Menu

You are here

ခုနစ်ယောက်စီး ဇိမ်ခံ SUVအသစ် RXLကို လော့စ်အန်ဂျလိစ်မှာ ပွဲထုတ်လာခဲ့တဲ့ Lexus

Lexusရဲ့ ခုနစ်ယောက်စီး SUV မော်ဒယ်လ်သစ် RXLကို လော့စ်အန်ဂျလိစ် ကားပြပွဲမှာ တရားဝင် ထုတ်ဖော် မိတ်ဆက်လိုက်ပါတယ်။

 

Lexusဟာ သူတို့ရဲ့ ရောင်းအားအကောင်းဆုံး RXဇိမ်ခံ SUVကို ၂၀၁၈ မော်ဒယ်လ်နှစ်မှာ အဆင့်တစ်ခု ထပ်မံ မြှင့်တင် လိုက်တယ်လို့ ဆိုရမှာပါ။ အရင်မော်ဒယ်လ်နဲ့ ယှဉ်ရင် RXL အသစ်ဟာ ၄.၃ လက်မ ပိုရှည်လာပြီး လူခြောက်ယောက်ကနေ ခုနစ်ယောက်ထိ သက်တောင့်သက်သာ လိုက်ပါနိုင်လောက်အောင် ကျယ်ပြန့်လာပါတယ်။

 

ဒီကားတွေကို ရှေ့ဘီးယက်နဲ့ လေးဘီးယက် နှစ်မျိုးနှစ်စား ထုတ်လုပ်မှာဖြစ်ပြီး ဈေးနှုန်းက ဒေါ်လာ လေးသောင်း ခုနစ်ထောင်နဲ့ လေးသောင်းကိုးထောင်စီလောက် ကျသင့်ပါလိမ့်မယ်။ Toyota လက်အောက်ခံ ဂျပန် ဇိမ်ခံကား ကုမ္ပဏီက RXL အသစ်တွေကို နှစ်ကုန်ပိုင်းမှာ စရောင်းမယ်လို့ ပြောပါတယ်။

 

RXတွေကို မိသားစုသုံး တောင်းဆိုမှုတွေအတွက် ပိုမိုသင့်တော်အောင် ချဲ့ထွင် တည်ဆောက်ထားပြီး RXLဆိုတဲ့ နာမည်နဲ့ ရောင်းချလာတာလို့ Lexusက ပြောပါတယ်။ ကားရဲ့ အတွင်းခန်း ဖွဲ့စည်းမှုဟာ ခုံတန်းသုံးခုနဲ့ ဖြစ်လာတယ်။

 

ဒီကားတွေဟာ ဈေးကွက်ထဲမှာ Audiရဲ့ Q7လို အကြီးစား ဇိမ်ခံ SUVတွေကို အဓိက စိန်ခေါ် ပြိုင်ဆိုင်သွားရဖွယ် ရှိနေပါတယ်။ RXLတွေရဲ့ အင်ဂျင်ကိုတော့ ဓာတ်ဆီသီးသန့်နဲ့ Hybrid နည်းပညာသုံး အမျိုးအစားတွေ ရွေးချယ်ခွင့် ပေးထားပါတယ်။ အင်ဂျင်အားကတော့ မြင်းကောင်ရေ ၂၉၀ နဲ့ ၃၀၈ ကောင်ဆိုပြီး ခွဲခြား မှာယူနိုင်မှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

 

Ref: Auto Week

logo