
ဟွန်ဒါ Airwave ကို အိမ်စီးကား အဖြစ် ပြည်တွင်းမှာ အသုံးပြုကြ တာများပြီး တချို့ကလည်း အငှား ယာဉ်တက္ကစီတွေအဖြစ် အသုံးပြု နေကြပါတယ်။
အတွင်းခန်းကျယ်ပြီး ကား အင်ဂျင်အရွယ်အစား အလတ် စားကားဖြစ်ပါတယ်။ ၂၀၀၅ က စတင်ထုတ်လုပ်ခဲ့ကာ Wagon ကိုယ်ထည်အမျိုးအစားဖြစ်ပါ တယ်။ စတင်ထုတ်လုပ်ချိန်က စပြီး ၂၀၀၈ အထိ မျိုးဆက်တစ်ခု သာထုတ်လုပ်ခဲ့ပြီး Chassis ID တွေကိုတော့ GJ1, GJ2 ဆိုပြီး နှစ်မျိုးခွဲခြား ထုတ်လုပ်ပါတယ်။ ဂရိတ်တွေအနေနဲ့ကတော့ ၂၀၀၅ မှ ၂၀၀၆ အထိ G,L ဂရိတ်နှစ်မျိုး နဲ့ HID ဂရိတ်တွေကို ထုတ်လုပ် ပါတယ်။ အဲဒါကြောင့် အလွယ် မှတ်နိုင်တာကတော့ G,L ဂရိတ် တွေဆိုရင် ၂၀၀၅ နဲ့ ၂၀၀၆ မော် ဒယ်တွေအဖြစ်သာ တွေ့နိုင်ပါ တယ်။ HID ဂရိတ်ကိုတော့ ၂၀၀၈ အထိ ဆက်လက်ထုတ်လုပ်လာခဲ့ ပြီး ၂၀၀၇ ဒီဇင်ဘာမှာ G နဲ့ L ဂရိတ်တွေအစား M, MS, ST ဆိုတဲ့ ဂရိတ်တွေကို ထုတ်လုပ် လာပါတယ်။ ဂရိတ်အမည်သတ် မှတ်ချက်သာ ပြောင်းလဲထုတ် လုပ်ခဲ့ပေမယ့် အတွင်းပိုင်းနဲ့ အ ပြင်ပိုင်း ဒီဇိုင်းပြောင်းလဲမှုသိပ်မရှိ ပါဘူး။ Chassis ID တွေအရ ဖော်ပြရမယ်ဆိုရင် GJ1-1500cc-2WD-CVT, GJ2-1500cc-4WD-CVT ဆိုပြီး ကွဲလွဲချက်ရှိပါ တယ်။ GJ1 ကို 2WD အဖြစ် တွေ့ရပြီး GJ2 ကိုတော့ 4WD အဖြစ် တွေ့ရပါတယ်။ ကျန်တာ တွေကတော့ ကွဲလွဲချက် သိပ် မများပါဘူး။
ဂရိတ်အလိုက် အတွင်းခန်း ကွာခြားချက်အနည်းငယ်သာရှိပါ တယ်။ အမြင့်ဆုံးဂရိတ်ကတော့ HID Navi Edition ဖြစ်ပါတယ်။ အတွင်းခန်း DVD Player၊ နောက်Spoiler ၊ အလွိုင်းခွေ၊ နောက်မှန် အရောင်ဝင်တာတွေက ဒီဂရိတ်ရဲ့ ထူးခြားချက်တွေဖြစ်ပါတယ်။ ရှေ့ထိုင်ခုံပါဝါဖြစ်ပြီး အတွင်းခန်းဝင်း ဒိုးပတ်လည်ပါဝါဖြစ်ပါတယ်။ တစ်ဆင့်နိမ့်ဂရိတ်အဖြစ် HID Edition ဖြစ်ပြီး အတွင်းခန်း အော် တီဗီမပါတာနဲ့ CD Player ဖြစ်နေ တာတွေကလွဲပြီး ကျန်တဲ့အစိတ် အပိုင်းတွေကတော့ အားလုံး တူညီနေတာ တွေ့ရပါတယ်။ HIDဂရိတ်တွေရဲ့ ထူးခြားချက်က တော့ ကိုယ်ထည်အရောင်ကို အနက်ရောင်၊ အဖြူရောင်နဲ့ ခဲရောင်သုံးမျိုးသာ ထုတ်လုပ် တာဖြစ်ပါတယ်။ အခြေခံဂရိတ် တွေထဲက အတွင်းခန်းဂရိတ်မြင့် တာကတော့ ST ဂရိတ်ဖြစ်ပါ တယ်။ ကြားဂရိတ်လို့ လူသိများ တဲ့ ST ဂရိတ်တွေကို အတွင်းခန်း ဂရိတ်တွေက HID Navi ဂရိတ် နီးပါးပြည့်စုံတာ တွေ့ရပါတယ်။ နောက်မှန်ဝိုက်ဘာဖြစ်တာက လည်း ကျန်တဲ့ဂရိတ်တွေထက် သာတာ တွေ့ရပါတယ်။ ဒီဂရိတ် ရဲ့ အပြင်ပိုင်းရုပ်ကတော့ ဆွဲ ဆောင်မှုကောင်းတာ တွေ့ရပါ တယ်။ ပတ်လည်ဖောင်လိုင်းတွေ၊ နောက်မီးတန်းရောင်ပြန်၊ Spoiler ပုံပြောင်း၊ အော်တီဗီတွေက ဂရိတ်တွေအားလုံးထဲမှာ လူ ကြိုက်များပါတယ်။
နောက်ဂရိတ်တစ်ခုကတော့ M S Package ဖြစ်ပါတယ်။ အရင်ကထုတ်လုပ်ခဲ့တဲ့ G S Package ကို အဆင့်မြင့်ထုတ် လုပ်ထားတာဖြစ်ပါတယ်။ M ဂရိတ်အုပ်စုမှာ ဂရိတ်ခွဲတွေရှိနေ ပြီး ကွဲလွဲချက်တွေကတော့ သိပ် မများပါဘူး။ အတွင်းခန်း အော် တီဗီမပါဝင်ဘဲ CD Player တစ်ခု သာ ပါဝင်ပါတယ်။ နောက်ကင် မရာနဲ့ LCD တွေကတော့ ပါဝင် ပြီးဖြစ်ပေမယ့် M S Package ရဲ့ တချို့ဂရိတ်ခွဲတွေမှာတော့ Option အဖြစ်သာ ပါဝင်တာ တွေ့ရပါတယ်။
M ဂရိတ်ကတော့ Airwave ရဲ့ ဂရိတ်တွေထဲမှာ အနိမ့်ဆုံး ဂရိတ်အဖြစ် လူသိများပြီး အတွင်းခန်းဂရိတ်ကတော့ လျော့မသွား ပေမယ့် အပြင်ပိုင်းပုံဖောင်းလိုင်း၊ Spoiler၊ နောက်မှန်ဝိုက်ဘာတွေ မပါဝင်တာ တွေ့ရပါတယ်။ Foglight တွေကိုတော့ Option အဖြစ် ထည့်သွင်းထုတ်လုပ်ထား ပါတယ်။ ဟွန်ဒါ Airwave ဂရိတ် တွေကို အားလုံးက ကွာခြားချက် နည်းပေမယ့် အများစုလူကြိုက် များ မော်ဒယ်နဲ့ ဂရိတ်တွေက တော့ ပြည်တွင်းဈေးကွက်ထဲမှာ ရှိနေပါတယ်။ မော်ဒယ်တွေကို တော့ ၂၀၀၇ ကနေ ၂၀၁၀ မော် ဒယ်တွေအထိ လူကြိုက်များကြပါ တယ်။ ၂၀၀၇ မော်ဒယ်ဆိုရင် တော့ ကျပ် ၁၂၅ သိန်းဝန်းကျင်နဲ့ ၂၀၁၀ မော်ဒယ်ဆိုရင်တော့ ကျပ် ၁၄၅ သိန်းဝန်းကျင်ပေါက်ဈေးရှိ ပါတယ်။
အောင်ဖြိုးမွန်