Menu

You are here

ကားတစ်စီးဝယ်မယ်ဆိုရင် မဖြစ်မနေစစ်ဆေးသင့်တာတွေ

ကားတစ်စီးဝယ်တော့မယ် ဆိုရင် မဖြစ်မနေစစ်ဆေးဝယ်ယူ သင့်တဲ့အချက်၊ သတိထားစရာ အချက်တွေကို ကားဝယ်မယ့်သူ တစ်ယောက်အနေနဲ့ သိထားသင့် ပါတယ်။ ကားတစ်စီးဝယ်ဖို့အတွက် ပထမဆုံးစစ်ဆေးသင့်တာက တော့ ကားအင်ဂျင်ခန်း (စက်ခန်း) ထဲက ပစ္စည်းအပြစ်အနာအဆာနဲ့ ထိခိုက်ထားမှုရှိ၊ မရှိစစ်ဆေးရမှာ ဖြစ်ပါတယ်။ ကားမတော်တဆမှု ဖြစ်ထားတဲ့ ကားတစ်စီးက အခြေ အနေဆိုးရွားတယ်ဆိုရင် ကားရဲ့ အင်ဂျင်ခန်းကိုပါ ထိခိုက်နိုင်တာ ကြောင့် မဖြစ်မနေစစ်ဆေးရမယ့် အချက်ဖြစ်ပါတယ်။ ကားကိုစက်နှိုးပြီဆိုရင် တော့ အိတ်ဇောပေါက်ကနေ မီးခိုး ထွက်၊ မထွက်စစ်ဆေးရပါမယ်။ ဒီအချက်ကလည်း အရေးကြီးအ ချက်ဖြစ်ပြီး ကားအင်ဂျင်ကောင်း၊ မကောင်းစစ်ဆေးတဲ့ နည်းလမ်း တစ်ခုဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ကားရဲ့ ယာဉ်မောင်းထိုင်ခုံနေရာ မှန်၊ မမှန်စစ်ဆေးရမှာ ဖြစ်ပါ တယ်။ ၀ယ်ယူတဲ့ ကားရဲ့ ယာဉ် မောင်းထိုင်ခုံနေရာအနေအထား က တပ်ဆင်ထားမှု ပုံမှန်ဖြစ်၊ မဖြစ် နဲ့ ထိုင်ခုံအနေအထားက ၀ယ်မယ့် သူနဲ့ အဆင်ပြေ၊ မပြေတို့ကို စစ် ဆေးသင့်ပါတယ်။ ရှေ့နောက် မြင်ကွင်းတွေကို သေချာရှင်းလင်း မှုရှိ၊ မရှိတို့ကို ချိန်ညှိစစ်ဆေး သင့်ပါတယ်။ ဒါ့အပြင် Dashboard မှ ဒိုင် ခွက်ကိုကြည့်ရတာရှင်းလင်းမှုရှိဖို့ ကလည်း လိုအပ်ချက်တစ်ခု ဖြစ် ပါတယ်။ ဒါကြောင့် ဒိုင်ခွက်ကို လည်း မြင်ကွင်းရှင်းလင်းမှုရှိ၊ မရှိ နဲ့ ဒိုင်ခွက်က အချက်ပြတွေကို လည်း စစ်ဆေးရမှာ ဖြစ်ပါတယ်။ ကားရဲ့ ထိုင်ခုံတွေကလည်း ထိုက်သင့်တဲ့ သက်သောင့်သက် သာရှိမှုကိုလည်း ကားဝယ်မယ့်သူ တစ်ယောက်က မဖြစ်မနေစစ် ဆေးသင့်တဲ့ အချက်ဖြစ်ပါတယ်။ ကားနဲ့ အခြားပစ္စည်း (CD, iPod, Bluetooth) ချိတ်ဆက် ဆက် သွယ်မှုအပိုင်းမှာလည်း သက်ဆိုင် ရာဆက်သွယ်မှုစနစ်တွေကို လည်း စမတ်ဖုန်းတစ်ခုနဲ့ စမ်း သပ်ကြည့်ဖို့ လိုအပ်ပါတယ်။ ကားကိုစက်နှိုးကြည့်ပြီးလို့ မီးခိုးထွက်၊ မထွက်ကို စစ်ဆေး ကြည့်ပြီးရင်လည်း ကားရဲ့ ဘော နက်ဖုံးအပူချိန်ကို စမ်းသပ်ကြည့် ပြီး အပူများနေရင် အင်ဂျင်ပိုင်း ပြဿနာတစ်ခုရှိနေတာကိုသိ ထားဖို့ လိုအပ်ပါတယ်။ ကားကို စက်နှိုးစမ်းသပ်ပြီး စတင်မောင်း နှင်မှုဖြင့် စမ်းသပ်ကြည့်ပါ။ ကားကိုမောင်းနှင်ကြည့်တဲ့ အခါမှာတော့ ကားရဲ့ ဆူညံသံကို အပြင်ကနေ ကြားရလား၊ ကားကို မြန်နှုန်းမြှင့်မောင်းတဲ့အခါ အင် ဂျင်သံတည်ငြိမ်မှုစတဲ့ အခြေခံ အချက်တွေကိုလည်း မဖြစ်မနေ စစ်ဆေးသင့်တဲ့အချက်တွေ ဖြစ် ပါတယ်။ ကားအဲကွန်း၊ ၀ိုက်ဘာ၊ အမိုးပိုင်းမီးသီးစတာတွေ ပါဝင်ရဲ့ လားဆိုတာ စစ်ဆေးရမှာ ဖြစ်ပါ တယ်။ ကားကိုမောင်းကြည့်ရာမှာ လည်း ကားရဲ့ လီဘာ၊ ဂီယာနဲ့ ဘရိတ်စနစ်တွေပုံမှန်အလုပ်လုပ် ရဲ့လားဆိုတာတွေကို စမ်းသပ် စစ်ဆေးရမှာ ဖြစ်ပါတယ်။ ကား မောင်းနှင်နေစဉ်မှာ ဘရိတ်စနစ် လို အခြားလုံခြုံရေးစနစ်တွေကို လည်း သတိပြုစစ်ဆေးရမှာ ဖြစ်ပါ တယ်။ ကားရဲ့ စတီယာရင်စနစ်က လည်း သေချာချောမွေ့မှုရှိပြီး အသုံးပြုရတာ အဆင်ပြေချော မွေ့မှုရှိ၊ မရှိကို စစ်ဆေးရပါမယ်။ ကားကို စမ်းသပ်မောင်းနှင်ပြီး နောက်ပါကင်ထိုးရတာ အဆင် ပြေခြင်းရှိ၊ မရှိကို ပါကင်ထိုးပြီး စစ်ဆေးသင့်ပါတယ်။ ခရီးဝေး၊ ခရီးနီးမောင်းနှင် ရတာ အဆင်ပြေနိုင်မှုရှိ၊ မရှိကို လည်း စမ်းသပ်စစ်ဆေးသင့်တဲ့ အချက်ဖြစ်ပါတယ်။ ကိုယ်ဝယ်ယူ အသုံးပြုမယ့်ကားက ကိုယ့်အ တွက် လုံလောက်တဲ့အကျယ်အ ၀န်းနဲ့ လုံလောက်တဲ့ ထိုင်ခုံ၊ ပစ္စည်း ပြည့်စုံမှုတို့ကို စစ်ဆေးသင့်ပါ တယ်။ သည်လိုအခြေခံအချက် တွေ စစ်ဆေးပြီးနောက် ပြည်ပက နေ လေလံတိုက်ရိုက်ဝယ်ယူပြီး ရောင်းချတဲ့ ကားဆိုရင် တဖက် နိုင်ငံက မော်တော်ယာဉ်ဖျက်သိမ်း ကြောင်း အထောက်အထား (သို့ မဟုတ်) Invoice တို့ကို ကြည့်ရှု စစ်ဆေးပြီး ကားရဲ့ ကီလိုနဲ့ အ တွင်းအပြင်အခြေအနေသတ် မှတ်ချက်တွေကို စစ်ဆေးသင့်ပါ တယ်။ ဖြစ်နိုင်မယ်ဆိုရင် အဆင့်မီ ကားဝပ်ရှော့တစ်ခုခုမှာ ကားကို OBD စစ်ဆေးခြင်းနဲ့ မြန်နှုန်းစစ် ဆေးခြင်းတွေ လုပ်ဆောင်သင့်ပါ တယ်။ ပြည်တွင်းမှာ ၀ယ်မယ့်ကား တွေ မဖြစ်မနေလုပ်နေကြတဲ့ ကား ၀ယ်သူတစ်ယောက်အနေနဲ့ မဖြစ် မနေလုပ်သင့်တာကတော့ သက် ဆိုင်ရာ ကညနမှာ ကားရဲ့ စာရွက် စာတမ်းတွေမှန်ကန်မှုရှိ၊ မရှိတို့ ကို စစ်ဆေးသင့်ပါတယ်။ ဖော်ပြပါအချက်တွေအား လုံးကို စစ်ဆေးပြီးရင်တော့ ကိုယ့် ရဲ့ စိတ်ကြိုက်ကားတစ်စီးကို စ တင်ဝယ်ယူဖို့ ဆုံးဖြတ်နိုင်ပါပြီ။

အောင်ဖြိုးမွန်

logo