Menu

You are here

LF-1 Limitless Conceptရဲ့ ရှေ့မီးဒီဇိုင်းကို Lexus ကြိုတင် ပြသ

Lexusဟာ ဇန်နဝါရီမှာ မိတ်ဆက်ပြသမယ့် Conceptအဆင့် Crossover SUVရဲ့ ရှေ့မီး တည်ဆောက်ပုံကို ထုတ်ဖော် ပြသလိုက်ပါတယ်။

 

အခုတစ်ကြိမ် ထုတ်ပြတဲ့ ဓာတ်ပုံဟာ LF-1 Limitlessဆိုတဲ့ Conceptနဲ့ ပတ်သက်ပြီး ရိပ်ဖမ်းသံဖမ်း မိတ်ဆက်လာတဲ့ ဒုတိယ ပုံရိပ်ပါ။ ဒီConceptကို ဒက်ထရိုက် ကားပြပွဲမှာ ထုတ်ဖော် ပြသဖို့ ဂျပန် ဇိမ်ခံကား ကုမ္ပဏီက စီစဉ်ထားပါတယ်။

 

အရင်တုန်းကတော့ ကားရဲ့ နောက်ပိုင်းကိုယ်ထည် အစိတ်အပိုင်းတွေကို လှစ်ဟပြခဲ့ပြီး အခု ထပ်ထုတ်ပြတဲ့ ပုံမှာတော့ အမှောင်ထဲမှာ ထွန်းလင်းနေတဲ့ ကားရှေ့မီး ဒီဇိုင်းကို တွေ့နိုင်ပါတယ်။ ဒါ့အပြင် မီးရောင်လင်းလက်နေတဲ့ Lexus တံဆိပ်ကိုပါ မြင်နေရပါတယ်။

 

ဒီကားဟာ Lexusရဲ့ အနာဂတ် မော်ဒယ်လ်တွေအတွက် ဒီဇိုင်းစိတ်ကူးတွေကို ထင်ဟပ်စေတဲ့ အခင်းအကျင်း တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ပြီးတော့ LF-1 Limitlessကို Hybrid တည်ဆောက်ပုံနဲ့ Lexusက မိတ်ဆက်မှာ ဖြစ်ပါတယ်။

 

ကားရဲ့ စက်ပိုင်းဆိုင်ရာနဲ့ ဒီဇိုင်း အချက်အလက်တွေကို အသေးစိတ် ဘာမှ မသိရသေးပေမယ့် နောက်ဘက် တည်ဆောက်ပုံ ခပ်မတ်မတ် အချိုးအစား ကိုယ်ထည်နဲ့ ဖြစ်ဖွယ် ရှိပါတယ်။ ပြီးတော့ ဒီကားရဲ့ ပုံစံက ဇိမ်ခံကား စံနှုန်းထက် Sport Typeဘက် ပိုယိမ်းအောင် ပြောင်းလဲထားမယ်လို့လည်း ယုံကြည်ရပါတယ်။

 

Ref: Top Gear

logo