Menu

You are here

ကားရေဆေးသူတွေ သိထားသင့်တဲ့အချက်တွေ

Presented by CHEVROLET
 
ကိုယ့်အိမ်ကစီးတော်ယာဉ်လေးကို ကိုယ်တိုင်ရေဆေးပြီး သန့်ရှင်းလှပအောင်လုပ်ချင်သူတွေအတွက် ကားရေဆေးတဲ့ နေရာမှာသတိထားရမယ့်အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
 
အစင်းခြစ်ရာထင်နိုင်မယ့်အ၀တ်အစား၊ လက်ဝတ်ရတနာများကိုရှောင်ပါ - ကားရေဆေးတော့မယ်ဆိုရင် သတ္တုဇစ်၊ သတ္တုကြယ်သီးလိုမျိုးပါတဲ့ အ၀တ်အစားမျိုးတွေနဲ့ လက်စွပ်၊ နာရီ၊ ခါးပတ်တွေဝတ်တာမျိုးရှောင်ရ ပါမယ်။ လှုပ်လှုပ်ရှားရှားဆေးရင်း ကြောရင်းအဲဒီအရာတွေနဲ့ ထိမိပြီးကားဆေးပွန်း တတ်လို့ပါ။
ကလေးခေါင်းလျှော်ရည်သုံးပါ- ကားပေါ်မှာငှက်ချေးတို့၊ ကွမ်းတံတွေးတို့လို အညစ်အကြေးတွေစွန်းထင်းနေတာဖယ်ရှားချင်ရင်တော့ ကလေးခေါင်းလျှော်ရည်နဲ့သာ ဆေးကြောလိုက်ပါ။ ခေါင်းလျှော်ရည်တွေ မပြောင်သေးဘဲနဲ့အ၀တ်နဲ့ခြောက်အောင်သုတ်လိုက်တာပြဿနာမရှိပေမယ့် ခေါင်းလျှော်ရည်တွေကို အစွန်းကွက်ပေါ်တင်ထားပြီးနေရောင်မှာ ပစ်ထားမိရင်တော့ ဆေးကွက်တတ်တယ်ဆိုတာ မမေ့သင့်ပါဘူး။
 
ကားအလှဆင်ပစ္စည်းများကိုအညွှန်းတိုင်းသုံးစွဲပါ-ကားဆေးတဲ့ ဆေးရည်အချို့က အညွှန်းအတိုင်းမသုံးဘူး ဆိုရင်ဆေးကွက်တာတို့၊ အရောင်မှိန်တာတို့ဖြစ်နိုင်တဲ့အတွက် သုံးစွဲနည်းအတိုင်းလိုက်နာဖို့လိုပါတယ်။
 
ကားဘီးတွေကိုအရင်ဆေးပါ- ကားတစ်စီးလုံးရေမဆေးခင်မှာ ကားဘီးတွေကိုအရင်ဆုံးသန့်စင်အောင်ဆေး ကြောပါ။ တစ်စီးလုံးဆေးပြီးမှာ ဘီးကိုဆေးမယ်ဆိုရင် ဘီးကရွှံ့တွေ၊ သဲတွေက အခြားနေရာတွေကိုစင် ကုန်ရင်အစကပြန်စရမယ့်အနေအထားကြောင့်ပါ။
 
ရေလုံလုံလောက်လောက်သုံးပါ- ဆပ်ပြာရည်တွေဖြန်းပြီး ရေနည်းနည်းလေးနဲ့ပဲဆေးကြောတာမျိုးတွေ ရှောင်ရှားရမှာပါ။ ကားဆေးတာနဲ့မတူဘဲကားမှာအညစ်အကြေးတွေထပ်ကပ်ကုန်အောင်လုပ်သလိုဖြစ်စေတဲ့အတွက် ရေများများသုံးပြီး ဆပ်ပြာပြောင်အောင်ဆေးပါ။
 
ကားသုတ်ဝတ်ကို သေချာရွေးချယ်ပါကားပေါ်ကရေတွေကို ကောင်းကောင်းစုပ်ယူပြီးခြောက်သွေ့မြန်စေတဲ့ကားသုတ်ဝတ်မျိုးအသုံးပြုဖို့လိုပါတယ်။ အ၀တ်ကြမ်း၊ အ၀တ်မာကြီးတွေနဲ့ အားစိုက်သုတ်တဲ့အခါ အစင်း၊ အခြစ်ရာတွေဖြစ်နိုင်လို့ပါ။
 
လေမှုတ်စက်သုံးပါ - အ၀တ်နဲ့ရေလိုက်သုတ်ရတာအလုပ်ရှုပ်တယ် ထင်ရင်တော့ လေမှုတ်စက်အကူအညီ လေးယူပါ။လေမှုတ်စက်ရဲ့ အားသာချက်ကတော့ ကားတစ်စီးလုံးသာမက မှန်တို့၊ ကားပစ္စည်းခန်းတို့၊ တံခါး၊ ကြမ်းပြင်ထဲကဖုန်တွေပါဖယ်ရှားပေးနိုင်တာပါ။
 
ကားကြမ်းခင်းနင်းပြားများကိုဆေးကြောပြီး ခြောက်အောင်လုပ်ပါ- ကားရေဆေးရင်းနဲ့အခင်းတွေထဲကို မတော်တဆဆိုသလို ရေတွေဝင်ကုန်ရင် အနံ့အသက်မကောင်းတာတို့၊ညစ်ပေတာတို့ မဖြစ်ရလေအောင် လေမှုတ်စက်သုံးပြီး ခြောက်အောင်လုပ်ပါ။
နောက်ပြီးခြေနင်းပြားတွေကိုလည်း မကြာမကြာဆေးကြောသန့် စင်ဖို့လည်းလိုအပ်ပါတယ်။
 
ကားအတွင်းပိုင်းကိုစနစ်တကျသန့်စင်ပါ- ကားအတွင်းပိုင်းက အပြင်ပိုင်းလောက်မညစ်ပတ်ဘူးဆိုပေမယ့် လည်း စတီယာရင်တို့၊ ဒိုင်ခွက်ဘောင်တို့လိုနေရာတွေမှာ ဖုန်တွေ၊အစားစားထားတဲ့ မုန့်မှုန့်စတာတွေ ရှိနိုင်တဲ့အတွက်အတွင်းပိုင်းသန့်ရှင်းရေးလုပ်ဖို့ လည်းအချိန်ပေးလိုက်ပါ။
Ref:complex.com

logo