Menu

You are here

Renaultရဲ့ Symbioz Conceptအတွက် Speakerကို ဖန်တီးပေးခဲ့တဲ့ Devialet

Devialetဟာ Renaultရဲ့ Conceptကား Symbiozအတွက် Speaker တစ်ခုကို သီးခြား တည်ဆောက်ပေးခဲ့ကြောင်း သိရပါတယ်။

 

အိမ်သုံး တန်ဖိုးကြီး အဆင့်မြင့် Speakerတွေ ထုတ်လုပ်ပေးနေတဲ့ Devialetက ပြင်သစ် ကားကုမ္ပဏီ Renaultအတွက် သူတို့ရဲ့ ပထမဆုံးသော ကားအသုံးပြု Speakerကို ထုတ်လုပ်ပေးခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ဒီSpeakerကို ရောင်းတမ်းဝင် မော်ဒယ်လ်တွေမှာတော့ မြင်ရဦးမှာ မဟုတ်ပါဘူး။

 

အကြောင်းရင်းကတော့ Devialetရဲ့ Speakerဟာ Concept အနေနဲ့ မိတ်ဆက်ခဲ့တဲ့ Symbioz အတွက်ပဲ ဖန်တီးခဲ့တာကြောင့်ပါ။ ရေရှည်မှာတော့ Renaultနဲ့ ပူးပေါင်းမှုတွေ ဆက်လက် မြှင့်တင်လာနိုင်တယ်လို့တော့ ကုမ္ပဏီက ပြောပါတယ်။

 

အခြေခံ အကျဆုံး သိထားသင့်တာက Devialetဟာ သမားရိုးကျ ကားSpeakerတွေလိုမျိုး Subwooferတွေနဲ့ တံခါးမှာ တပ်ဆင်တဲ့ Speakerပုံစံတွေကို မသုံးပါဘူး။ ကုမ္ပဏီက အသံထုတ် Module အသေးလေးတွေကို အားပြုတဲ့ Speakerမျိုး တည်ဆောက်ခဲ့တာဖြစ်ပြီး အဲဒီနည်းပညာကြောင့် သာမန် ကားSpeakerတွေထက် အရွယ်အစား ခြောက်ဆထိ ချုံ့နိုင်မယ်လို့ ဆိုတယ်။

 

နောက်ပြီးတော့ ဒီSpeaker အတွင်းပိုင်းမှာ နေရာလွတ်တွေနဲ့ ပိုက်လိုင်းတွေ ချန်ထားပြီး တည်ဆောက်ထားပါတယ်။ ဒါဟာ အသံထွက်ပေါ်မှုမှာ လွတ်လွတ်လပ်လပ် တုန်ခါစေနိုင်ဖို့ ဖြစ်ပါတယ်။ ဒီSpeakerတွေကို အသံကွန်ရက် တစ်ခုအဖြစ် ဖြန့်ကျက် ပေါင်းစပ်လိုက်တဲ့အခါ ထူးကဲပြီး မြူးကြွ ထက်သန်လွန်းတဲ့ အသံစနစ်ကို ရရှိစေမှာ ဖြစ်ပါတယ်။

 

ကုမ္ပဏီ နှစ်ခု ပူးပေါင်းထုတ်ပြန်တဲ့ အချက်အလက်တွေက တကယ့်ကို အထင်ကြီးလောက်စရာပါ။ ဒါကြောင့် ဒီနည်းပညာကို လက်တွေ့ ရောင်းတမ်းဝင်အဆင့် ထုတ်လုပ်တဲ့ Renault မော်ဒယ်လ်တွေမှာပါ တွေ့မြင်ရဖို့ မျှော်လင့်နေရမှာ ဖြစ်ပါတယ်။

 

Ref: Tech Crunch

logo