Menu

You are here

စိန်လင်းရဲ့ Mercedes GL Class

ဒီတစ်ပတ်ရဲ့ အနုပညာရှင်နဲ့ ကားကဏ္ဍမှာတော့ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးလည်းဖြစ် သလို ဝါသနာပါရာ ဂီတလမ်း ကြောင်းမှာ ဒုတိယစီးရီးထုတ်ဖို့ ပြင်ဆင်နေပြီဆိုတဲ့ အဆိုတော် စိန်လင်းစီးနေတဲ့ ကားလေးအ ကြောင်း တွေ့ဆုံမေးမြန်းခဲ့ပါ တယ်။

မင်္ဂလာပါ အစ်ကိုရေ။ အရင်ဦး ဆုံးအနေနဲ့ အစ်ကို အခုလက်ရှိ စီးနေတဲ့ ကားအမျိုးအစားနဲ့ ဒီကားဝယ်ဖြစ်ခဲ့ပုံအကြောင်း ပြောပြပေးပါဦး။

အစ်ကို အခုလက်ရှိစီးနေတဲ့ ကားက  GL Class မာစီဒီး 4wh-eel ပေါ့နော်။ အင်ဂျင်က 3.5 နဲ့ ဒီဇယ်အမျိုးအစားဆိုတော့ ဆီစားနှုန်းက သူ့ကားနဲ့သူတော့ သက်သာတယ်။ ပြီးတော့ ခုနစ် ယောက်စီးလည်းဖြစ်တော့ ခရီး သွားရင် မိသားစုနဲ့အတူတူ လိုအပ်တဲ့ပစ္စည်းတွေ အကုန်သယ်လို့ရ တယ်။ ဒီကားလေးဝယ်စီးဖြစ်တာ က အစ်ကိုက စီးပွားရေးကနေ ကိုယ်ဝါသနာပါရာ ဒီဂီတဘက်ကို ပြောင်းလာတော့ နယ်တွေမှာ သီချင်းသွားဆိုရတာများတယ်။ အဲဒီတော့ အစ်ကိုက ခရီးတွေ သွားရင် Safe ဖြစ်အောင် အရမ်းသတိထားတယ်။ အခုလက်ရှိမှာ လည်း ကားတွေနဲ့ပတ်သက်တဲ့ အန္တရာယ်တွေ၊ လူသေမှုတွေက ကြားရတာများလာတော့ ကိုယ့်အတွက် လုံခြုံစိတ်ချရတဲ့ကားကိုပဲ ရွေးဝယ်မယ်စဉ်းစားပြီး အခုလက်ရှိကားကိုပဲ ဝယ်ဖြစ်ခဲ့တာပေါ့။

အစ်ကိုက ဒီကားစီးတာကြာပြီဆို တော့ ဒီကားရဲ့ အားသာချက်၊ အားနည်းချက်လေးတွေရှိရင် လည်း ပြောပြပေးပါဦး။

ဒီကားရဲ့ အားသာချက်၊ အားနည်းချက်ကို သုံးသပ်ရမယ် ဆိုရင် အားသာချက်အနေနဲ့က တော့ Safety အပိုင်းက ပြည့်စုံ ကောင်းမွန်တယ်။ ပြီးတော့ MoonRoof နဲ့ Sun Roof ဆိုပြီး ခေါင်မိုး နှစ်ခုပါတော့ ကိုယ့်စိတ်တွေမွန်း ကျပ်လာပြီဆို ခေါင်မိုးဖွင့်ပြီးစီး နိုင်တယ်။ နောက်တစ်ခုက ခုနစ် ယောက်စီးဆိုတော့ လူတွေနဲ့ ပစ္စည်းတွေများရင် ခံနိုင်ရည်က မကျသွားဘူး။ တခြားကားတွေ ထက် ကားဘော်ဒီက တော်တော် မာတယ်။ အားနည်းချက်ကတော့ မာစီဒီးတို့ ထုံးစံအတိုင်း အတွင်း ပိုင်းအပြင်အဆင်၊ Function တွေက အရမ်းရိုးရှင်းတယ်။ တခြား Brand ကားတွေလို ခေတ်မီတဲ့အပြင် အဆင်ဒီဇိုင်းတွေလို မျိုးတော့ သူ့မှာမပါဘူး။ ကိုယ် အလှဆင်ချင်တယ်ဆိုရင်သာ အ ကုန်ပြန်လုပ်ရတာလေးတော့ ရှိ တယ်။ အဲဒါပဲရှိတယ်လို့ အစ်ကို မြင်ပါတယ်။

နောက်ထပ် ကားအသစ်ဝယ်စီး ဖြစ်မယ်ဆိုရင် ဘယ်လိုကားအမျိုး အစားကိုဝယ်စီးဖို့ စိတ်ကူးထား လဲဆိုတာ သိချင်ပါတယ်။

ကျွန်တော်သာ နောက်ထပ် ကားစီးဖြစ်မယ်ဆိုရင် Roll-Royce ကားအမျိုးအစားကို ဝယ် စီးချင်ပါတယ်။ နာမည်ကြီးတံ ဆိပ်တစ်ခုဖြစ်ပြီး ချမ်းသာတဲ့သူ တွေပဲစီးတဲ့ကားဆိုတော့ အစ်ကို့ အနေနဲ့ စိတ်ကူးနဲ့ စီးချင်တာပဲရှိ ပါသေးတယ်။ အဲဒီကားလေးသာ စီးခွင့်ရမယ်ဆို အလုပ်တွေမပါတဲ့ ခရီးမျိုးတွေ သွားချင်ပါတယ်။

နောက်ဆုံးအနေနဲ့ ကားမောင်းတဲ့ သူတွေ ယာဉ်မတော်တဆမှုမဖြစ် ရလေအောင် အကြံပြုစကားလေး ပြောပြပေးပါဦး။

လူတိုင်း လူတိုင်း ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းတွေ အားလုံး လိုက်နာမယ်ဆိုရင် ယာဉ်အန္တရာယ်တွေဖြစ်တာ လျော့နည်းသွားမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့ လူတွေက အရှိန်နဲ့မောင်းပြီး ကိုယ်လိုရာကို အမြန်ရောက်ရေးပဲ လုပ်နေကြတော့ မဖြစ်သင့်တာ တွေဖြစ်ရတာပေါ့။ အဲဒီတော့ အစ်ကို့အနေနဲ့ အကြံပြုပါဆို ကားမောင်းတဲ့သူရော၊ ဘေးကလိုက်စီးတဲ့သူရော ခါးပတ်ပတ်ကြပါ။ ပြီးတော့ ပုံမှန်အတိုင်းမောင်းပြီး ယာဉ်စည်းကမ်းကို အတတ်နိုင် ဆုံးလိုက်နာကြပါလို့ အကြံပြုချင် ပါတယ်။

ကျေးဇူးတင်ပါတယ်။

 __လွင်သဲငယ်ဦး


GL 2010 Class

 

Mercedes GL Class ကို၂၀၀၆ ခုနှစ်ကစတင်ထုတ်လုပ်ပြီး SUV ကိုယ်ထည်အမျိုးအစားကားတစ်စီးဖြစ်ပါတယ်။ စတင်ထုတ်လုပ်ချိန်မှာကတည်းက SUV ကိုယ်ထည်ကို size အပြည့်နဲ့ဇိမ်ခံကားတစ်စီးအဖြစ် တံခါး(၅) ပေါက်နဲ့ထုတ်လုပ်ထားပါတယ်။

ထုတ်လုပ်မှုသက်တမ်းတစ်လျှောက်မှာ မျိုးဆက်(၂)ဆက်နဲ့ထုတ်လုပ်ခဲ့ပြီး ပထမမျိုးဆက်ကို ၂၀၀၆ မှ ၂၀၁၂ အထိ X164 မော်ဒယ်ဖြင့်ထုတ်လုပ်ပါတယ်။ ဒုတိယမျိုးဆက်ကိုတော့ ၂၀၁၂ မှ အခုချိန်ထိထုတ်လုပ်နေဆဲဖြစ်ပြီး X166 မော်ဒယ်ဖြင့်ထုတ်လုပ်ပါတယ်။

အင်ဂျင်အရွယ်အစားကိုတော့ 3.0L V6,4.7L V8, 5.5L V8 သုံးမျိုးကို ဓာတ်ဆီအင်ဂျင်၊ 3.0L Turbo V6 ကို  ဒီဇယ်အင်ဂျင်ဆိုပြီးခွဲခြားထုတ်လုပ်ပါတယ်။

logo