Menu

You are here

အကွာအဝေးနဲ့မြန်နှုန်း ထိန်းညှိပေးတဲ့စနစ်

တိုယိုတာရဲ့ နည်းပညာသစ်တွေမှာ ယာဉ်မောင်းတွေအတွက် အ မှန်တကယ်အသုံးဝင်မယ့် နည်းပညာတစ်ခုလည်း ပေါ်ထွက်လာ ခဲ့ပါတယ်။ အဲဒီနည်းပညာကိုတော့ Dynamic Radar Cruise Control လို့ ခေါ်ပါတယ်။ ဒီနည်းပညာက ခရီးဝေးမောင်းနှင်တဲ့နေရာမှာ အသုံးဝင်တဲ့ နည်းပညာတစ်ခု ဖြစ်ပါတယ်။ ခရီးဝေးမောင်းနှင်စဉ် ရှေ့က မောင်းနေတဲ့ ကားရဲ့အကွာအဝေးနဲ့ မြန်နှုန်းကို အာရုံခံပြီး ကိုယ့်ကားရဲ့ အကွာအဝေးနဲ့ မြန်နှုန်းကို အလိုအလျောက်ထိန်းညှိပေးတဲ့စနစ် ဖြစ်ပါတယ်။ အဝေးပြေးလမ်းမပေါ်မှာ မိမိကားကို မောင်းနှင်နေတဲ့ မြန် နှုန်းကို တစ်နာရီကို ကီလိုမီတာ ၁၀၀ နှုန်းနဲ့ မောင်းနှင်နေတဲ့အခါ ရှေ့က ကီလို ၈၀ လောက်နဲ့ မောင်းနေတဲ့ကားနဲ့ လမ်းပိုင်း (Lane)တစ်ခုတည်းမှာဆုံမိပြီဆိုရင် DRCC စနစ်က စတင်လုပ်ဆောင်ပါတယ်။ ကားရှေ့မှန်နဲ့ အမိုးကြားမှာရှိနေတဲ့ ကင်မရာနဲ့ ကားရှေ့က Millimeter-wave Radar က ရှေ့က ကားရဲ့ အကွာအဝေးနဲ့ မောင်းနှင်နှုန်းကို အာရုံခံမှာ ဖြစ်ပါတယ။် မိမိကားရှေ့မှာ မောင်းနေတဲ့ ကားရဲ့မြန်နှုန်းက မိမိကားရဲ့ မြန်နှုန်းအောက်လျော့နည်းနေရင် ကားရဲ့မြန်နှုန်းကို ရှေ့က ကားရဲ့ မြန်နှုန်းနဲ့ တူညီအောင် ထိန်းညှိပေးမှာ ဖြစ်ပါတယ်။ မြန်နှုန်းတူ ညီအောင် ထိန်းညှိပေးတဲ့အပြင် မြန်နှုန်းအလိုက် ဘရိတ်ကလုပ် ဆောင်ပေးနိုင်မယ့် မြန်နှုန်းထိန်းချုပ်နိုင်မှုအကွာအဝေးကို အလိုအလျောက်တွက်ချက်ပြီး ရှေ့ကားနဲ့ အကွာအဝေးကို ထိန်းချုပ် ပေးထားနိုင်ပါတယ်။ တကယ်လို့ ရှေ့ကားက လမ်းပိုင်း (Lane)ပြောင်းပြီး ရှောင်ပေးလိုက်ပြီဆိုရင်တော့ မိမိကားရဲ့ မြန်နှုန်းကို ပြန်မြှင့်ပြီးမောင်းနှင်လိုမှာ ဖြစ်ပါတယ်။ ယင်းစနစ် ရဲ့ လုပ်ဆာင်ချက်ကြောင့် အဝေးပြေးလမ်းတွေမှာ မြန်နှုန်းမြင့် မောင်းနှင်မှုကြောင့် ဖြစ်ပေါ်စေနိုင်တဲ့ နောက်ကားက ရှေ့ကားကို တိုက်မိတဲ့ ဖြစ်စဉ်မျိုးတွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ DRCC စနစ်က ကားမြန် နှုန်းတစ်နာရီ ကီလိုမီတာ ၃၀နှုန်းရဲ့အထက်ကို ရောက်လာမှ စတင်လုပ်ဆောင်မယ့် စနစ်ဖြစ်ပါတယ်။ အဲဒါကြောင့် DRCC စနစ်က အဝေးပြေးလမ်းတွေပေါ်က မြန်နှုန်းမြင့်မောင်းမယ့် ယာဉ်မောင်း တွေအတွက် ပိုပြီးအသုံးဝင်မယ့် နည်းပညာဖြစ်လာမှာပါ။

_အောင်ဖြိုးမွန်

logo