Menu

You are here

ကားအတွင်းကသတိပေးအချက်ပြမီးကလေးများ(၂)

ရန်ကုန်၊အောက်တိုဘာလ၂၂ရက်

                        တစ်နေ့တာအတွက် ကားအသုံးပြုမောင်းနှင်ဖို့ ကားပေါ်တက်လိုက် တာနဲ့ အရင်ဆုံးစစ်ဆေးသင့်တာလေးတွေကိုကားတွေမှာအချက်ပြပါတယ်။အဲသည်အချက်ပြမီးလေးတွေကပွင့်လာပြီးပြန်ပိတ်မသွားခဲ့ရင်တော့ ကားကိုမမောင်းသေးဘဲ အရင်ဆုံးတစ်ဆေးပြင်ဆင်သင်ပြပါတယ်။

ချက်မီး(Check Engine)

                             အင်ဂျင်ချက်မီးလို့ လူသိများပြီးကားမောင်းဖူးသူတိုင်းမြင်ဖူးနေကြအမှတ်အ သားတစ်ခုဖြစ်ပါတယ်။အင်ဂျင်ရဲ့ ချို့ ယွင်းချက်တစ်ခုခုဖြစ်တာနဲ့ အဲသည်မီးလေးကအချက်မပြပါတယ်။ ဒါပေမယ့်လူသိနည်းနေတာကတစ်ခုကတချို့ ကားတွေမှာ ကားသော့လော့ခ်ပွင့်တာနဲ့ အဲသည်အချက် ပြမီးလေးကပွင့်နေတတ်ပြီး စက်နှိုးလိုက်တဲ့အချိန်မှပျောက်သွားတတ်တာဖြစ်ပါတယ်။

                             သည်လိုဖြစ်တာကိုတချို့ ယာဉ်မောင်းနှင်သူတွေက ကားမှာချို့ ယွင်းချက်တစ်ခု ခုဖြစ်နေပြီလို့ ယူဆတတ်ကြပါတယ်။အမှန်တကယ်တော့ကားမှာချို့ ယွင်းမရှိပါဘူး။ကားကိုထုတ်လုပ်လိုက်တဲ့ ကုမ္ပဏီတွေတစ်ခုနဲ့ တစ်ခုမတူညီတဲ့အခြေခံတွေကြောင့် ကွဲလွဲနေတာဖြစ်ပါတယ်။ဒါပေမယ့် ကားစက် နှိုးပြီးချိန်အထိ အဲသည်ချက်မီးကပွင့်နေဦးမယ်ဆိုရင်တော့ ကားကိုစစ်ဆေးပြုပြင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

လေပေါင်စစ်ဆေးပါ(Tyre Pressure Low)

                        မြန်မာအက္ခရာ “ ပ” ပုံသဏ္ဍာန် လေးထဲမှာ သတိမေးအမှတ်အ သားပါတဲ့ အနီရောင်မီးလေးကိုတော့ Tyre Pressure Low အချက်ပြမီးလို့ ခေါ်ပါတယ်။ အဲသည်အချက်ပြမီးလေးကတော့ ကားတာယာရဲ့ လေပေါင်လျော့နည်းနေပြီဆိုရင်အ ချက်ပြမှာဖြစ်ပါတယ်။

                        ကားသော့ရဲ့ လော့ခ်ပွင့်ချိန်မှာချက်ချင်းပွင့်လာပြီးချက်ချင်းပြန်ပိတ် သွားမှာဖြစ်ပါတယ်။ကားထဲမှာစတင်အလုပ်လုပ်ဆောင်နေတဲ့စနစ်တွေကိုအချက်ပြတဲ့ သဘောဖြစ်ပါတယ်။ဒါပေမယ့် အချိန်ပြည့်ဆက်ပြီးမီးပွင့်နေဦးမယ်ဆိုရင်တော့ကားတာ ယာလေပေါင်ကိုစစ်ဆေးဖို့ လိုအပ်လာပြီဖြစ်ပါတယ်။

တံခါးပွင့်နေတယ်(Door Open)

                ဒီအချက်ပြမီးလေးကတော့ကားရဲ့ တံခါးတွေဖွင့်ထားချိန်မှာ အချက်ပေးပြီ အသံနဲ့ ပါအချက်ပြနေတတ်ပါတယ်။အဲဒါကြောင့်လူတိုင်းသတိထားမိတတ်တဲ့ အချက် ပြီးဖြစ်ဖြစ်ပါတယ်။

                အချက်ပြရတဲ့အကြောင်းရင်းကာတော့ ကားရဲ့ ဘေးတံခါးချပ်တွေပွင့်နေ ရင် သို့မဟုတ်ဖွင့်ထားမိတဲ့အချိန်မျိုးမှာသည်အချက်ပြမီးလေးကအသံနဲ့ တကွအချက်ပြ နေမှာဖြစ်ပါတယ်။

logo