Menu

You are here

ခင်မဉ္ဇူခိုင်ရဲ့ TOYOTA Wish

ဒီတစ်ပတ်အနုပညာရှင်နဲ့ ကား ကဏ္ဍမှာတော့ မော်ဒယ်သရုပ် ဆောင် ခင်မဉ္ဇူခိုင်ရဲ့ ကားလေး အကြောင်း မေးမြန်းပေးထားပါ တယ်။

လက်ရှိစီးနေတဲ့ ကားအကြောင်းလေး ပြောပြပေးပါဦး။

မြလေး အခုစီးနေတဲ့ကားက Toyota Wish 2003 မော်ဒယ်ပါ။ ဒီကားကိုစီးတာ တစ်နှစ်လောက် ပဲရှိသေးတယ်။ ဒီကားက လူခုနစ် ယောက်စီးလို့ရတယ်။ မိသားစု စီးရင်လည်း အဆင်ပြေတယ်။ ခရီးသွားလို့လည်း အဆင်ပြေ တယ်။ အင်ဂျင်ပါဝါက 2.0 ပဲဆို တော့ ဆီစားနှုန်းကလည်း သက် သာတယ်။ ဒါကြောင့် ဒီကားလေး ကို ရွေးချယ်စီးဖြစ်ခဲ့တာပါ။

ကားရဲ့လုပ်ဆောင်မှုအပိုင်းတွေ ကိုလည်း ပြောပြပေးပါဦး။

ရန်ကုန်မြို့ထဲမှာ မောင်းမယ်ဆိုရင်တော့ ကားသေးသေးလေး တွေက ပိုအဆင်ပြေတာပေါ့နော်။ ဒါပေမဲ့ မြလေးက အရမ်းသေး လွန်းတဲ့ကားကျတော့လည်း မကြိုက်ဘူး။ မကြိုက်ဘူးဆိုတာက ကားရဲ့ခံနိုင်ရည်ရော၊ ခရီးထွက်တာကအစ ကြံ့ခိုင်တာမျိုးမှာဆိုရင် ဒီကားကျတော့ တော်တော်အဆင်ပြေတယ်။ ဆီစားနှုန်းကလည်းနည်းတော့ ခရီးထွက်ရင် လည်း တော်တော်သက်သာ တယ်။ ဆီလေးသောင်းဖိုးလောက်ဖြည့်ထားရင် ရန်ကုန်ကစထွက်လို့ရှိရင် မိတ္ထီလာလောက်အထိရတယ်။ Hight Way သွားရင် ပိုသိသာတယ်။

တခြားကားတွေနဲ့ မတူတဲ့အချက် ကကော ဘာဖြစ်မလဲ။

ကားက ရှေ့ပိုင်းလေးကနိမ့်တော့ တခြားကားတွေထက် ရှေ့ ကိုကြည့်ရတာလည်း အဆင်ပြေ တယ်။ အကွေ့တွေ ဘာတွေဆို ရင်လည်း ကားလေးကဝပ်တော့ စောင်းသွားမှာတွေ ဘာတွေမဖြစ် ဘူး။ မြလေးကလည်း ကားကို သိပ်ပြီး အမြန်မောင်းတာမရှိတော့ တခြားအခက်အခဲတွေတော့ မရှိ ပါဘူး။ ရန်ကုန်မြို့ထဲမှာတော့ ကားက နည်းနည်းကြီးပြီး နောက် ပိုင်းရှည်တော့ ကားပါကင်မှာ အ ခက်အခဲရှိတတ်တယ်။ ကားက ကြီးတော့ အတွင်းခန်းကျယ်တာ အဆင်ပြေသွားပြန်တယ်။

ဒီကားမတိုင်ခင်ကကော ဘယ်လို ကားတွေစီးဖြစ်ခဲ့လဲ။

အရင်တုန်းက ဂျစ်ကားလေး စီးဖူးတယ်။ ပြိုင်ကားလေးတစ်စီး လည်း စီးဖြစ်တယ်။ ကားကတော့ တော်တော်များများလဲပြီး ပြောင်း စီးဖြစ်တယ်။ သေချာတောင် မမှတ်မိတော့ဘူး။ မြလေးက ကားမောင်းတာလည်း သက်တမ်းက ကိုးနှစ်လောက်ရှိပြီ။

ဒီကားအပြင်  နောက်ထပ်စီးချင်တဲ့  ကားအမျိုးအစားတွေရှိရင် လည်း ပြောပြပေးပါဦး။

စီးချင်တာကတော့ အခုက ကားအသစ်တွေလည်း ဝင်လာ တယ်၊ တဖြည်းဖြည်းပြောင်းလဲ လာတာဆိုတော့ သိပ်တော့မပြော တတ်ဘူး။ ကိုယ်က အနုပညာရှင် ဆိုတော့ Alphard စီးရင်လည်း မဆိုးဘူး။ သူက နည်းနည်းကြီး တယ်။ အခုက အမျိုးသားက လည်း သီချင်းဆိုဖို့ နယ်တွေဘာ တွေ သွားတာလည်းရှိတယ်။ မြလေးလည်း ရှုတင်အတွက်သွား ရင် ပစ္စည်းတွေထည့်လို့ ဆံ့တာ မျိုးကို သဘောကျတယ်။ Offroadကားတွေကို စိတ်ဝင်စားနေတယ်။ အဲဒီကားတွေဆိုရင် အကြမ်းခံ တယ်။ အဓိကက မြလေးက ကား သေးသေးလေးတွေ မကြိုက်ဘူး။ ကားအကြီးတွေကို ပိုကြိုက်တယ်။

ဒီကားလေးနဲ့ပတ်သက်ပြီး ပရိသတ်အတွက် အကြံပြုစကား လေးလည်း ပြောပြပေးပါဦး။

ဒီကားကသူ့ဈေးနှုန်းနဲ့သူ စီးရတာတန်တယ်။ ခရီးလည်းသွား လို့ရတယ်။ ပစ္စည်းတွေလည်း ထည့်လို့ရတယ်။ အကြမ်းခံတာ ရောဆိုတော့ စီးရတာတန်တယ်။ ရန်ကုန်မြို့ထဲမှာလည်း Wish တွေ အများကြီးစီးနေကြပြီ။ အဓိကကတော့ စီးရတာ အဆင်ပြေတယ်။

ဒီကားနဲ့ အသွားချင်ဆုံး၊ အမောင်းချင်ဆုံးနေရာတွေကိုလည်း ပြော ပြပေးပါဦး။

ဒီကားနဲ့က ခရီးတော်တော် များများလည်း သွားဖြစ်နေတယ်။ ရန်ကုန်မြို့ထဲနဲ့စာရင် ဟိုင်းဝေး မှာ မောင်းရတာပိုလည်း သဘော ကျတယ်။ ရန်ကုန်မှာက မမောင်း ရဘူး။ ကားက တစ်ချိန်လုံးကျပ် နေတာ။ တစ်ခါတလေမောင်း တောင်မမောင်းချင်ဘူး။ မောင်းရ မယ်ဆိုရင်တော့ ဟိုင်းဝေးလမ်း တွေမှာပဲ မောင်းချင်တယ်။

ကားမောင်းနေကြတဲ့ ပရိသတ် တွေအတွက် စကားလက်ဆောင် လေးလည်းပြောပြပေးပါဦး။

ကားမောင်းကြတဲ့အခါ ဘယ်ကားနဲ့ပဲဖြစ်ဖြစ် ကားကို သတိထားပြီးမောင်းကြပါ။ အရမ်းအရှိန်တွေလည်း အများကြီး မမောင်းကြပါနဲ့လို့ သတိပေးချင် ပါတယ်။

 

ကျေးဇူးတင်ပါတယ်။

 __ ဖြူဖွေးသန့်

logo