Menu

You are here

ရတနာမိုင်ရဲ့ LAND CRUISER 2007

ဒီတစ်ပတ်ရဲ့ အနုပညာရှင်နဲ့ ကားကဏ္ဍမှာတော့ စတုတ္ထတစ်ကိုယ် တော်အခွေစီစဉ်နေတဲ့ အဆို တော် ရတနာမိုင်ရဲ့ လက်ရှိစီးနေ တဲ့ ကားအကြောင်း တွေ့ဆုံမေး မြန်းခဲ့ပါတယ်။

ပထမဆုံး မိုင်လေး လက်ရှိစီးနေ တဲ့ ကားအကြောင်းနဲ့ ဒီကားကို ဝယ်ဖြစ်ခဲ့တဲ့အကြောင်း ပြောပြ ပေးပါဦး။

အခုစီးနေတာကတော့ LandCruiser 2007 ပါ။ ဒီကားလေး က မိုင်လေးလို အဆိုတော်အနေနဲ့ ကျတော့ တခြားမြို့တွေလည်း သွားရတယ်။ အဲဒီလိုသွားရတော့ လမ်းခရီးတွေက လမ်းကြမ်းတဲ့နေ ရာရှိသလို လမ်းကောင်းတဲ့နေရာ လည်းရှိတော့ ဒီကားနဲ့က အဆင်အပြေဆုံးထင်လို့ ဝယ်ဖြစ်ခဲ့တာပါ။

ဒီကားစီးရတာ ကိုယ့်အတွက်ကောင်းတဲ့အချက်တွေဆို ဘာတွေရှိမလဲ၊ ဒီကားကို စိတ်တိုင်းမကျတာကောရှိလား။

ကောင်းကျိုးပေးတယ်။ ဒီကားက တစ်ခါမှ မပျက်ဖူးဘူး။ နယ်ဝေးခရီး တောင်တက်တွေ သွားရင်လည်း ဘာမှမဖြစ်ဘူး။ Safe ဖြစ်တယ်။ နောက်ပြီး လမ်း ကြမ်းတွေသွားရင်လည်း ဒီကား က အသာလေးပါပဲ။ စိတ်အလို မကျတဲ့အချက်ကတော့ ရန်ကုန် မှာဆိုရင် ကားအရမ်းများနေတော့ ကားခေါင်းကြီးက ရှည်ထွက်နေ တာနဲ့ လှည့်တာတို့၊ လမ်းပြန်ချိုး တာတို့ဆိုရင် အခက်တွေ့တယ်။ လမ်းတွေထဲဝင်ပြီး ပြန်ကွေ့မယ် ဆိုရင် ရှေ့တိုးလိုက် နောက်ဆုတ် လိုက်နဲ့ ချောချောမွေ့မွေ့တော့ မရဘူး။

ကားကော မောင်းတတ်လား။ ကိုယ်တိုင်ကော ကားမောင်းဖြစ်လား။

 ကားမောင်းတာတော့ မောင်းတတ်တယ်။ ရန်ကုန်ထဲမှာ ဆိုရင်တော့ မမောင်းရဲဘူး။

ကားထဲမှာ Accessories တွေ ဆင်တာကော ဝါသနာပါလား၊ လုပ်ကောလုပ်ဖြစ်လား။

ညီမကျတော့ ယောက်ျား လေးလိုစိတ်ဆိုတော့ အလှအပတွေ ဘာတွေ သိပ်မလုပ်ဖြစ်ဘူး။ ကားထဲမှာဆိုရင် ရှင်းနေမှ ပိုကြိုက်တယ်။ ကူရှင်တွေတော့လဲဖြစ် တယ်။ ဒါပေမဲ့ တစ်ခါတလေကျ ရင် မိန်းကလေးဆန်ကြည့်တယ်။ Hello Kitty လေးတွေ ထည့်မယ် ဆိုတော့ ထိုင်ခုံအစွပ်ရှာတာ တွေ့တော့တွေ့တယ်။ ဒီကားထိုင်ခုံနဲ့ ကျတော့ မဆံ့တော့ လှမယ့်ဟာ လေးတွေပဲ ရွေးဖြစ်တယ်။

လူငယ်တစ်ယောက်လည်းဖြစ် တော့ ဒီကားအပြင် ဘယ်လိုကား မျိုးစီးချင်တယ်ဆိုပြီး စိတ်ကူးယဉ် ထားတာမျိုးရှိလား။

စီးချင်တာကတော့ ညီမက ပြိုင်ကားလေးတွေ Crazy ဖြစ်တယ်။ ပြိုင်ကားလေးတွေဆို လိုက်ကြည့်ဖြစ်တယ်။ ညီမက ကားကို အရမ်း Crazy ဖြစ်တဲ့အ ထဲမှာတော့ မပါဘူး။ ကိုယ့်အ တွက် သင့်တော်ရင်တော့ ဘယ် ကားဖြစ်ဖြစ် အဆင်ပြေပါတယ်။ အခုလောလောဆယ်တော့ ကား လဲဖို့ စဉ်းစားထားတာမရှိသေး ဘူး။ ဒီကားနဲ့လည်း အဆင်ပြေ တယ်။ နောက်ထပ်တစ်နှစ်၊ ၂ နှစ်လောက်တော့ စီးလိုက်ဦးမယ်။

ရန်ကုန်မှာ ကိုယ်တိုင်မမောင်းဖြစ်ပေမယ့် ကိုယ်တိုင်မောင်းခွင့်ရ မယ်ဆိုရင် ဘယ်လိုလမ်းခရီးမျိုးကို မောင်းချင်တာမျိုးရှိလဲ၊ တောင်တက်လမ်းတွေ ဘာတွေကော မောင်းဖူးလား။

သူများတွေကတော့ အမြန်လမ်းကို ကြောက်တယ်တဲ့။ ညီမက ပြောင်းပြန်။ အမြန်လမ်းမှာ တော့ မောင်းဖြစ်တယ်။ အမှန်တကယ်တော့ အန္တရာယ်အရမ်း များတယ်လေ။ အခုနောက်ပိုင်းတော့ မမောင်းရဲတော့ဘူး။ အရင် တုန်းကကားတွေ မှောက်တယ်ဆို တာတွေက ဆက်တိုက်ဆိုသလို မကြားရဘူး။ အဲဒီအချိန်တုန်းက တော့ မောင်းဖြစ်တယ်။ ဒါပေမဲ့ ကိုယ်ကလည်း သိပ်မမောင်း တတ်တော့ အန္တရာယ်အရမ်းများ တယ်။ အမြန်လမ်းမှာ သုံး၊ လေး ခါလောက်မောင်းဖူးတယ်။ တောင်တက်လမ်းတော့ လုံးဝမမောင်းရဲ ဘူး။ တောင်တက်လမ်းမောင်းရင် သေချာတယ်၊ တောင်ပေါ် မရောက်ဘဲ တောင်အောက်ကို ရောက်သွားလိမ့်မယ်။ ညီမတစ် ခါမှတ်မှတ်ရရ ဒီကားနဲ့ မဟုတ် ဘူး။ အရင်ကားနဲ့ ရန်ကုန်ထဲမှာ မောင်းမယ်ဆိုပြီး မောင်းတာ။ တက္ကစီတစ်စီးကို သွားတိုက်မိ တယ်။ ကွေ့လိုက်တာ တက္ကစီ လာတာကို တက္ကစီဖင်ကို သွား တိုက်မိတာ။ ကိုယ်ကအကွေ့ သူ ကလမ်းမှန်။ အဲဒီမှာ ဘန်ပါအ ကုန်လုံး ကြေသွားတယ်။ အဲဒါ ကြောင့် အခုက ကားမောင်းရင် ဆိုက်ကိုဖြစ်သွားပြီ။ ငါကား မောင်းရင် ကားတိုက်မယ်။ ကား တိုက်ရင် လျော်ရမယ်။ အဲဒီလို မျိုးဖြစ်တယ်။ ညီမမောင်းချင်တာ ကတော့ အမြန်လမ်းကို အန္တရာယ်များတဲ့လမ်းမဟုတ်ဘဲ အမြန်လမ်းလို ဖြောင့်နေတဲ့လမ်းလေးမှာ အန္တရာယ်ကင်းကင်းရှင်းရှင်းနဲ့ ကားမောင်းချင်တယ်။

ညီမရဲ့ အတွေ့အကြုံနဲ့ယှဉ်ပြီး ကားမောင်းတဲ့သူတွေကို ဘာတွေမျှဝေပေးချင်တာမျိုးရှိမလဲ။

အတွေ့အကြုံကတော့ ညီမ က သိပ်ကားမောင်းစမရှိတော့ သိပ်မပြောပြတတ်ဘူး။ ညီမပြော ချင်တာကတော့ ကားကိုဖြည်း ဖြည်းပဲမောင်းကြပါလို့။ အဓိက က အသက်ကိုဉာဏ်စောင့်တယ် ပေါ့။ တစ်ခါတလေကျရင် အမြန် မောင်းမိတာက အသိတွေထဲမှာ လည်းရှိတယ်။ အသက်ဆုံးရှုံးရ တဲ့အထိ။ အဲဒီလိုတွေကြားနေရ တော့ ကားမောင်းတာကို ဆင် ဆင်ခြင်ခြင်လေးနဲ့၊ သတိဝီရိယ လေးနဲ့ မောင်းနှင်ကြပါလို့ ပြော ချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

__ ဇွဲဉာဏ်

logo