Menu

You are here

ဘေဘီမောင်ရဲ့Mark X

ဒီတစ်ပတ် အနုပညာရှင်နဲ့ကား ကဏ္ဍမှာတော့ မော်ဒယ်သရုပ် ဆောင် ဘေဘီမောင်ရဲ့ ကားလေး အကြောင်း မေးမြန်းထားပါတယ်။

ဘေဘီမောင် အခု စီးဖြစ်နေတဲ့ ကားလေးက။

လက်ရှိ ဘေဘီမောင်စီးနေ တာကတော့ Mark X 2005 မော် ဒယ်နဲ့ Alphard 2004 မော်ဒယ် တွေကို စီးနေပါတယ်။ Mark X ကတော့ လူအများကြီးမဆံ့ပေ မယ့် ကိုယ်တိုင်မောင်းတဲ့အခါမျိုး ပွဲတက်တာဖြစ်ဖြစ်၊ ရှော့ပင်ထွက် တာဖြစ်ဖြစ် ဟိုနားဒီနား သွားတာ မျိုးဆိုရင်တော့ ရန်ကုန်က လမ်း တွေမှာက ကားလည်းနည်းနည်း သေးတော့ ဝင်ဆံ့လို့ရတယ်။ သရုပ်ဆောင်တစ်ယောက်အနေ နဲ့လည်း ဒီကားလေးက အဆင် ပြေတယ်ဆိုတော့ စီးဖြစ်တာပါ။ ရှုတင်တွေသွားတဲ့အခါမှာတော့ ကားကျယ်ပြီး အဝတ်အစားလဲလို့ ရအောင် Alphard ကို စီးတယ်။သူ့ကိုကျတော့ ရှုတင်သွားတဲ့အ ခါမှာပဲ အသုံးပြုတယ်။ ကိုယ်တိုင် လည်း မမောင်းဖြစ်ဘူး။ ဒရိုင်ဘာနဲ့သွားတာများတော့ ကိုယ်လည်းနားနားနေနေ အေးဆေးစီးလို့ရ တယ်။ ဒါကြောင့် အလုပ်သွားရင်၊ သူငယ်ချင်းတွေနဲ့ ခရီးသွားရင် တော့ စီးဖြစ်တယ်။

ဒီကားတွေ စီးဖြစ်ခဲ့တဲ့အကြောင်း ကိုလည်း ပြောပြပေးပါဦး။

ဘေဘီမောင်က ကားစီးတာ ငါးစီး၊ ခြောက်စီးလောက်ရှိနေပြီ။ ကားတွေနဲ့လည်း ပိုက်ဆံတွေ အများကြီးကုန်တယ်။ နှမြောလည်း နှမြောတယ်။ အခု ဒီ Mark X ကို စီးတာတော့ တစ်နှစ်လောက်ပဲရှိသေးတယ်။ စီးဖြစ်တာကတော့ ငယ်ငယ်တုန်းက အိမ်မှာ အဖေက စူပါဆလွန်းလေးစီးတော့ အဲဒီ အချိန်တုန်းက Mark X လေးတွေက အရမ်းလည်း ဈေးကြီးတယ်။ လှလည်း လှတယ်။ ကိုယ်က စူပါဆလွန်းစီးပြီး နောက်ကနေ Mark X လေးတွေ့တော့ ခေါင်းလေးထွက်ပြီး ငါတစ်နေ့ Mark X ကား ဝယ်စီးနိုင်ရမယ်ဆိုတဲ့ စိတ်ကူးလေးရှိခဲ့တယ်။ အဲဒီ့မှန်းခဲ့တာလေးက ကိုယ်အခု အလုပ်လုပ်တဲ့ အချိန်မှာ ဒီကားလေး ဝယ်စီးနိုင် ခဲ့တယ်။ စီးချင်တာကတော့ ကြာပြီ။ ဒါပေမဲ့ မနှစ်ကမှ စီးနိုင်တယ်။ ဒီကြားထဲ Alphard ကိုလည်း ဝယ်ထားတော့ အဆင်ပြေမှ ဝယ်စီးဖြစ်ခဲ့တာပါ။

ဒီကားကို စီးတဲ့အချိန်မှာကော ဘယ်လို အဆင်မပြေတဲ့အချက် တွေရှိလဲ။ အဆင်ပြေတာကကော ဘာဖြစ်မလဲ။

Mark X ကားမောင်းရင် တော့ ကိုယ်တွေက ဆရာမကြီး Hero ပဲ။ Mark X က ဆလွန်းဆိုတော့ ဝပ်တော့ရှေ့ကို သိပ်မမြင်ရဘူး။ ဒါပေမဲ့ လူငယ်တစ်ယောက်အနေနဲ့ကတော့ ကားအသေးပဲလိုက်ပါတယ်။ ကားအကြီးကျတော့ ကွေ့ရင်လေးနေတယ် ဖင်ကြီးက ကျန်ကျန်ခဲ့တယ်။ ဒါပေမဲ့လည်း တစ်ခါတလေကျရင် Alphard ကိုလည်း မောင်းသွားတာပဲ။ Al-phard မောင်းရင်တော့ ဖင်တိုက်တာတို့ ခေါင်းတိုက်တာတို့ရှိတယ်။ အဲဒီလိုကျ အဆင်မပြေတာမျိုးလေးတွေလည်း ရှိတယ်ပေါ့နော်။

စိတ်ကူးထဲကနေ မှန်းထားတဲ့ နောက်ထပ် စီးချင်တဲ့ ကားက ကော ဘာကားဖြစ်မလဲ။

နောက်ထပ်စီးချင်တဲ့ကား တွေ အများကြီးရှိတယ်။ တကယ် တမ်းကြိုက်တာ မျက်စိထဲကကို မထွက်တာက Bantley အရမ်း ကြိုက်တယ်။ ဒီမှာတော့ စီးတဲ့သူ နည်းသေးတယ်။ ဘန်ကောက်မှာ တော့ တွေ့တယ်။ ဘေဘီမောင် က Bantley လည်း စီးချင်တာပေါ့ နော်။ သို့သော် ဈေးကြီးတယ်။ ခဏလေး နေဦးမယ်။ အခုတောင် ခြံနဲ့ ဝင်းနဲ့ မနေနိုင်သေးဘူး။ ဒီ ကားစီးပြီးရင် ထပ်စီးဖြစ်မှာက တော့ Crown စီးဖြစ်ဖို့ များတယ်။ နောက်တစ်နှစ်၊ ၂ နှစ်လောက် နေရင်တော့ Crown ကို အိပ်မက် ထပ်မက်မယ်။

ကားမောင်းနေကြတဲ့ သူတွေကို လည်း အကြံပြုစကား ပြောပေးပါဦး။

ပြောချင်တာကတော့ ကား လမ်းတွေက ပိတ်တော့ လိုရာခရီး ကို မရောက်ဘူး။ စိတ်တွေက အ ရမ်းဒေါသထွက်ရတယ်။ ဒါ ကြောင့် ကားမောင်းတဲ့အခါ စိတ် တွေလျှော့ကြပါ။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိပြီး အချိတ်အဆက်နဲ့ပေါ့။ တစ်ခါ တလေကျ ကိုယ်က တကယ်အ ရေးကြီးလို့ ကားတောင်းနေရင် သူတို့က မပေးရင် တိုက်မိတာ တွေ ဘာတွေ ဖြစ်မိတယ်။ အဲဒီ တော့ အဓိကကတော့ စိတ်ရှည် သည်းခံလမ်းကြောင်းမှန်မောင်း ရန် မော်တော်ကားဆိုတဲ့အတိုင်း စိတ်ရှည်ရှည်နဲ့ လမ်းကြောင်းမှန် မှန်နဲ့ မောင်းစေချင်တယ်။

ကျေးဇူးတင်ပါတယ်။      ။

 

_ဖြူဖွေးသန့်

 

Mark  X  2005

Mark X 2005 မော်ဒယ်ဆိုရင်တော့ ဂရိတ်နှစ်မျိုးကို ရွေးချယ်နိုင်ပါတယ်။ အင်ဂျင်အရွယ်အစားကတော့ ၂၅၀၀ စီစီ ဖြစ်ပြီး အော်တိုဂီယာငါးချက်နဲ့ ခြောက်ချက်နှစ်မျိုး ထုတ်လုပ်ပါတယ်။

Mark X ရဲ့ ပထမမျိုးဆက်တွေဖြစ်ပြီး နောက်မီးခွက်အ၀ိုင်း၊ ရှေ့မီးခွက်အတို၊ ရှေ့ရှဲလ်ကန့်လန့်ရှဲလ်၊  နောက်မှန် Spoiler, ၀ိုက်ဘာတွေ တပ်ဆင်ထုတ်လုပ်ထားပါတယ်။ ကားလုံခြုံရေးစနစ်ပိုင်းတွေမှာ တော့ ABS, EBD စတဲ့ အဆင့်မြင့်နည်းပညာတွေ ပါဝင်တဲ့အပြင် လေအိတ်ပတ်လည်ဖြစ်တာကလည်း Mark X ရဲ့ လုံခြုံရေးပိုင်း အလေးထားတာကို တွေ့နိုင်ပါတယ်။

logo