Menu

You are here


 
 
 
 
Unicode
 
တစ်ပတ်ရစ်ကားဈေးကွက်အေး သိန်း၃၀၀ ဝန်းကျင် Brand New ကားများအရောင်းသွက်
 
ဘယ်မောင်းကားများသာတင်သွင်းခွင့်ရမည့် ၂၀၁၈မူဝါဒထွက်ရှိပြီးနောက်ပိုင်း တစ်ပတ်ရစ်ကား
ဈေးများ မြင့်တက်ခြင်း ကားဝယ်မည့်သူများမှ မူဝါဒအပြောင်းအလဲကို စောင့်ကြည့်နေခြင်း တို့ကြောင့်
အတွက် တစ်ပတ်ရစ်ကားအရောင်းဈေးကွက် တွင် အဝယ်နည်းနေကြောင်း ကားဝယ်ရောင်းလုပ်ငန်းရှင်များထံက သိရပါတယ်။
 
တစ်ပတ်ရစ်ကားဈေးများမြင့်တက်လာချိန်တွင် ဈေးနှုန်းခြင်း သိပ်မကွာတော့သည့် Brand New ကားများကို ပြည်သူများအနေဖြင့် ပိုမိုရွေးချယ်ဝယ်ယူလာကြကြောင်း Brand New ကားအရောင်းပြခန်းများ ထံ က သိရပါတယ်။
 
Brand New ကားများကိုဝယ်ယူရာတွင် အရစ်ကျစနစ်ဖြင့်ဝယ်ယူနိုင်ခြင်း တစ်နှစ်တာလက်ခအခမဲ့ပြင်ဆင်ပေးခြင်း နှင့် အခြားအာသားချက်များရှိသည့်အတွက် လူကြိုက်များတာဖြစ်တယ်လို့ Brand New ကားအရောင်းပြခန်းများ ထံ က သိရပါတယ်။
 
Brand New ကားများရောင်းချရာတွင် သိန်းနှစ်ရာ့ငါးဆယ်မှ သိန်းသုံးရာဝန်းကျင် Brand Newကားများ မှာ ပိုမိုရောင်းအားကောင်းကြောင်း ကားအရောင်းပြခန်းများ ထံ က သိရပါတယ်။
 
 

logo