Menu

You are here

၂၀၁၉ မော်ဒယ်လ်သစ် Nautilus ဇိမ်ခံ SUVတွေကို Lincoln မိတ်ဆက်

Lincolnရဲ့ ဇိမ်ခံ SUV အမျိုးအစား Nautilusရဲ့ ၂၀၁၉ မော်ဒယ်လ်သစ်ကို လော့စ်အန်ဂျလိစ် ကားပြပွဲမှာ မိတ်ဆက်သွားခဲ့ပါတယ်။

 

အမေရိကန် ကားကုမ္ပဏီ Fordရဲ့ လက်အောက်ခံ ဇိမ်ခံကား အမှတ်တံဆိပ်ဟာ အလတ်စား SUVမော်ဒယ်လ် MKXကို အဆင့်မြှင့်တင် နာမည်ပြောင်းပြီး Nautilusကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ “Nautilusဟာ ကျွန်တော်တို့အတွက် သိပ်ကို အရေးကြီးတဲ့ ထုတ်ကုန်တစ်ခု ဖြစ်ပါတယ်”လို့ Fordရဲ့ အရောင်းမြှင့်တင်ရေးဌာန အကြီးအကဲ ကူမာ ဂယ်လ်ဟော့ထရာက ပြောကြားခဲ့ပါတယ်။

 

၂၀၁၉ မော်ဒယ်လ်သစ် Nautilusဟာ ထူးခြားထင်ရှားတဲ့ အဆင့်မြှင့်တင် မွမ်းမံမှု အများအပြားနဲ့ ထွက်ပေါ်လာတဲ့ SUVတစ်စီးလို့ ဆိုတယ်။ ကားရဲ့ အင်ဂျင်ပိုင်းမှာတော့ ရွေးချယ်စရာ နှစ်မျိုးရှိပါတယ်။ ပထမ အမျိုးအစားကတော့ 2.0-litre ဆလင်ဒါ လေးလုံးတပ် အခြေခံ မော်ဒယ်လ်ဖြစ်ပြီး မြင်းကောင်ရေ ၂၄၅ ကောင် စက်အားကို ထုတ်ပေးနိုင်တယ်။ စွမ်းဆောင်ရည် ပိုမြင့်တဲ့ အမျိုးအစားမှာတော့ မြင်းကောင်ရေ ၃၃၅ ကောင်အား 2.7-litre V6 အင်ဂျင်ကို တပ်ဆင်ထားတယ်လို့ ဆိုတယ်။

 

Lincolnအနေနဲ့ ထုတ်လုပ်မှု သက်တမ်းကာလ အဆုံးသတ်တော့မယ့် MKXတွေ အတွက်လည်း အဲဒီ V6အင်ဂျင်နဲ့ မှာယူခွင့် သတ်မှတ်ပေးခဲ့ပါတယ်။ လောလောဆယ်မှာတော့ MKXတွေဟာ Turboနည်းပညာ မပါတဲ့ မြင်းကောင်ရေ ၃၀၃ ကောင်အား 3.7-litre အင်ဂျင်တွေကိုပဲ သုံးနေပါတယ်။

 

Nautilusမှာ MKXရဲ့ ဂီယာခြောက်ချက်အစား Autoဂီယာ ရှစ်ချက်နဲ့ ဖြည့်စွက် အစားထိုးလိုက်တယ်။ MKXတွေဟာ အမေရိကန် ပြည်ထောင်စုမှာ Lincolnရဲ့ ရောင်းအား အကောင်းဆုံး ဇိမ်ခံ SUVတွေအဖြစ် ရပ်တည်ခဲ့ပေမယ့် အခုအခါမှတော့ Nautilusတွေက အစားထိုး ဆက်ခံလာတော့မှာ ဖြစ်ပါတယ်။

 

Ref: Forbes

logo