Menu

You are here

GR Super Sport Conceptကို တိုကျို ပြပွဲမှာ ထုတ်ပြမယ့် Toyota

Toyotaရဲ့ GR Super Sportဆိုတဲ့ Conceptအဆင့် ပြိုင်ကားကို တိုကျို ကားပြပွဲမှာ မိတ်ဆက်မယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

 

ဇန်နဝါရီမှာ ကျင်းပမယ့် ကားပြပွဲမှာ ပြိုင်ပွဲဝင် အဆင့်အနေနဲ့ ဖန်တီးထားတဲ့ Concept နမူနာကို ပြသဖို့ ဂျပန်ကားကုမ္ပဏီက အသင့်ဖြစ်နေပါပြီ။ ကားနာမည်ကိုတော့ GR Super Sportလို့ သတ်မှတ်ထားပါတယ်။

 

Toyotaက ပြားဝပ်တဲ့ ကိုယ်ထည်နဲ့ တည်ဆောက်ထားတဲ့ ပြိုင်ကားရဲ့ အမှောင်ချထားတဲ့ ပုံရိပ်ကို အမြည်းသဘော ထုတ်ပြထားပါတယ်။ ဒါပေမဲ့ ယေဘုယျ တွေ့မြင်ရတဲ့ အနေအထား အရတော့ TS050 Hybridတုန်းကလို ထက်သန် အားကောင်းတဲ့ လေခွင်းမောင်းနှင်မှု ဒီဇိုင်းမျိုးကို အသားပေး တည်ဆောက်ထားဟန် မရှိပါဘူး။

 

ပြီးတော့ Toyotaက GR Super Sportရဲ့ စက်ပိုင်းဆိုင်ရာ အချက်အလက်တွေကိုလည်း မထုတ်ပြန်သေးဘဲ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။ Toyotaဟာ တိုကျို ပြပွဲမှာ Yaris WRCနဲ့ TS050 ကားတွေကိုပါ ပြသသွားမှာ ဖြစ်ပါတယ်။

 

အဲဒီကားတွေကို Toyotaက Gazoo Racingဆိုတဲ့ ပြိုင်ကား တည်ဆောက်မှု ဌာနခွဲရဲ့ ခေါင်းစဉ်အောက်မှာ ထုတ်လုပ် မိတ်ဆက်ဖို့ စီစဉ်ထားကြောင်းလည်း သိရှိရပါတယ်။

 

Ref: Motor 1

logo