Menu

You are here

နေဒွေးရဲ့ Alphard

ဒီတစ်ပတ်ရဲ့ အနုပညာရှင်နဲ့ ကားကဏ္ဍမှာတော့ ရုပ်ရှင်ကားကြီး တွေ ဆက်တိုက်ရိုက်ဖြစ်နေပြီး မကြာခင်မှာ ပထမဆုံးအနေနဲ့ ခေါင်းဆောင်မင်းသားအဖြစ် ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီး မှာပါဝင်တဲ့ သရုပ်ဆောင်နေဒွေး ကို သူ့ရဲ့ကားအကြောင်း တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

မင်္ဂလာပါ အစ်ကို။ အခုလက်ရှိ စီးနေတဲ့ ကားအမျိုးအစားနဲ့ ဒီ ကားဝယ်ဖြစ်ခဲ့ပုံလေးကို အရင် ဆုံးပြောပြပေးပါဦး။

အစ်ကိုအခုလက်ရှိစီးနေ တဲ့ကားလေးကတော့ Alphard2004 အမျိုးအစားလေးပါ။ကား အင်ဂျင်ပါဝါက VVTI 2.4 ရှိပြီး2Wheel အမျိုးအစားဖြစ်တယ်။ ဓာတ်ဆီကားဆိုပေမယ့် အစ်ကိုအရင်ကစီးခဲ့တဲ့ ကားတွေထက်တော့ ဆီစားနှုန်းသက်သာတယ်။ အစ်ကို ဒီကားလေးဝယ်ဖြစ်တာ သိပ်မကြာသေးဘူး။ အစကစီးနေ တာ ပါရာဒိုစီးတာ၊ မြို့တွင်းနဲ့ ရှုတင်သွားတာတွေအတွက် အ ဆင်မပြေတော့ ဒီကားလေးဝယ် စီးဖြစ်သွားတာပါ။ ဒီကားလေးက တော့ ကျယ်လည်းကျယ်တော့ရှုတင်အတွက် လိုအပ်မယ့် အသုံးအဆောင်တွေထည့်လို့ရတဲ့အ ပြင် မိသားစုစုံစုံညီညီ ခရီးတွေလည်း ထွက်လို့ရတယ်ပေါ့။ အဓိကက အစ်ကို့ရှုတင်အတွက် ၀ယ်ဖြစ်ခဲ့တာပါ။

အစ်ကိုက ကားအမျိုးမျိုးပြောင်း စီးနေတာဆိုတော့ အရင်တုန်းက စီးဖြစ်တဲ့ ကားတွေနဲ့ အခုလက် ရှိကားနဲ့ ဘယ်လိုတွေ ကွာခြားမှု ရှိပါသလဲ။

အစ်ကို အရင်တုန်းကစီးတာပါရာဒိုကိုအချိန်ကြာကြာစီးခဲ့ တော့ အဲဒီကားလေးကိုပိုသဘော ကျတယ်။ ပုံပြောင်း ၂၀၀၈  အနက်ရောင်ဆိုတော့ အစ်ကိုနဲ့လည်း ပိုလိုက်မယ်လို့ထင်တယ်။ ဒါပေမဲ့ အဲဒီကားမှာ အားနည်းချက်တွေရှိ တယ်။ အစ်ကို ဟိုတစ်လောက ကလောဘက်ကားရိုက်ထွက် တော့ တောင်တွေတက်ပြီးပြန် လာ တာ  ကားအောက်ပိုင်းတော်တော် ထိသွားတာ။ ၀ပ်ရှော့ပြတော့ ကားအင်ဂျင်ပိုင်းက အားနည်းချက် တွေ တော်တော်များများရှိတယ် ပေါ့။ အဲဒါနဲ့ အစ်ကို Alphard ကို ပြောင်းစီးဖြစ်တာ။ အခုစီးရသလောက်တော့ အင်ဂျင်ပိုင်းအနေနဲ့ ပြောလို့မရသေးဘူး။ ဒါပေ မဲ့ ဓာတ်ဆီကားဖြစ်တော့ စက်သံငြိမ်ပြီး ငြိမ့်ညောင်းမှုပိုရှိတယ်။ ဒီကားက ပါရာဒိုထက် ကားနိမ့်  ပိုင်းဖြစ်တဲ့အတွက် slow down တွေမှာဆိုရင် အောက်ပိုင်းခဏ ခဏတော့ထိတယ်။ အဲဒီလိုလေး  တွေတော့ ကွာခြားပါတယ်။

အစ်ကို့အနေနဲ့ နောက်ထပ်ကား အသစ်တစ်စီး ၀ယ်ဖြစ်မယ်ဆိုရင် ဘယ်လိုကားအမျိုးအစားလိုချင် ပါသလဲ။

ကျွန်တော် အခုလက်ရှိ ကြိုက်နေတာကတော့ Celsior ၂၀၀၅ အနက်ရောင်ကားအမျိုး အစားလေးပါ။ ကားပုံစံလေးကို သဘောကျတယ်။ ပြီးတော့ ကိုယ် တိုင်လည်း မောင်းချင်တယ်။ဒါပေမဲ့ အဲဒီကားက ဆီစားနှုန်း အရမ်းများတဲ့အပြင် ပြင်ဆင် စရိတ်လည်း တော်တော်ကြီး တယ်။ အဲဒီလိုတွေရှိပေမယ့် လည်း   ကျွန်တော်အရမ်းသဘောကျနေတော့ အဲဒီကားလေးပဲ ၀ယ်စီးဖြစ်မှာပါ။

အစ်ကိုက ခရီးတွေတော်တော် များများသွားရတယ်ဆိုတော့ ခရီး သွားရင် ကိုယ့်ကိုယ်ကိုယ် Safe ဖြစ်အောင် ဘယ်လိုတွေပြင်ဆင် ဖြစ်လဲဆိုတာ ပြောပြပေးပါဦး။

အစ်ကိုက ကားကိုငယ်ငယ် လေးကတည်းက မောင်းတာကို ရူးသွပ်ခဲ့တာ။ ကားဆို ကိုယ်တိုင် မောင်းရမှ ကျေနပ်တာ။ အစ်ကိုကားရိုက်ထွက်တာ နယ်တွေဘက်သွားရတာ တော်တော်များတယ်။အဲဒီလိုသွားရင်လည်း အိမ်ကမထွက်ခင် ကားကို ဆီရေလေ၀ိုင်အကုန် စစ်တယ်။ နောက်ခရီးဝေးသွားရင်တော့ ဒါရိုင်ဘာတစ် ယောက်တော့ အမြဲပါတယ်။ အစ်ကို တစ်လှည့် သူတစ်လှည့်မောင်းဖြစ်တယ်။ ဒါပေမဲ့ တခြားသူမောင်းရင်လည်း အစ်ကိုကားပေါ် မှာ ဘယ်လိုမှ အိပ်မပျော်ဘူး။ ဘယ်လိုပြောရမလဲ ကိုယ်တိုင်ပဲမောင်းနေကျဆိုတော့ တခြားသူမောင်းရင် လုံခြုံမှုမရှိသလိုခံစားရ တယ်။ ပြီးတော့ အစ်ကိုက ငယ်ငယ်ကတည်းက အကျင့်တစ်ခုရှိတယ်။ အဲဒါက ကားစမမောင်းခင် သမ္ဗုဒ္ဓေအမြဲရွတ်တယ်။ ကားကိုလည်း ပရိတ်ရေဖျန်းပြီးမှ မောင်းတဲ့အကျင့်က ငယ်ငယ်ကတည်းကကို လုပ်လာတာ။ အဲဒီလိုဆိုတော့ အစ်ကိုခရီးဝေးတွေသွား ရင် ကိုယ့်ကိုယ်ကိုယ် လုံခြုံမှုရှိ တယ်လို့ထင်တယ်။

အစ်ကို့အနေနဲ့ ကားကို ရူးသွပ်တဲ့သူလည်းဖြစ်တယ်။ ကားစီးတာလည်းကြာပြီဆိုတော့ ကားနဲ့ပတ်သက်တဲ့ အမှတ်တရရှိခဲ့တယ် ဆိုရင် သိချင်ပါတယ်။

ကားနဲ့ပတ်သက်လို့ အမှတ်တရဆိုရင် အစ်ကို အနုပညာလောကထဲ စ၀င်တဲ့အချိန်လောက်တုန်း က ဖြစ်ခဲ့တာ။ အဲဒါဘာလဲဆိုရင် အစ်ကိုအဲဒီချိန်က တိုယိုတာအမျိုးအစား ပြိုင်ကားလေးစီးဖြစ်တာ။ တစ်နေ့ မင်္ဂလာဈေးရှေ့မှာ ကား တိုးနေတုန်း အနောက်က၀င်အ တိုက်ခံလိုက်ရတယ်။ အဲဒီချိန် တုန်းက ကိုကတိုက်တာမဟုတ် ပေမယ့်လည်း ကားတိုက်တာက အစ်ကို့အတွက် ပထမဆုံးပဲ။ အစ် ကိုကားမောင်းရင် ဘယ်တော့မှ  သတိမေ့တာမရှိခဲ့ဘူး။ အမြဲသတိ ထားပြီးမောင်းတယ်။ အဲဒါလေးကတော့ မှတ်မှတ်ရရပါပဲ။ အစ်ကိုကားမောင်းလာတဲ့တစ်လျှောက် ကားတိုက်ခံရတာ အဲဒီတစ်ခါပဲရှိ တယ်။

နောက်ဆုံးအနေနဲ့ ကားမောင်းတဲ့သူတွေအတွက် အကြံပြုစကား လေးပြောပြပေးပါဦး။

ရန်ကုန်မှာ အခုဆိုရင် ယာဉ် ကြောကျပ်တည်းတာတွေက နေ ရာတော်တော်များများ တွေ့လာ ရတယ်။ ပြီးတော့ ယာဉ်တိုက်မှုတွေကလည်း မကြာခဏဖြစ်လာ တယ်။ အဲဒါတွေရဲ့ အခြေခံက လူတွေစည်းကမ်းမရှိကြလို့ဖြစ် တာ။ ဒီမှာက ကိုယ်က ဘယ် လောက်ပဲစည်းကမ်းရှိရှိနဲ့ ယာဉ် ကြောကိုတန်းစီစောင့်နေပါစေ လမ်းပြောင်းပြန်ဝင်လာတဲ့သူ တွေ၊ တခြားယာဉ်ကြောက ပြောင်းလာတဲ့သူတွေက ကိုယ့်ရှေ့ကနေ ဖြတ်ကွေ့တာတွေလုပ် နေတော့ကိုလည်း စည်းကမ်းရှိနေလည်းအပိုပဲလို့တွေးပြီး အဲဒီလိုဖြတ်ကျော်တာတွေလုပ်လာရာ ကနေ ယာဉ်ကျပ်မှုတွေ၊ ယာဉ်တိုက်မှုတွေဖြစ်နေတာ။ အဲဒါကြောင့် လူတွေစည်းကမ်းတကျနဲ့  တန်းစီစနစ်နဲ့ မောင်းမှသာ ကားကျပ်တာတွေနဲ့ ယာဉ်တိုက်မှုတွေ အားလုံး လျော့နည်းသွားမှာပဲဖြစ် ပါတယ်။

ကျေးဇူးတင်ပါတယ်။

 

­— လွင်သဲငယ်ဦး

logo