Menu

You are here

ဇွဲပြည့်ရဲ့Nissan Note 2013

ဒီတစ်ပတ်ရဲ့ အနုပညာရှင်နဲ့ ကားကဏ္ဍမှာတော့ ဂီတဘက်မှာလည်းအောင်မြင်နေသလို သရုပ်ဆောင်ဘက်ကိုလည်း ဝင်ရောက်ဖို့ခြေလှမ်းပြင်နေတဲ့ အဆိုတော်ဇွဲပြည့်ကို 7Day Cars ကတွေ့ဆုံမေးမြန်းထားပါတယ်။

အစ်ကို အခုလက်ရှိစီးနေတဲ့ကား အမျိုးအစားနဲ့ ဒီကားလေး ဝယ်ဖြစ်ခဲ့တဲ့ အကြောင်းလေးကို ပြောပြ ပေးပါဦး။

အစ်ကို အခုလက်ရှိစီးနေတဲ့ ကားကတော့ Nissan Note 2013 မော်ဒယ်ကားလေးပေါ့။ အစ်ကို ဒီကားလေးကို ဝယ်စီးဖြစ် တာ ဆယ်လလောက်ပဲရှိသေး တယ်။ အရင်စီးတာက Crown Majesta စီးတာဆိုတော့ ရန်ကုန်မြို့ရဲ့ ကားပိတ်တာနဲ့ သိပ်အဆင်မပြေဘူး။ အဲဒါကြောင့် ဒီကား လေးပြောင်းစီးဖြစ်သွားတာ။ ဒီကားလေးကျတော့ ပေါ့ပေါ့ပါး ပါးဖြစ်သလို ရန်ကုန်ရဲ့ Traffic နဲ့က အသင့်တော်ဆုံးပဲ။ အရင်ကားဆိုရင် အစ်ကိုက ရန်ကုန်အတွင်းပဲ စီးတာများတော့ ကားကျပ်တဲ့နေ ရာတွေဆို ပွန်းမိတိုက်မိမှာစိုးလို့ သိပ်မတိုးရဲဘူး။ အမြဲပူနေရတာ ဘယ်တော့များ ငြိမလဲ၊ ဘယ်အချိန် ပွန်းသွားမလဲဆိုတာ။ အဲဒါနဲ့ ရန်ကုန်မှာဆိုမဖြစ်တော့ဘူး။ ဒီ ကားနဲ့ ကားပြောင်းတော့မယ်ဆို ပြီး ဒီကားလေးဝယ်ဖြစ်သွားတာ ပါ။ ဒီကားက ပုံစံကလည်းမိုက် တယ်။ အင်ဂျင်ပါဝါက ၁ ဒသမ ၃ နဲ့ ဆီစားနှုန်းကလည်း သင့်တင့် တယ်။ ရန်ကုန်မြို့တွင်းသွားမယ် ဆို စိတ်သွားတိုင်းကိုယ်ပါသလို ကို ဖြစ်နေတာ။ အခုနောက်ပိုင်း  နယ်ဘက်တွေလည်း ဒီကားလေး နဲ့ သွားဖြစ်တော့ တော်တော်အ ဆင်ပြေပါတယ်။

အခုလက်ရှိစီးနေတဲ့ကားလေးနဲ့ ခရီးသွားမယ်ဆို ဘယ်လိုနေရာ မျိုးကို သွားချင်ပါသလဲ။

အစ်ကိုကတော့ ဒီကားနဲ့ နေ ပြည်တော်၊ မန္တလေးတို့ကို သွား ပြီးပြီ။ နောက်ပြီး မကြာသေးဘူး။ ရှမ်းပြည်တောင်ကြီးဘက်တွေ၊ နောက်ပြီး လက်ဖက်စိုက်တဲ့ရွာ တွေကို ဒီကားနဲ့ သွားပြီးပြီဆို တော့ ခရီးသွားရတာ ယုံကြည်မှု တော့ရှိနေပြီ။ ခရီးသွားရင် ဒီကား က မိသားစုတွေနဲ့တော့ သွားလို့မရပေမယ့် သူငယ်ချင်းတွေ သုံးလေးယောက်လောက်နဲ့တော့ ကျယ်ကျယ်ဝန်းဝန်း သွားရတာတော့ အဆင်ပြေတယ်။ အခုဒီကားနဲ့က ခရီးသွားမယ်ဆို သူငယ်ချင်းတွေနဲ့ ချောင်းသာလိုနေရာမျိုးတွေ သွားချင်တယ်။ အပန်းဖြေခရီးပေါ့။ စိတ်ဖိစီးမှုတွေမရှိဘဲ ကားကိုလည်း စိတ်ကြိုက်မောင်းလို့ရတယ်။

နောက်ထပ်ကားအသစ် ဝယ်စီး ဖြစ်မယ်ဆိုရင် ဘယ်လိုကားအ မျိုးအစားကို ဝယ်စီးဖို့ စဉ်းစား ထားလဲဆိုတာ ပြောပြပေးပါဦး။

အစ်ကို့အနေနဲ့ အခုလက်ရှိ သဘောကျပြီး စီးချင်နေတာက တော့ Mazda CX5 ပါ။ သူက ကားအမြင့်ဆိုတော့ ခရီးတွေသွား ရင် ပိုကောင်းတယ်။ ကားပုံစံကို လည်း ကြိုက်တယ်ဆိုတော့ အဲဒီ ကားလေးစီးမယ်လို့တော့ စဉ်းစား ထားပါတယ်။

နောက်ဆုံးအနေနဲ့ ကားမောင်းတဲ့ သူတွေအတွက် အကြံပြုစကား လေးပြောပြပေးပါဦး။

အစ်ကို့အနေနဲ့တော့ ကား မောင်းတဲ့သူတွေမှန်သမျှ စိတ် တွေကို အဓိကကြည်ကြည်လင် လင်ထားပါလို့ ပြောချင်ပါတယ်။ ကားမောင်းတာက အရမ်းအာရုံ စိုက်ရတော့ ဒေါသဖြစ်တာတို့၊ ဝမ်းနည်းတာတို့ဆို ကားမမောင်း တာ ပိုကောင်းလိမ့်မယ်။ မဟုတ် ရင် ကားတိုက်မှုအန္တရာယ်က အချိန်မရွေးဖြစ်နိုင်ပါတယ်။ အဲဒါ ကြောင့် ကားမောင်းတဲ့သူတွေအ နေနဲ့ စိတ်မလောဘဲ ကိုယ်သွားလို တဲ့နေရာကို ပုံမှန်အတိုင်းပဲ မောင်းကြပါလို့ အကြံပြုတိုက်တွန်းလိုက် ပါတယ်။

ကျေးဇူးတင်ပါတယ်။

__ လွင်သဲငယ်ဦး

logo