Menu

You are here

Nissan Latio

နစ်ဆန်းက ထုတ်လုပ်တဲ့ ကား တွေထဲက ဈေးလည်းသင့်တင့်ပြီး လုပ်ငန်းသုံးအငှားယာဉ်အဖြစ် ရော၊ မိသားစုစီးကားလေးတစ်စီး အဖြစ်ပါ အသုံးဝင်တဲ့ နစ်ဆန်း Latio အကြောင်းကို ဒီတစ်ပတ် အယ်ဒီတာအကြိုက်ကားအဖြစ် ရွေးချယ်ဖော်ပြပေးလိုက်ပါ တယ်။

Nissan Latio ကို ၂၀၁၂ က စတင်ထုတ်လုပ်ပြီး Chassis ID တစ်မျိုးတည်းကိုသာ ထုတ်လုပ် ပြီး ဂရိတ်တွေကိုတော့ B,S,X,G ဆိုပြီး လေးမျိုးသတ်မှတ်ပါတယ်။ Chassis ID တစ်မျိုးသာ သတ် မှတ်ပေမယ့် ဂရိတ်လေးမျိုးခွဲထား တဲ့အပေါ်မှာတော့ ကွာခြားချက် တွေရှိနေတာ တွေ့ရပါတယ်။

အင်ဂျင်သင့်တင့်ပြီး အိမ်စီး ကားအတွက်ရော၊ လုပ်ငန်းသုံး ကားလေးအဖြစ်ပါ ရည်ရွယ် ထုတ်လုပ်တဲ့ ကားတစ်စီးဖြစ်လို့ အနိမ့်ဆုံးဂရိတ်နဲ့ အမြင့်ဆုံးဂရိတ် တွေမှာ ကွာခြားချက်များတာ တွေ့ရပါတယ်။

G ဂရိတ်

Latio ရဲ့ ဂရိတ်တွေထဲမှာ အမြင့်ဆုံးဂရိတ်ဖြစ်ပြီး အင်ဂျင် အရွယ်အစား ၁၂၀၀ စီစီ၊ 2WD, CVT ဂီယာတွေနဲ့ ထုတ်လုပ်ထား ပါတယ်။ ရှေ့ထိုင်ခုံပါဝါ၊ ပတ် လည်ဝင်းဒိုးပါဝါ၊ အော်တိုအဲ ကွန်း၊ လေအိတ်လေးလုံး။ နောက် မှန်အရောင်ဝင်၊ ရှေ့နောက်အမိုး ကိုင်းတွေ ပါဝင်တာ တွေ့ရပါ တယ်။ အလွိုင်းခွေ၊ ရှေ့မီးခွက်ပုံ ပြောင်းအကြီး၊ ရှေ့ရှဲလ်ကန်လန့် ရှဲလ်၊ နောက်မှန်ဝိုက်ဘာ၊ နောက် ကြည့်မှန်နှစ်ရောင်စပ်တွေ ပါဝင် တာတွေ့ရပါတယ်။

X ဂရိတ်

ဒီဂရိတ်ကတော့ ဒုတိယအ မြင့်ဆုံးဂရိတ်ဖြစ်ပြီး အတွင်းခန်း ပုံပြောင်းဂရိတ်ဖြစ်တာ တွေ့ရပါ တယ်။ အတွင်းခန်းအဲကွန်းက ဒစ် ဂျစ်တယ်အဲကွန်းဖြစ်လာပြီး ခလုတ်သုံးခုနဲ့ ရှေ့ခန်းအဲကွန်း စနစ်ဖြစ်ပါတယ်။ စပီကာလေးခု၊ ပါဝင်ဝင်းဒိုးရှေ့ခန်း၊ ဒရိုင်ဘာ ထိုင်ခုံပါဝါ၊ အော်တီဗီ၊ နောက် ကင်မရာ၊ နောက်မှန်အရောင်ဝင် တာတွေ့ရပါတယ်။ ဒရိုင်ဘာလေ အိပ်နဲ့ ဘေးခရီးသည်လေအိတ် တွေလည်း ပါဝင်တာ တွေ့ရပါ တယ်။

S ဂရိတ်

S ဂရိတ်ကတော့ Latio ဂရိတ်တွေထဲမှာ အလတ်တန်းစား ဂရိတ်တစ်ခုဖြစ်ပြီး အတွင်းခန်း ဂရိတ်တွေ သိသိသာသာလျော့ သွားတာ တွေ့ရပါတယ်။ ဂရိတ် အမြင့်နှစ်ခုမှာ တပ်ဆင်ထုတ်လုပ် လာတဲ့ ဒိုင်ခွက်အကြီးနှစ်ခု ပုံစံက နေ အကြီးတစ်ခု၊ အသေးတစ်ခု ပုံစံကို ပြောင်းလဲသွားပါတယ်။ အတွင်းခန်း CD Player, အဲကွန်း Manual, ရှေ့တံခါးပါဝါ၊ နောက် တံခါး Manual ဖြစ်ပါတယ်။ မှန်အရောင်မဝင်တော့ဘဲ နောက်မှန်မှာလည်း ဝိုက်ဘာမပါ တော့ပါဘူး။ ရှေ့ရှဲလ်အသေး၊ မီး ခွက်အသေးနဲ့ နောက်မီးခွက်က လည်း အနီတစ်ရောင်တည်းဖြင့် သာ ထုတ်လုပ်ပါတယ်။ သံခွေ၊ နောက်ကင်မရာ Option ဖြစ်တာ လည်း တွေ့ရပါတယ်။

B ဂရိတ်

B ဂရိတ်ဆိုတဲ့အတိုင်း Latio တွေထဲမှာ Base ဂရိတ်တစ်ခုဖြစ် ပြီး အတွင်းခန်းအဲကွန်း Manual ၊ AM/FM ရေဒီယို၊ CD Player ၊ ပတ်လည်ဝင်းဒိုး Manual ၊ ထိုင်ခုံ အားလုံး Manual တွေဖြစ်တာ တွေ့ရပါတယ်။ သံခွေရိုးရိုး၊ နောက်မှန်ဝိုက်ဘာမပါ၊ တံခါး လက်ကိုင်အရောင်ကွဲဖြစ်တာ တွေ့ရပါတယ်။ အခြေခံဂရိတ် ဖြစ်လို့ သိသာထူးခြားတဲ့ ဂရိတ် အစိတ်အပိုင်းတွေတော့ မရှိပါ ဘူး။ ပြည်တွင်းဈေးကွက်ထဲက ရောင်းဈေးတွေကတော့ ၂၀၁၂ မော်ဒယ်ဆိုရင် ကျပ် ၁၄၅ သိန်း ခန့် ပေါက်ဈေးရှိပြီး ဂရိတ်အလိုက် ဈေးနှုန်းကွာခြားချက်ရှိနိုင်ပါ တယ်။

logo