Menu

You are here

Jukeကို ဆက်ခံမယ့် Kicksကို လော့စ်အန်ဂျလိစ်မှာ Nissan မိတ်ဆက်

Nissanဟာ Juke မော်ဒယ်လ်တွေကို ဆက်ခံမယ့် SUVမော်ဒယ်လ်သစ် Kicksကို တရားဝင် မိတ်ဆက်လိုက်ပါတယ်။

 

၂၀၁၁ မှာ စတင်ထုတ်လုပ်ခဲ့ချိန် ကတည်းက Jukeဟာ အမေရိကန်နဲ့ နိုင်ငံတကာ ဈေးကွက်မှာ ဂျပန်ကားကုမ္ပဏီရဲ့ အောင်မြင်တဲ့ ထုတ်ကုန်တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့တယ်။ ထူးခြားတဲ့ ဒီဇိုင်းရယ်၊ ဆလင်ဒါ လေးလုံးတပ် Turbocharged အင်ဂျင်က ထွက်ပေါ်လာတဲ့ အံ့ဩစရာ စွမ်းဆောင်ရည်ရယ်က Jukeကို လူကြိုက်များစေခဲ့ပါတယ်။

 

အခုတော့ Jukeတွေ ထုတ်လုပ်မှု ရပ်ဆိုင်းထားတဲ့ Nissanဟာ အမေရိကန်က အလတ်စား SUVဈေးကွက်မှာ ဆက်လက် ပါဝင်ယှဉ်ပြိုင်နေဖို့အတွက် Kicksကို လော့စ်အန်ဂျလိစ် ကားပြပွဲမှာ ထုတ်ဖော် ပြသလာခဲ့တာ ဖြစ်ပါတယ်။

 

အမေရိကန်မှာတော့ Kicksတွေကို လာမယ့်နှစ်၊ ဇွန်လမှာ စတင်ရောင်းချသွားမယ်လို့ ဆိုတယ်။ ဒီကားတွေရဲ့ အထိုင်ဟာ Jukeနဲ့ယှဉ်ရင် ၆.၇ လက်မ ပိုရှည်သွားပါတယ်။ ဘီးနှစ်ဘီးကြား အကွာအဝေးက Jukeထက် ၃.၅ လက်မ ပိုမိုရှည်လျားနေတာ တွေ့ရပါတယ်။ အမြင့်ကတော့ လက်မဝက်လောက်ပဲ ပိုသွားပါတယ်။

 

၂၀၁၈ မော်ဒယ်လ် Kicksတွေမှာ 1.6-litre inline-four အင်ဂျင်ကို တပ်ဆင်ထားပြီး မြင်းကောင်ရေ ၁၂၅ ကောင် စက်အားနဲ့ ၁၁၅ ပေါင်-ပေ ရုန်းအားကို ထုတ်ပေးနိုင်ပါတယ်။ ဒါဟာ Jukeရဲ့ 1.6-litre အင်ဂျင်ယူနစ်နဲ့ ယှဉ်ရင် မြင်းကောင်ရေ ၆၃ ကောင်နဲ့ ရုန်းအား ၆၂ ပေါင်-ပေ လျော့သွားတဲ့ သဘောပါ။

 

Kicksကို Autoဂီယာ ခြောက်ချက်နဲ့ ထုတ်လုပ်ထားပြီး လေးဘီးယက်စနစ် မောင်းနှင်မှုအတွက် ရွေးချယ်ခွင့်တော့ ပါဝင်မလာတာကို တွေ့ရပါတယ်။ ကားရဲ့ အရောင်ကိုတော့ အမိုးပိုင်းနဲ့ ကိုယ်ထည်ကြား ကွဲပြားတဲ့ နှစ်ရောင်စာ ရွေးချယ်ခွင့် တော်တော်များများကို ခွင့်ပြုပေးထားကြောင်း သိရှိရပါတယ်။

 

Ref: Car & Driver

logo