Menu

You are here

မြို့ဝင်ကြေးကောက်ခံရေးဂိတ်အနီးတွင် အိမ်စီးကားဘုရားဖူးယာဉ်လေးစီး ဆင့်တိုက်မှုဖြစ်ပွား

ရန်ကုန်

ပဲခူးတိုင်းဒေသကြီး ဝေါမြို့ မြို့ဝင်ကြေးကောက်ခံရေးဂိတ်အနီးတွင် အိမ်စီးကားဘုရားဖူးယာဉ်လေးစီး စင့်ဆင့်တိုက်မှုဖြစ်ပွားခဲ့ပြီး လူဆယ်ဦးဒဏ်ရာရရှိခဲ့သည်။

အဆိုပါဘုရားဖူးယာဉ်လေးစီးသည် ကျိုက်ထီရိုးဘုရားမှအပြန် ဒီဇင်ဘာ၆ရက်ညနေ၆နာရီကျော်အချိန် တွင် မြို့ဝင်ကြေးပေးဆောင်သည့် ဂိတ်အနီးတွင်လေးစီးဆင့်းတိုက်မိခဲ့ခြင်းဖြစ်ကြောင်း ကားတိုက် သည့် နေရာသို့သွားရောက် ကူညီသူအမျိုးသားတစ်ဦး ကပြောသည်။

"ကယ်ဒီနားကားနဲ့ယာဉ်တိုက်မှုဖြစ်တဲ့ဒုတိယကားနဲ့ကအပြိုင်မောင်းပြီးကျော်တယ်ပြောတယ်။ရှေ့ကားကအရှိန်နဲ့ရပ်လိုက်တော့နောက်ကားတွေကိုဝင်တိုက်တာပါ။ကားတိုက်လို့ထိခိုက်ဒဏ်ရာရသူတွေက တော့စိုးရိမ်စရာမရှိပါဘူး"ဟု ၄င်းကပြောသည်။

ရှေ့ဆုံးအိမ်စီးကားတွင် ခြောက်ဦးလိုက်ပါလာပြီး ဒုတိယကာချောင်ဂမ်းယာဉ်ပေါ်တွင် ၂၀ဦး တတိယ ဟိုက်ဂျက်ယာဉ်ပေါ်တွင် ၁၁ဦးနှင့် နောက်ဆုံးမှဝင်တိုက်မိခဲ့သည့် လိုက်ထရက်ယာဉ်ပေါ်တွင်၂၀ဦး လိုက်စီးနင်းလာကြောင်း ဝေါမြို့ရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

"အမျိုးသမီး၅ဦးနဲ့ကလေးနှစ်ယောက်အမျိုးသားသုံးဦးထိခိုက်ဒဏ်ရာရတယ်။အားလုံးပွန်းပဲ့ဒဏ်ရာ လောက်ဘဲရတဲ့အတွက်စိုးရိမ်စရာတော့မရှိပါဘူး။ဘယ်သူတိုက်တိုက်နောက်ကတိုက်တဲ့သူအမှားပါ" ဟု ၄င်းကပြောသည်။

ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့်အတွက် ယာဉ်လေးစီးပျက်စီးဆုံးရှုံးမှုတန်ဖိုး ရှစ်သိန်းကျော်ပျက်စီးဆုံးရှုံး ခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကျူးလွန်သူ ချောင်ဂမ်းယာဉ်မောင်း ဦးကျော်လေး၊ဟိုက်ဂျက်ယာဉ်မောင်း ဦးသိန်းထွန်း နှင့် လိုက်ထရက်ယာဉ်မောင်း ကိုမောင်မောင်နိုင် သုံးဦးကိုဝေါရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေကြောင်း ဝေါရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

logo