကေၿပာပါတယ္။
 
မွတ္ပုံမတင္ထားေသာကားမ်ားျဖစ္ပါက သက္ဆိုင္ရာအေထြေထြအုပ္ခ်ဳပ္ေရးမွဳးရုံးမ်ားသို႔တင္ျပျပီး ေထြအုပ္ရုံးမွု ပိုင္ရွင္အား ဆက္သြယ္ရန္ ေၾကျငာေပးကာ သတ္မွတ္ရက္ အတြင္းဆက္သြယ္မွဳမရွိပါက ျပည္သူ႔ဘ႑ာအျဖစ္သိမ္းဆည္းေၾကာင္း ဒုရဲမွဳးဦး၀င္းလြင္ကေျပာပါတယ္။
 
၂၀၁၇ဇန္န၀ါရီလမွ ေအာက္တိုဘာလအထိ ယာဥ္မေတာ္မဆျဖစ္ပြားမွဳ ၁၄၈ မႈရွိၿပီး ေသဆံုးသူ ေသဆံုးသူ ၂၉ ဦးရွိတယ္လို႔ အမွတ္ (၂) ယာဥ္ထိန္းရဲတပ္ဖဲြ႔ ( ရန္ကုန္ ) က ထုတ္ျပန္ထားပါတယ္။
 
Unicode
 
ရန်ကုန်တိုင်းတွင် ၁၁ လအတွင်း လိုင်စင်မဲ့ကား ၁၃၁ စီးဖမ်းဆီးရမိ
 
ရန်ကုန်တိုင်းဒေသကြီးတွင်၂၀၁၇ ဇန်နဝါရီလမှ အောက်တိုဘာလအထိ လိုင်စင်မဲ့ကားအစီးရေ ၁၃၁ စီး ဖမ်းဆီးရရှိထားကြောင်း နိုဝင်ဘာလ ၁၀ရက်က ပြုလုပ်ခဲ့သည့် အမှတ် ၂ယာဉ်ထိန်းတပ်ဖွဲ့ခွဲ (ရန်ကုန်) ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ ထံကသိရပါတယ်။
 
ဖမ်းဆီးရမိထားသည့် ကားများကို ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှု ဦးစီးဌာနသို့ ပို့ဆောင်၍ မှတ်ပုံတင်ထားခြင်းရှိမရှိ စစ်ဆေးရကြောင်း ဒုရဲမှူးဦးဝင်းလွင်ကပြောပါတယ်။
 
မှတ်ပုံမတင်ထားသောကားများဖြစ်ပါက သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးမှုးရုံးများသို့တင်ပြပြီး ထွေအုပ်ရုံးမှု ပိုင်ရှင်အား ဆက်သွယ်ရန် ကြေငြာပေးကာ သတ်မှတ်ရက် အတွင်းဆက်သွယ်မှုမရှိပါက ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းကြောင်း ဒုရဲမှုးဦးဝင်းလွင်ကပြောပါတယ်။
 
၂၀၁၇ဇန်နဝါရီလမှ အောက်တိုဘာလအထိ ယာဉ်မတော်မဆဖြစ်ပွားမှု ၁၄၈ မှုရှိပြီး သေဆုံးသူ သေဆုံးသူ ၂၉ ဦးရှိတယ်လို့ အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ ( ရန်ကုန် ) က ထုတ်ပြန်ထားပါတယ်။
 
 

logo