Menu

You are here

ဆုအိမ့်စံရဲ့ TOYOTA Alphard

ဒီတစ်ပတ်အနုပညာရှင်နဲ့ ကား ကဏ္ဍမှာတော့ အခုရက်ပိုင်းအ တွင်းမှာပဲ ပရိသတ်တွေ လက်ခံ အားပေးလျက်ရှိတဲ့ ဖေ့စ်ဘုတ်ရွာ ရုပ်ရှင်ကားထဲက သရုပ်ဆောင် ဆုအိမ့်စံရဲ့ လက်ရှိစီးနေတဲ့ ကား အမျိုးအစားနဲ့ ၎င်းရဲ့ကားနဲ့ပတ် သက်တဲ့ အကြောင်းအရာတချို့ ကို မေးမြန်းပေးထားပါတယ်။

ညီမလေး အခုစီးနေတဲ့ကားက။

အခုစီးနေတဲ့ကားက 2012 Toyota Alphard ပါ။ ဒီကားလေး ကို စီးဖြစ်ခဲ့တာက ဆုဆု အနု ပညာအလုပ်တွေ စလုပ်တော့ ရှုတင်တွေသွားရတော့ Alphard က အဆင်ပြေလို့ စီးဖြစ်ခဲ့တာပါ။ စီးလာတာတော့ အချိန်အတော် ကြာပါပြီ။

ဒီကားစီးရတဲ့အခါမှာ ဘာတွေ အကြိုက်တွေ့ပါလဲ။

အဆင်ပြေတာက ဒီကားနဲ့ အဓိကရှုတင်ကို သွားတာဆိုတော့ ကားကကြီးတော့ အထဲမှာ အဝတ်အစားလဲတာဆိုလည်း အဆင်ပြေ တယ်။ ခရီးသွားရင်လည်း လူ သက်သာတယ်။ တခြားကားအ သေးတွေဆိုရင်တော့ ခရီးသွားဖို့ ကားသက်သက်ရှာရမယ်။ ဒီကား ကကျတော့ ခရီးသွားလို့လည်း ကောင်းတယ်။ ကိုယ့်မှာ ဒီကားရှိ တော့ ခရီးသွားရင် တခြားကား တွေ ထပ်မလိုတော့ဘူး။ အဆင် မပြေတာကတော့ ဒီကားကို ကိုယ်တိုင်မောင်းရင်တော့ အဆင်မပြေ ဘူး။ ကားပါကင်ထိုးရင်လည်း ခက်တယ်။

ကားကို ကိုယ်တိုင်မောင်းဖြစ်တော့ အရင်ကစီးဖြစ်ခဲ့တဲ့ ကားတွေနဲ့ကော ဘာတွေကွာခြားတယ်လို့ ထင်ပါသလဲ။

အရင်ကတော့ ဆုဆုက ကားအသေးလေးတွေပဲ မောင်းဖြစ်ခဲ့ တာဆိုတော့ ပေါ့ပေါ့ပါးပါးမောင်းလို့ရတယ်။ အခုဒီကားပြောင်းစီး ပြီးမောင်းတဲ့အခါကျတော့ စတီ ယာတိုင်ကိုင်ရတာကအစ လေး တယ်။ ပါကင်ထိုးရင်လည်း နောက်ပိုင်းကရှည်တော့ တစ်ခါ တလေ မလွတ်ဘူး။ နောက်တစ် ခုကွာခြားတာက ဒီကားက မြင့် တော့ တခြားကားတွေကို အပေါ် ကနေမြင်ရတယ်။ ပြောရရင် တော့ ဒီကားစီးရတာ အဆင်ပြေမှု လည်းရှိသလို အဆင်မပြေတာ လေးတွေလည်းရှိတယ်။ ဒါပေမဲ့ တော်တော်များများကတော့ အ ဆင်ပြေပါတယ်။

ခရီးသွားတဲ့အခါမှာကော ဘယ်လိုအဆင်ပြေတာမျိုးတွေရှိပါလဲ။

ဒီကားနဲ့ ခရီးသွားရင် တခြား ကားတွေထက် ပိုပြီးသက်သောင့် သက်သာရှိတယ်။ လူလည်း အ များကြီးဆံ့တော့ မိသားစုလိုက် လည်း သွားလို့အဆင်ပြေတယ်။

ဒီကားပြီးရင် နောက်ထပ်စီးချင်တဲ့ ကားကကော ဘယ်လိုကားအမျိုး အစားဖြစ်မလဲ။

ဆုဆု အရင်က ဗီဗီကားအ သေးလေးလည်း စီးဖြစ်ခဲ့တယ်။ နောက်ထပ်စီးချင်တဲ့ကားဆိုရင် လည်း ချစ်စရာကောင်းတဲ့ ကား သေးသေးလေးတွေ ထပ်လိုချင် တယ်။

ဒီကားနဲ့ ကိုယ်တိုင်မောင်းမယ်ဆိုရင် ဘယ်လိုနေရာမျိုးတွေကို မောင်းချင်လဲ။

မောင်းချင်တဲ့နေရာမျိုးက တော့ ဆုဆုက ကားမောင်းရင် ဘေးမှာ ကားတွေကပ်မပါလာ တာကို စိတ်ချမ်းသာတယ်။ အဲဒီလိုကားတွေပါလာရင် (ဒါမှမဟုတ်) အရမ်းမောင်းတဲ့ ကားတွေပါလာရင် လူက ရင်တွေတုန်လာတယ်။ အရင်ကတော့ ဘာမှမဖြစ်ပေမယ့် ကားက အရမ်းတိုက်တော့ အဲဒီလိုဖြစ်ပြီးနောက်ပိုင်း လူကအရမ်းစိတ်ကတစ်မျိုးပဲ ကြောက်သလိုလို ဘယ်လိုဖြစ်သွားလဲမသိဘူး။ ဒါကြောင့် ဒီနောက်ပိုင်း ကိုယ်တိုင်မမောင်းဖြစ်တော့ဘဲ ဒရိုင်ဘာနဲ့ပဲ သွားတာများတယ်။

ကားမောင်းနေကြတဲ့သူတွေအတွက် အကြံပြုချက်လေး ပြောပေးပါဦး။

 ကားမောင်းရင် အရမ်းမြန် မြန်မောင်းစရာ မလိုပါဘူး။ နောက်ကျရင်ဖြစ်ဖြစ်၊ စောရင် ဖြစ်ဖြစ် နောက်ကျရင် တစ်နာရီ၊ နှစ်နာရီပေါ့။ ဒါကြောင့် ပုံမှန်လေးနဲ့ ဂရုတစိုက်ကားမောင်းကြဖို့ အ ကြံပြုချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

 __ ဖြူဖွေးသန့်

TOYOTA  Alphard

တိုယိုတာ Alphard ကို Alphard G နဲ့ Alphard V ဆိုတဲ့ Sub-Brandနှစ်မျိုးနဲ့ ခွဲခြားပြီး ၂၀၀၂ မှာ စတင်ထုတ်လုပ်ပါတယ်။ ၂၀၀၇ မှာSub-Brand နှစ်မျိုးခွဲခြားထုတ်လုပ်မှုကိုရပ်နားပြီး ၂၀၀၈ မှာ Alphard ဆိုတဲ့ Sub-Brand တစ်မျိုးတည်းကိုသာ ထုတ်လုပ်ပါတော့တယ်။

အဲဒါကြောင့် တိုယိုတာ Alphard ရဲ့ ပထမမျိုးဆက်ကို ၂၀၀၂ မှ၂၀၀၇ လို့ သတ်မှတ်နိုင်ပြီး Sub-Brand နှစ်မျိုးကို တွေ့နိုင်ပါတယ်။ ဒုတိယမျိုးဆက်ပုံပြောင်းကိုတော့ ၂၀၀၈ မှာ Alphard ဆိုတဲ့Sub-Brandတစ်မျိုးတည်းနဲ့ ထုတ်လုပ်ပါတယ်။ ဒုတိယမျိုးဆက်ကို ၂၀၀၈ တစ်နှစ်တည်းမှာသာ ထုတ်လုပ်ပြီး ၂၀၀၉ နှစ်လယ်ပိုင်းလောက်မှာတတိယမျိုးဆက်ပုံပြောင်းကိုထုတ်လုပ်လာပါတယ်။

၂၀၁၀ ပုံပြောင်းလို့ လူသိများကြတဲ့ Alpard 2009 ကို ၂၀၁၁ နှစ်ကုန်ပိုင်းအထိ ထုတ်လုပ်ပါတယ်။ စတုတ္ထမျိုးဆက်ကိုတော့ မီးသီး၊  မီးခွက် ပုံပြောင်းတွေအပြင် အတွင်းခန်းဂရိတ်တွေကိုပါ အဆင့်မြှင့် ထုတ်လုပ်လာပါတယ်။ GS ဂရိတ်လို့လူသိများတဲ့၂၀၁၂ ပုံပြောင်းကိုလည်းတစ်နှစ် သာထုတ်လုပ်ပြီး ၂၀၁၃ ရောက်ချိန်မှာ ၂၀၁၁ မော်ဒယ်နဲ့ ဒီဇိုင်း ပိုနီးစပ်တဲ့ ပုံပြောင်းမျိုးဆက်တစ် ခုကို ပြန်လည်ထုတ်လုပ်လာပါတယ်။

logo