Menu

You are here

စတီယာရင် ဘယ်လိုကိုင်

Presented by CHEVROLET

ယာဉ်မောင်းနှင်ရာမှာ အန္တရာယ်ကင်းစေဖို့အတွက် စတီယာရင်ကိုစနစ်တကျကိုင်ပြီး မောင်းနှင်ဖို့ကလည်း အရေးကြီးပါတယ်။ ယာဉ်မောင်းတစ်ယောက်အတွက် ကားပေါ်ထိုင်၊ စတီယာရင် ကိုင်လိုက်ရင်ပဲမောင်းလို့ရနေပြီ ထင်ကောင်းထင်မိကြပေမယ့် ခန္ဓာကိုယ်သက်သောင့်သက် သာရှိမယ့်အနေအထား။ လက်နေရာတကျရှိမှုကလည်း ယာဉ်မောင်းအတွက် စိတ်သက်သာစေပြီး ယာဉ်မတော်တဆဖြစ်တာတွေ လျော့နည်းစေမှာဖြစ်လို့ လိုက်နာသင့်တာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

- ယာဉ်မောင်းအတွက် အဆင်အပြေဆုံးအနေအထား ပြောင်းလဲပါ

ယာဉ်မောင်းထိုင်ခုံမှာ ထိုင်ပြီး နောက်ကြည့်မှန်တွေ၊ ခုံအနေအထားတွေပြင်သလိုမျိုးပဲ စတီယာရင်ကိုလည်း ပြောင်းဖို့လိုပါတယ်။ အချို့ကားတွေက စတီ ယာရင် အနေအထားအလိုက်သင့် ပြောင်းနိုင်တဲ့အတွက် ကိုယ့်အ တွက် သက်သောင့်သက်သာ အ  ဖြစ်နိုင်ဆုံးအနေအထားကို သတိ ထားပြီး ပြောင်းပါ။

- လက်နှစ်ဖက်ကို စတီယာရင်အလယ်မကျတကျမှာထားပါ။

          ရှင်းရှင်းလင်းလင်းမြင်အောင် ပြောရရင် စတီယာရင်က နာရီ တစ်ခုဆိုရင် နာရီလက်တံ ၁၀ နာရီ ၁၀ မိနစ် ပုံစံမျိုးကိုင်သင့်ပါတယ်။ ဒီလိုအနေအထားကမှန်တဲ့အတွက် ညောင်းညာ၊ အကြော တက်တာတွေလည်းမရှိနိုင်တဲ့အ ပြင် စတီယာရင်လှည့်တဲ့အခါမှာ လည်း အလိုက်သင့်ဖြစ်စေပါ တယ်။

- ကားကွေ့တဲ့အခါလက်နှစ်ဖက်နဲ့ကိုင်ပါ။

လက်တစ်ဖက်တည်းသုံးပြီး ကားကွေ့တာမျိုး လုပ်လို့ရပေမယ့် စတီယာရင်ကိုနိုင်နိုင်နင်းနင်းနဲ့ အန္တရာယ်ကင်းဖို့ဆိုရင် လက်နှစ်ဖက်နဲ့ကိုင်ပြီး ကွေ့ဖို့လိုအပ်ပါတယ်။ ဥပမာ ညာဘက်ကို ကွေ့မယ်ဆိုရင် စတီယာရင်ကိုင်ထားတဲ့ လက်နှစ်ဖက်စလုံး နာရီလက်တံလှည့်သလိုပုံစံအတိုင်းအလိုက်သင့် ကွေ့ရမှာပါ။

အရေးကြီးဆုံးကတော့ ကား မောင်းအရမ်းကျွမ်းတယ်ဆိုပြီး စတီယာရင်ကို လက်တစ်ဖက် တည်းနဲ့ မောင်းတာ။ လက်ဖျား လေးနဲ့ ထိရုံကိုင်မောင်းတာ။ ဒူးခေါင်းသုံးပြီး မောင်းတာမျိုးတွေ ကနေ စတီယာရင်လွတ်သွားပြီး ထင်မထား တဲ့အန္တရာယ်ကြုံရနိုင် တဲ့အတွက် လုံးဝမလုပ်ဖို့ လိုပါ တယ်။    

_Ref:drivingtests

logo