Menu

You are here

ယာဉ်မောင်းရမှာကြောက်နေရင် ဘယ်လိုလုပ်သင့်သလဲ

ပထမဆုံးကားစမောင်းမယ့်သူအနေနဲ့ လမ်းပေါ်ထွက်ပြီး ကား မောင်းရတာဟာ ကြောက်စရာအကောင်းဆုံးခံစားမှုတစ်ခုမို့ ကြောက်စိတ်တွေကို ဖယ်နိုင်မယ့် နည်းလမ်းလေးတွေက အကျိုးရှိမယ်ထင် လို့ ဖော်ပြပေးလိုက်ပါတယ်။

ယာဉ်မောင်းသင်တန်းသေချာတက်ပါ

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုဆိုတာလည်း ယာဉ်မောင်းသင် ကြားမှုပိုင်းနဲ့လည်း ဆက်စပ်နေတဲ့အတွက် သင်တန်းမှာ စနစ် တကျလေ့ကျင့်သင်ကြားပြီးမှ ကားမောင်းတာဟာ ကြောက်စိတ်ကို နည်းစေပါတယ်။ အပြင်မှာ အဆင်ပြေသလို သင်လာပြီးမှ မောင်းတာနဲ့ သင်တန်းမှာ စနစ်တကျသင်ပြီးမှ မောင်းတာ ခံစားမှုချင်း ကွာခြားပါတယ်။

နေ့အချိန်မှာ ကားမောင်းပါ

ကားလည်း အခုမှစမောင်းပြီး စိတ်လည်းလှုပ်ရှားတတ်သူဆို ရင်တော့ ညဘက်ကားမမောင်းတာ အကောင်းဆုံးပါ။ မြင်ကွင်း မသဲကွဲတဲ့အပြင် ရုတ်တရက်ဝင်လာနိုင်တဲ့အန္တရာယ်တွေကို မကျွမ်းကျင်ချိန်မှာ မရှောင်လွှဲနိုင်မှုများတဲ့အတွက် လင်းလင်းကျင်းကျင်း အချိန်မှာ ကားမောင်းရင်း အတွေ့အကြုံယူပါ။

တစ်စုံတစ်ယောက်ကို အဖော်ပြုပါ

ကားမောင်းရမှာကို ကြောက်နေရင်ပဲဖြစ်ဖြစ်၊ တစ်ယောက် တည်းသွားရမှာကို အားငယ်ရင်ပဲဖြစ်ဖြစ် တစ်ယောက်ယောက်ကို အဖော်ပြုပြီး ကားမောင်းတာဟာ စိတ်သက်သာမှုရစေပါတယ်။ နောက်ပြီးတစ်ယောက်တည်း မကြာခဏ ကားမောင်းရင်းနဲ့လည်း ကြောက်စိတ်တွေအလိုလို ပျောက်သွားပြီး ယုံကြည်မှုပိုရှိလာပါလိမ့် မယ်။

 

သတ္တိရှိရှိ ဖြတ်သန်းပါ

ကားစမောင်းတုန်း မတော်တဆမှုဖြစ်ခဲ့လို့ ထိတ်လန့်ပြီး လုံးဝကားမမောင်းရဲတဲ့ အခြေအနေမျိုးကို မဖန်တီးမိပါစေနှင့်။ မတော်တဆထိမိခိုက်မိခဲ့ရင်လည်း စိတ်အေးအေးထားပြီး ကားပြန်မောင်း နိုင်အောင် သတ္တိမွေးပါ။

အသွားအလာနည်းတဲ့လမ်းတွေမှာ လေ့ကျင့်ပါ

ကားတွေရှုပ်လွန်းတဲ့လမ်းတွေမှာ စမောင်းရမှာ ထိတ်လန့် တယ်ဆိုရင် အသွားအလာနည်းတဲ့ မြို့ပြင်လမ်းတွေ၊ အဝေးပြေး လမ်းတွေမှာ ကားနဲ့အသားကျအောင် အမောင်းလေ့ကျင့်ထားတဲ့ အခါ ဘယ်လိုကားရှုပ်ပါစေ စိတ်အေးအေးနဲ့ မောင်းနိုင်မှာပါ။

သီချင်းနားထောင်ပါ

ဘေးပတ်ဝန်းကျင်ကို အာရုံမရလောက်အောင် သီချင်းသံတွေ ဆူညံအောင်ဖွင့်ပြီး နားထောင်တာမျိုးမဟုတ်ဘဲ စိတ် အေးချမ်းအောင် အသံခပ်တိုးတိုးလေးဖွင့်ရင် ကြောက်စိတ်တွေ လျှော့ချပြီးသားဖြစ် စေမှာပါ။                                            __Ref: driving-tests

logo