Menu

You are here

RDX မျိုးဆက်သစ်ကို Acura အရိပ်အမြွက် ထုတ်ပြ

Acuraက ကုမ္ပဏီရဲ့ တန်ဖိုးကြီး အသေးစား SUVဖြစ်တဲ့ RDXရဲ့ ၂၀၁၉ မော်ဒယ်လ်ကို ရိပ်ဖမ်းသံဖမ်း ထုတ်ပြလိုက်ပါတယ်။

 

Acuraက ပြသထားတဲ့ ဓာတ်ပုံမှာတော့ အနီရောင် SUVရဲ့ ဘေးဘက် ကိုယ်ထည်ကို အမှောင်ချထားလျက်သား တွေ့ရပါတယ်။ ဒီကားဟာ Sport Type ပိုဆန်တဲ့ပုံ ပီပြင်လာပြီး RDX မျိုးဆက်သစ်အတွက် နောက်ဆုံး အတည်ပြုထားတဲ့ ဒီဇိုင်းလို့လည်း ယူဆရပါတယ်။

 

Acuraဟာ ၂၀၁၉ မော်ဒယ်လ်သစ် RDXကို လာမယ့်နှစ်၊ ဒက်ထရိုက် ကားပြပွဲမှာ မိတ်ဆက်သွားဖို့ ရှိနေပြီး အဲဒီအချိန်မှာ အဆင့်မြှင့်တင် စမ်းသပ်ဆဲ Prototype အဆင့်အနေနဲ့သာ သတ်မှတ်ထားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဇိုင်းပိုင်းကတော့ လက်တွေ့ ထုတ်လုပ်ရောင်းချမယ့် မော်ဒယ်လ်နဲ့ အပြောင်းအလဲ မရှိနိုင်လောက်ပါဘူး။

 

RDX မျိုးဆက်သစ်ဟာ ဒီဇိုင်းပိုင်းမှာ မူလမျိုးဆက်နဲ့ ကြီးမားတဲ့ ကွဲပြားမှုတွေ ရှိနိုင်ပြီး သုံးဘက်မြင် အချိုးအစား အင်ဂျင် လေဝင်ပေါက်ကို ပုံဖော်ထားပါတယ်။ ကားရှေ့ပိုင်း အလယ်မှာတော့ Acuraရဲ့ A အမှတ်တံဆိပ်ကို ထင်ထင်ရှားရှား တွေ့နိုင်မှာ ဖြစ်ပါတယ်။

 

RDX အသစ်ဟာ Acuraရဲ့ အထူးပြု ဒီဇိုင်း ပလက်ဖောင်းသစ်ပေါ် အခြေခံ တည်ဆောက်မယ့် ပထမဆုံး မော်ဒယ်လ် ဖြစ်လာမယ်လို့လည်း ဆိုပါတယ်။ ကားရဲ့ အတွင်းပိုင်း အဆင်အပြင်ကလည်း မိခင်ကုမ္ပဏီ Hondaရဲ့ စိတ်ကူးတွေနဲ့ ခြားနားမှု ရှိပါလိမ့်မယ်။

 

Acuraက ဒီSUV အသစ်တွေကို ၂၀၁၈ နှောင်းပိုင်းလောက်မှ စတင်ရောင်းချဖို့ ရှိနေပြီး ဈေးကွက်ထဲမှာတော့ BMW X3၊ Volvo XC60တို့လို ကျစ်လစ်သေးငယ်တဲ့ SUVမော်ဒယ်လ်တွေနဲ့ အဓိက ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

 

Ref: CNet

logo