Menu

You are here

ဟန်သီရဲ့ Toyota Mark X

အခုတစ်ပတ် အနုပညာရှင်နဲ့ ကားကဏ္ဍမှာတော့ အမေရိကမှာ ပညာတော်သင်ပြီး မကြာခင်ရက် ပိုင်းအတွင်းက ပြန်လည်ရောက်ရှိ လာတဲ့ မော်ဒယ်ဟန်သီရဲ့ ကား လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဟန်သီအခုစီးနေတဲ့ ကားက... ။
Mark X 2005 မော်ဒယ်ပါ။ ဒီကားစီးလာတာ တစ်နှစ်လောက် ရှိပါပြီ။ ဟန်သီနိုင်ငံခြားမသွားခင် ကတည်းက စီးတာပါ။ ဒီကား လေးနဲ့ ရှုတင်တွေသွားတယ်။ ဒီ ကားက Luxuary ဖြစ်တယ်။

မောင်းရတာကော အဆင်ပြေလား။
အဆင်မပြေတာကတော့ ဒီ ကားက နိမ့်တော့ ရေတွေဘာတွေ ကြီးရင် သွားရလာရတာ အရမ်း ခက်တယ်။ အဆင်ပြေတာက မှန် မည်းတာနဲ့ စီးရတာ ငြိမ့်နေတာ ပဲ။

ဟန်သီက အိမ်မှာ ကားသုံးစီးလောက် ပြောင်းစီးနေတာဆို တော့ ဒီကားလေးကို တခြားကား တွေနဲ့ယှဉ်ပြောပါဆိုရင်.. ။
ဟန်သီအခုက ဗောက်စ်ဂွန် ပိုလိုလေးစီးဖြစ်တယ်။ ပြီးတော့ ရှုတင်သွားရင် Alphard လည်း စီးဖြစ်တယ်။ ဒါပေမဲ့ ဒီကားလေး စီးရတာကတော့ တော်တော်အ ဆင်ပြေတယ်။ သွားရလာရတာ လည်း ကောင်းတယ်။ ပြီးတော့ သူက နောက်ခန်းတွေ ဘာတွေက ကျယ်လည်းကျယ်တယ်။ ပွဲတွေ ဘာတွေလည်း သွားရင်သင့်တော် တယ်။

ကားကို ကိုယ်တိုင်ပဲမောင်းဖြစ်တာနော်။
ရန်ကုန်မြို့တွင်းမှာက ကားမောင်းရတာတော့ခက်တယ်။ ဒါ ကြောင့် သိပ်တော့မမောင်းဖြစ်ဘူး။ ကားတွေက အရမ်းရှုပ်ပြီး ဘယ်နားက ပေါ်ပေါ်လာမှန်းမသိ ဘူး။ အဲဒီလိုဆိုတော့ ကားမောင်း ရင် အရမ်းအန္တရာယ်များတယ်။ ပြီးတော့ ဒီကားက မောင်းရတာ တော့ ခက်တယ်။ ဟန်သီ ဒီကား ထက် ကားအသေးကိုတော့ ပို မောင်းဖြစ်တယ်။ ဒီကားက စတီ ယာရင်ကလည်းလေးတော့ နည်း နည်းခက်တယ်။ ဒီကားကို သိပ် မမောင်းဖြစ်ပေမယ့် အများဆုံးစီး တာတော့ ဒီကားပါပဲ။

အခုလက်ရှိစိတ်ကူးထဲကနေ စီးချင်တဲ့ကားအမျိုးအစားကောရှိလား။
အခုစီးချင်နေတာကတော့ ဟန်သီ Honda Insight ပြန်စီးချင် နေတယ်။ အရင်ကတော့ စီးဖူး တယ်။ အခုပြန်လိုချင်နေတယ်။ ဒါပေမဲ့လည်း အခုရှိတဲ့ကားတွေ ကလည်း အဆင်ပြေပါတယ်။

ဟန်သီရဲ့ ပရိသတ်တွေကိုလည်း ကားနဲ့ပတ်သက်ပြီး အကြံပြုချက် လေးပြောပေးပါဦး။
အခုကားတွေများလာတော့ သွားရလာရတာ အများကြီးအ ဆင်ပြေလာတယ်။ ဒီလိုမျိုးကားတွေရှိလာတာ အများကြီးကျေးဇူးတင်ရမယ်။ ကားမောင်းတဲ့အခါ မှာလည်း လမ်းစည်းကမ်း၊ ယာဉ် စည်းကမ်းလိုက်နာပြီး ဘေးကင်း ကင်းနဲ့ မောင်းနှင်စေချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။
__ဖြူဖွေးသန့်


MARK X 2005

Mark X 2005 မော်ဒယ်ဆိုရင်တော့ ဂရိတ်နှစ်မျိုးရွေးချယ်နိုင် ပါတယ်။ အင်ဂျင်အရွယ်အစားကတော့ ၂,၅၀၀ စီစီဖြစ်ပြီး အော်တိုဂီယာငါးချက်နဲ့ ခြောက်ချက် နှစ်မျိုးထုတ်လုပ်ပါတယ်။

Mark X ရဲ့ ပထမမျိုးဆက်တွေဖြစ်ပြီး နောက်မီးခွက်အဝိုင်း၊ ရှေ့မီးခွက်အတို၊ ရှေ့ရှဲလ်ကန့်လန့်ရှဲလ်၊ နောက်မှန် Spoiler ဝိုက်ဘာတွေ တပ်ဆင်ထုတ်လုပ်ထားပါတယ်။

ကားလုံခြုံရေးစနစ်ပိုင်းတွေမှာတော့ ABS, EBD စတဲ့ အဆင့်မြင့်နည်းပညာတွေ ပါဝင်တဲ့အပြင် လေအိတ်ပတ်လည်ဖြစ်တာကလည်း Mark X ရဲ့ လုံခြုံရေးပိုင်းအလေးထားတာကို တွေ့နိုင်ပါတယ်။

logo