Menu

You are here

Zonda Riveiraရဲ့ ဓာတ်ပုံသစ်တွေကို Pagani ထုတ်ပြ

Paganiက တစ်စီးတည်း ထုတ်လုပ်ထားတဲ့ Zonda Riveiraရဲ့ ဓာတ်ပုံအသစ်တွေကို ထုတ်ဖော် ပြသခဲ့ပါတယ်။

 

Zonda စူပါကား မျိုးဆက်တွေထဲမှာ Riviera မူကွဲကို အီတလီ စူပါကား ကုမ္ပဏီက တစ်စီးတည်း ဖန်တီးထားတာ ဖြစ်ပါတယ်။ လောလောဆယ်တော့ Zonda Riveiraဟာ ဆော်ဒီအာရေးဘီးယားက အရောင်းပြခန်း တစ်ခုမှာ ထားရှိပြီး ဝယ်ယူသူ မရှိသေးပါဘူး။

 

Zonda Riveiraဟာ အရှေ့အလယ်ပိုင်းဒေသ ရာသီဥတုနဲ့ ပိုမိုကိုက်ညီအောင် ပြောင်းလဲ ဖန်တီးထားပြီး 760RS နောက်မြီးဒီဇိုင်းကို ပြောင်းလဲ တပ်ဆင်ထားပါတယ်။ Zonda Riveiraဟာ တကယ်တော့ အသစ်ကျပ်ချွတ် ကားတစ်စီးလို့ ပြောဖို့ ခက်ပါတယ်။

 

မူရင်း Zonda F တစ်စီးဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်းက ဒူဘိုင်းမှာ ယာဉ်မတော်တဆမှု အသေးစားတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက် Paganiက ဒီကားရဲ့ Chassis အထိုင်ကို ပြန်သုံးပေမယ့် Zonda Riveiraကို အသစ်ပြန်တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

 

အသစ် ထုတ်ပြထားတဲ့ ဓာတ်ပုံတွေမှာတော့ အဖြူရောင်၊ အနက်ရောင် စပ်ကျား ကိုယ်ထည်နဲ့ အပြာစင်း ဒီဇိုင်းတွေ ရောစပ်ထားတဲ့ စူပါကားဟာ ဆွဲဆောင်မှု ပြင်းပြပြီး လှပ တင့်တယ်လွန်းနေတာကို အတိုင်းသား တွေ့မြင်ရပါတယ်။

 

ကားရဲ့ အတွင်းပိုင်းမှာလည်း Special Editionဆန်ဆန် ထိုင်ခုံသစ်တွေ ပြောင်းလဲ တပ်ဆင်ထားပြီး မူလ Zonda Fနဲ့ သိသိသာသာ ခြားနားအောင် တည်ဆောက်ထားကြောင်း Paganiက ကြေညာထားပါတယ်။

 

Ref: GT Spirit

logo