Menu

You are here

Toyota Alphard

ပြည်တွင်းကားဈေးကွက်ထဲမှာ လူကြိုက်များကားတစ်စီး ဖြစ်ပြီး ဇိမ်ခံကားအဖြစ်ရော မိသားစုစီးအဖြစ်ပါ အသုံး ဝင်တဲ့ တိုယိုတာ Alphard 2014 ကို 7Day Cars အယ်ဒီ တာအကြိုက်အဖြစ် ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ တိုယိုတာ Alphard ကို Alphard G နဲ့ Alphard V ဆိုပြီး Sub-Brand နှစ်မျိုးနဲ့ ခွဲခြားပြီး ၂၀၀၂ မှာ စတင်ထုတ် လုပ်ပါတယ်။ ၂၀၀၇ မှာ Sub-Brand နှစ်မျိုးခွဲခြား ထုတ်လုပ်မှုကို ရပ်နားပြီး ၂၀၀၈မှာ Alphard ဆိုတဲ့ Sub-Brand တစ်မျိုးတည်းကိုသာ ထုတ်လုပ်ပါတော့ တယ်။ အဲဒါကြောင့် တိုယိုတာ Alphard ရဲ့ ပထမမျိုးဆက် ကို ၂၀၀၂ မှ ၂၀၀၇ လို့သတ်မှတ်နိုင်ပြီး Sub-Brand နှစ်မျိုးကို တွေ့နိုင်ပါတယ်။ ဒုတိယမျိုးဆက် ပုံပြောင်းကို တော့ ၂၀၀၈ မှာ Alphard ဆိုတဲ့ Sub-Brand တစ်မျိုး တည်း ထုတ်လုပ်ပါတယ်။ ဒုတိယမျိုးဆက်ကို ၂၀၀၈ တစ်နှစ်တည်းမှာသာ ထုတ်လုပ်ခဲ့ပြီး ၂၀၀၉ နှစ်လယ် ပိုင်းလောက်မှာ တတိယမျိုးဆက် ပုံပြောင်းကိုထုတ်လုပ်လာပါတယ်။ ၂၀၁၀ ပုံပြောင်းလို့ လူသိများကြတဲ့ Alphard 2009 ကို ၂၀၁၁ နှစ်ကုန်ပိုင်းအထိ ထုတ်လုပ်ပါတယ်။ စတုတ္ထမျိုး ဆက်ကိုတော့ မီးသီး၊ မီးခွက်ပုံပြောင်းတွေအပြင် အတွင်းခန်းဂရိတ်တွေကိုပါ အဆင့်မြင့်ထုတ်လုပ်လာပါတယ်။ GS ဂရိတ်လို့လူသိများတဲ့ ၂၀၁၂ ပုံပြောင်းကိုလည်း တစ်နှစ်သာ ထုတ် လုပ်ပြီး ၂၀၁၃ ရောက်ချိန်မှာ ၂၀၁၁ မော်ဒယ်နဲ့ ဒီဇိုင်းပိုနီးစပ်တဲ့ ပုံပြောင်းမျိုးဆက်တစ်ခုကို ပြန်လည် ထုတ်လုပ်လာပါတယ်။ ၂၀၁၃ ပုံပြောင်းဂရိတ်တွေကို ၂၀၁၄အထိ ဆက်လက်ထုတ်လုပ်လာခဲ့ပြီး ၂၀၁၅ မှာ ၂၀၁၅ Alphard ပုံပြောင်းကို တိုကျိုမော်တာရှိုးမှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ ၂၀၁၄ Alphard ရဲ့ အခြေခံဂရိတ်တွေက အရမ်းများပြီး ရှုပ်ထွေးနေတဲ့အ တွက် Chassis ID ဖြင့် ခွဲခြား ဖော်ပြပေးသွားပါတယ်။ GGH25W-4WD-3500CC GGH20W-2WD-3500CC ANH25W-4WD-2400CC ANH20W-2WD-2400CC ဆိုပြီး Chassis လေး မျိုးကို အင်ဂျင်အရွယ်နဲ့ မောင်း နှင်ပုံစံအလိုက် ခွဲခြားပါတယ်။ GGH25W မှာ 350G, 350S, 350S Type, 350S C Package, 350G L Package, 350G Pre- mium ဆိုပြီး ဂရိတ်ခြောက်မျိုးခွဲခြား ထုတ်လုပ်ပါတယ်။ ဂရိတ်တွေတစ်ခုနဲ့တစ်ခု ကွာခြားချက်သိပ်မများပေမယ့် Al-phard ရဲ့ ဂရိတ်အမြင့်တွေမှာသာ Leather ထိုင်ခုံအပြည့်နဲ့ Dashboard ကျွန်းကွက်ဖြစ်တာကို တွေ့ရပါတယ်။ GGH20W Chassis မှာ တော့ 350S, 350G, 350S Type, 350S C Package, 350S GS, 350G L Package, 350G Pre- mium ဆိုပြီး ဂရိတ်ခုနစ်မျိုးကို ထုတ်လုပ်ပါတယ်။ GGH25W ရဲ့ ဂရိတ်တွေနဲ့ ကွာခြားတာက 2WD ဖြစ်တာကလွဲပြီး ကျန်တာ ကတော့ အားလုံးကွဲလွဲပုံတူညီပါတယ်။ GGH အစပြုတဲ့ ဂရိတ် တွေအားလုံးကို အော်တိုဂီယာ ခြောက်ချက်ဖြင့် ထုတ်လုပ်ပါ တယ်။ တိုယိုတာ Alphard ရဲ့ အမြင့်ဆုံးဂရိတ်နဲ့ အင်ဂျင်အရွယ် အစားအကြီးဆုံးဂရိတ်တွေကိုလည်း GGH Chassis မှာသာ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ANH25W မှာတော့ 240S GS, 240S C Package, 240S Type, 240S, 240X ဆိုတဲ့ ဂရိတ်ငါးမျိုးကို ထုတ်လုပ်ပါတယ်။ အတွင်းခန်းထိုင်ခုံတွေက Leather မဖြစ်တော့ဘဲ ဂရိတ်အား လုံးအတွက် ရှန်မွိုင်းဖြစ်တာ တွေ့ရပါတယ်။ အပြင်ဘက်မှာ လည်း စကတ် Fog Light က မပါဝင်ဘဲ ထပ်မံတပ်ဆင်ရတာ ဖြစ်ပါတယ်။ ကျန်တဲ့အစိတ်အပိုင်းတွေကတော့ Alphard 2014 ဂရိတ်အားလုံးတူညီပါတယ်။ ANH20W မှာတော့ 240X, 240S, 240G, 240S Type, 240S C Package ဆိုပြီး ဂရိတ် ငါးမျိုးကို ထုတ်လုပ်ပါတယ်။ ANH25W ကွဲလွဲတာက 2WD, 4WD ကွဲလွဲတာကလွဲပြီး ကျန်တာအားလုံးကတော့ တူညီပါ တယ်။ ANH Chassis Series တွေကိုတော့ CVT ဂီယာဖြင့် ထုတ် လုပ်ထားပါတယ်။ တိုယိုတာ Alphard 2014 ရဲ့ အလတ်တန်း ဂရိတ်တွေကို ANH Series ထဲမှာ ရွေးချယ်နိုင်ပါတယ်။ ပြည်တွင်းဈေးကွက်ထဲမှာ အစီးရေနည်းပါးနေသေးပေ မယ့် နောက်ပိုင်းမှာ တင်သွင်းမှုများလာနိုင်သော ကားတစ်စီး ဖြစ်ပြီး ပြည်တွင်းကို တင်သွင်းမယ်ဆိုရင်တော့ အခွန်ဆောင်ပြီး နံပါတ်ထွက်ပြီး Alphard 2014 တစ်စီးကို ကျပ်သိန်း ၁၄၅၀ လောက်အထိ ကျသင့်နိုင်ပါတယ်။

အောင်ဖြိုးမွန်

logo