
Suzuki Baleno မွာ တံခါးငါးေပါက္ Hatchback ကိုယ္ထည္ျဖင့္ၿပီး Crossover ဆန္ဆန္ကိုယ္ထည္မ်ိဳး ဖြဲ႕စည္းထားလို႔ ဆြဲေဆာင္မႈေကာင္းတဲ့ရုပ္ထြက္ရွိပါတယ္။
Suzuki ကားကုမၸဏီ၊ အိႏၵိယ႐ုံးခြဲမွာ သီးသန္႔ ထုတ္လုပ္တဲ့ Baleno ေမာ္ဒယ္မွာ ႐ုပ္ထြက္ခန္႔ၿပီး ေကာင္းကြက္ အမ်ားႀကီးကိုေတြရပါတယ္။ 2015 မွာစတင္ထုတ္လုပ္ခဲ့ေပမယ့္ ဒီႏွစ္ထဲမွာေတာ့ဂ်ပန္ ႏွင့္ ဥေရာပ၊ ၾသစေတးလ် စတဲ့ေစ်းကြက္ေတြထိ ေစ်းကြက္ေနရာရလာတဲ့ကားတစ္စီးျဖစ္ပါတယ္။
ဆီစားႏွုန္း သက္သာၿပီး အင္ဂ်င္ေသးေပမယ့္ Turbo အင္ဂ်င္ကိုတပ္ဆင္ေပးတဲ့အတြက္ စြမ္းေဆာင္ရည္ကို အျပည့္အ၀ရႏိုင္တဲ့အျပင္ ေမာင္းႏွင္သူတိုင္းကို အႀကိဳက္ေတြ႕ေစမယ့္ ကားေလးတစ္စီးျဖစ္ပါတယ္။

အင္ဂ်င္အရြယ္အစားေတြကိုေတာ့ 1.0 လီတာ(၁၀၀၀ စီစီ)၊ 1.2 လီတာ(၁၂၀၀စီစီ)၊ 1.3 လီတာ(၁၃၀၀စီစီ) (ဒီဇယ္) ဆိုၿပီး စိတ္ႀကိဳက္ေရြးခ်ယ္ သြားနိုင္ပါတယ္။အဲဒီအထဲမွာ လူႀကိဳက္အမ်ားဆုံးအင္ဂ်င္ကေတာ့ 1.0 လီတာ ဆလင္ဒါသုံးလုံး တာဗိုအင္ဂ်င္ျဖစ္ၿပီး ျမင္းေကာင္ရည္အား 109 hp အထိစြမ္းေဆာင္ရည္ရွိပါတယ္။

ဂီယာေတြကိုေတာ့ ေလးခ်က္ထိုး ေအာ္တို ႏွင့္ ငါးခ်က္ထိုး မန္ႏူရယ္ဆိုၿပီး ထုတ္လုပ္ထားတာေတြ႔ရၿပီး တစ္နာရီ ၆၂ မိုင္ (ကီလိုမီတာ ၁၀၀ ) ႏႈန္းကေန အျမင့္ဆုံးျမန္ႏွုန္း တစ္နာရီကို ၁၂၄မိုင္ထိေမာင္းႏွင္ႏိုင္ ပါတယ္။ ဆီစားႏွုန္း ကေတာ့ တစ္ဂါလံကို ၆၂.၅မိုင္အထိ အသုံးျပဳေမာင္ႏွင္ႏို္င္မွာျဖစ္ပါတယ္။

နည္းပညာ ေပါင္းစပ္မွု အေနနဲ႔ GPS ေျမပုံခ်ိတ္ဆက္ႏိုင္တဲ့ navigation ပါ၀င္တဲ့ 7 လက္မ touchscreen, speed limiter ပါဝင္တဲ့ cruise control, အသံပိုင္းထိန္းခ်ဳပ္မႈခလုတ္ပါတဲ့ Leather စတီယာရင္ ၊ airbag ေျခာက္လုံး ၊ push-start စနစ္ ၊ 4.2 လက္မရွိ LCD ဒီဂ်စ္တယ္ ဒိုင္ခြက္ ၊ 16 လက္မ အလြိဳင္းေတြနဲ႔ တပ္ဆင္ ထုတ္လုပ္ထားတာျဖစ္ပါတယ္။
ဒါ့အျပင္ USB ၊ 12 V အားသြင္းေပါက္ ပါ၀င္တာလည္းေတြ႔ရပါတယ္။ 2016 ေမာ္ဒယ္ကို ေရာင္းခ်ေနၿပီး ေစ်းႏွုန္းမွာ အနိမ့္ဆုံး ေဒၚလာ 22990 ျဖစ္ပါတယ္။
Ref:Suzuki.com.au
#Suziki #Baleno #GPS #navigation #touchscreen #speed_limiter #leather #air_bag #push_start #cruise_control #turbo #topspeed #india #APM
Unicode
အာရှနဲ့ သြစတေးလျ စျေးကွက်မှာ အောင်မြင်လာတဲ့ Suzuki Baleno 2016
Suzuki Baleno မှာ တံခါးငါးပေါက် Hatchback ကိုယ်ထည်ဖြင့်ပြီး Crossover ဆန်ဆန်ကိုယ်ထည်မျိုး ဖွဲ့စည်းထားလို့ ဆွဲဆောင်မှုကောင်းတဲ့ရုပ်ထွက်ရှိပါတယ်။
Suzuki ကားကုမ္ပဏီ၊ အိန္ဒိယရုံးခွဲမှာ သီးသန့် ထုတ်လုပ်တဲ့ Baleno မော်ဒယ်မှာ ရုပ်ထွက်ခန့်ပြီး ကောင်းကွက် အများကြီးကိုတွေရပါတယ်။ 2015 မှာစတင်ထုတ်လုပ်ခဲ့ပေမယ့် ဒီနှစ်ထဲမှာတော့ဂျပန် နှင့် ဥရောပ၊ သြစတေးလျ စတဲ့စျေးကွက်တွေထိ စျေးကွက်နေရာရလာတဲ့ကားတစ်စီးဖြစ်ပါတယ်။
ဆီစားနှုန်း သက်သာပြီး အင်ဂျင်သေးပေမယ့် Turbo အင်ဂျင်ကိုတပ်ဆင်ပေးတဲ့အတွက် စွမ်းဆောင်ရည်ကို အပြည့်အဝရနိုင်တဲ့အပြင် မောင်းနှင်သူတိုင်းကို အကြိုက်တွေ့စေမယ့် ကားလေးတစ်စီးဖြစ်ပါတယ်။
အင်ဂျင်အရွယ်အစားတွေကိုတော့ 1.0 လီတာ(၁၀၀၀ စီစီ)၊ 1.2 လီတာ(၁၂ဝဝစီစီ)၊ 1.3 လီတာ(၁၃ဝဝစီစီ) (ဒီဇယ်) ဆိုပြီး စိတ်ကြိုက်ရွေးချယ် သွားနိုင်ပါတယ်။အဲဒီအထဲမှာ လူကြိုက်အများဆုံးအင်ဂျင်ကတော့ 1.0 လီတာ ဆလင်ဒါသုံးလုံး တာဗိုအင်ဂျင်ဖြစ်ပြီး မြင်းကောင်ရည်အား 109 hp အထိစွမ်းဆောင်ရည်ရှိပါတယ်။
ဂီယာတွေကိုတော့ လေးချက်ထိုး အော်တို နှင့် ငါးချက်ထိုး မန်နူရယ်ဆိုပြီး ထုတ်လုပ်ထားတာတွေ့ရပြီး တစ်နာရီ ၆၂ မိုင် (ကီလိုမီတာ ၁၀၀ ) နှုန်းကနေ အမြင့်ဆုံးမြန်နှုန်း တစ်နာရီကို ၁၂၄မိုင်ထိမောင်းနှင်နိုင် ပါတယ်။ ဆီစားနှုန်း ကတော့ တစ်ဂါလံကို ၆၂.၅မိုင်အထိ အသုံးပြုမောင်နှင်နို်င်မှာဖြစ်ပါတယ်။
နည်းပညာ ပေါင်းစပ်မှု အနေနဲ့ GPS မြေပုံချိတ်ဆက်နိုင်တဲ့ navigation ပါဝင်တဲ့ 7 လက်မ touchscreen, speed limiter ပါဝင်တဲ့ cruise control, အသံပိုင်းထိန်းချုပ်မှုခလုတ်ပါတဲ့ Leather စတီယာရင် ၊ airbag ခြောက်လုံး ၊ push-start စနစ် ၊ 4.2 လက်မရှိ LCD ဒီဂျစ်တယ် ဒိုင်ခွက် ၊ 16 လက်မ အလွိုင်းတွေနဲ့ တပ်ဆင် ထုတ်လုပ်ထားတာဖြစ်ပါတယ်။
ဒါ့အပြင် USB ၊ 12 V အားသွင်းပေါက် ပါဝင်တာလည်းတွေ့ရပါတယ်။ 2016 မော်ဒယ်ကို ရောင်းချနေပြီး စျေးနှုန်းမှာ အနိမ့်ဆုံး ဒေါ်လာ 22990 ဖြစ်ပါတယ်။
Ref:Suzuki.com.au
#Suziki #Baleno #GPS #navigation #touchscreen #speed_limiter #leather #air_bag #push_start #cruise_control #turbo #topspeed #india#APM