Menu

You are here

ဆင်မလိုက်သဘောင်္ကျင်း မှတ်တိုင်အနီး ကွန်တိန်နာယာဉ်နှင့် ၁၂ဘီးကုန်တင်ယာဉ် မျက်နှာချင်းဆိုင် ၀င်တိုက်

ရန်ကုန်

ကမာရွတ်မြို့ နယ် ဘုရင့်နောင်လမ်းမ ဆင်မလိုက်သဘောင်္ကျင်း မှတ်တိုင်အနီး ကွန်တိန်နာယာဉ်နှင့် ၁၂ဘီးကုန်တင်ယာဉ် မျက်နှာချင်းဆိုင် ၀င်တိုက်မူဖြစ်ပွားခဲ့သည်။

ယာဉ်တိုက်မှုဖြစ်ပွာခဲ့သည့်အတွက် စားအုန်းဆီများတင်ဆောင်လာသည့် ၁၂ဘီကားကုန်တင်ယာဉ် တွင် လိုက်ပါလာသည့် ယာဉ်အကူဖြစ်သူမှာ ဒဏ်ရာရရှိခဲ့ကြောင်း ကမာရွတ်ရဲစခန်းမှ ရဲအရာရှိတစ်ဦး ကပြောသည်။

"ကွန်တိန်နာယာဉ်ကဘုရင့်နောင်ဘက်ကနေဆင်မလိုက်ကိုမောင်းတယ်။ကားရှေ့ဘီးပေါက်ပြီးတော့တစ်ဖက်လမ်းထဲရောက်သွားတယ်။တစ်ဖက်လမ်းကမောင်းလာတဲ့စားအုန်းဆီကားနဲ့မျက်နှာချင်းဆိုင်တိုက်မိတာပါ"ဟု ၄င်းကပြောသည်။

ဒီဇင်ဘာ၇ရက် ည၈နာကျော်အချိန်တွင်ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုနေရာသို့ သက်ဆိုင်ရာအဖွဲ့များမှ လာရောက်ကူညီကယ်ဆယ်ပေးခဲ့ပြီး ခြေထောက်ညပ်နေသည့် အမျိုးသားကိုနာရီဝက်ခန့်အကြာတွင် ကားပေါ်မှဆွဲထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကျူးလွန်သူ ကွန်တိန်နာယာဉ်မောင်းကို ကမာရွတ်ရဲစခန်းမှဖမ်းဆီးအရေးယူ အမှုဖွင့် ထားကြောင်း ရဲအရာရှိတစ်ဦးကပြောသည်။

 

logo