Menu

You are here

စည်သူလွင်ရဲ့TOYOTA Mark II

ဒီတစ်ပတ်ရဲ့ အနုပညာရှင်နဲ့ ကား ကဏ္ဍမှာတော့ မကြာမီရက်ပိုင်း အတွင်းမှာ အဆိုတော်တင်ဇာ မော်နဲ့အတူ စုံတွဲဖျော်ဖြေပွဲပြုလုပ်တော့မယ့် အဆိုတော် စည်သူလွင်ကို လက်ရှိစီးနေတဲ့ကားအကြောင်း တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

အစ်ကို လက်ရှိစီးနေတဲ့ကားနဲ့ ဒီ ကားလေးဝယ်ဖြစ်ခဲ့တဲ့အကြောင်းအရင်ဆုံးပြောပြပေးပါလား။

ကျွန်တော် လောလောဆယ် စီးနေတဲ့ကားကတော့ Mark II 2003 ရွှေငါး။ 35th Anniversaryပါ။ ဒီကားလေးဝယ်ဖြစ်ခဲ့တာက တော့ အဓိကက ရန်ကုန်မြို့တွင်း သုံးမယ်ဆို အင်ဂျင်ပါဝါကလည်း အနေတော်ပဲ။ နောက်တစ်ခါကျ တော့ သူ့ရဲ့အတွင်းဘက်မှာဆိုရင် လည်း သူ့ရဲ့ Grade လေးတွေ လည်း သဘောကျတယ်။ ပေါ့ပေါ့ ပါးပါးလည်း သုံးလို့ရတဲ့အတွက် ဝယ်ဖြစ်ခဲ့တာပါ။

အဆိုတော်တစ်ယောက်အနေနဲ့ နယ်ဖြေဖြေပွဲတွေလည်း သွားနေ ရတာဆိုတော့ ဒီကားက အဆင်ပြေပါလား။

ခရီးထွက်တဲ့အခါမှာလည်း သုံးလို့ကောင်းပါတယ်။ တခြားကားတွေထက်စာရင် ပွိုင့်သရီးကားတွေဆိုရင် အောက်ပိုင်းတွေ ဘာတွေ အဆင်မပြေဘူး။ ဒါကျ တော့ ခရီးထွက်ရင်လည်း အဆင် ပြေတယ်။ ရန်ကုန်ထဲမှာလည်း သုံးလို့ရတော့ နှစ်မျိုးသုံးလို့ရတာ ပေါ့။ ကျွန်တော်ကတော့ ဒီကား ကို ရန်ကုန်မြို့ထဲမှာ သုံးတာပဲပို များပါတယ်။ Highway ထွက်တဲ့ အခါကျတော့ ကျွန်တော့်စိတ်ထဲ မှာ ဒီကားမောင်းရတာက အ ကြိုက်ကြီးသိပ်မဟုတ်ဘူး။ မဖြစ် မနေ သွားရရင်တော့ သွားပါ တယ်။ Highway ကျတော့ Crownကို ပိုကြိုက်တယ်။ Crown ကျ တော့ ပိုပြီးတော့ ကားအနေနဲ့ လည်း ကြီးတယ်။ ဝိတ်လည်း ပို ကြီးတယ်။ မောင်းရတာလည်း ပို ငြိမ်တယ်။

ကိုယ်တိုင်ကော ကားမောင်းဖြစ် တာများလား။ ဘယ်လိုလမ်းခရီး မျိုးတွေကို မောင်းရတာကြိုက် ပါသလဲ။

ခရီးသွားရင်တော့ နီးတယ် ဆိုရင် မန္တလေးလောက်တို့၊ နေ ပြည်တော်လောက်တို့ဆိုရင် တော့ ကိုယ့်ဟာကိုယ် မောင်းဖြစ် ပါတယ်။ အချိန်ရရင်တော့ ကိုယ့် ဟာကိုယ် မောင်းဖြစ်ပါတယ်။ အချိန်မရဘဲ ရောက်ပြီဆိုရမယ် ဆိုရင်တော့ ကိုယ့်ဟာကိုယ် မမောင်းဖြစ်ပါဘူး။ ကျွန်တော့်အ နေနဲ့ဆိုရင် ညဘက်မောင်းရတာ သိပ်အားမသန်ဘူး။ နေ့ဘက် မောင်းတာများတယ်။ ဘယ်လမ်း မျိုးမဆို ကီလို ၈၀ နဲ့ ၁၀၀ ကြား ပဲမောင်းတယ်။ အဲဒီထက် ပို မမောင်းဘူး။ ဘာဖြစ်လို့လဲဆို တော့ ကိုယ့်အတွက် Safe ဖြစ် အောင် အရင်ဆုံးစဉ်းစားတယ်။ ရောက်သွားတဲ့အချိန်က နည်း နည်းလေးပဲကွာတာပါ။ အများဆုံးကွာရင်တောင် တစ်နာရီလောက် ပဲ ကွာတာ။ မြန်မြန်မောင်းတဲ့ ကားနဲ့။ ကိုယ့်အတွက်ကျတော့ ကီလို ၈၀ လောက်နဲ့မောင်းတာက အန္တ ရာယ်ဆိုရင် ကြိုတင်ပြီးရှောင်လို့ ရတယ်။ ကိုယ့်အတွက် Safe ဖြစ် တယ်လို့မြင်ပါတယ်။ နောက်ပြီး မောင်းရတဲ့ လမ်းဆိုရင်လည်း အ မြန်လမ်းကတော့ အရှင်းဆုံးပေါ့။ အမြန်လမ်းမှာတော့ မြန်မြန် မမောင်းဘူးဆိုရင် အန္တရာယ် လျော့ပါတယ်။ ရန်ကုန်-မန္တလေး ဆိုရင်လည်း အမြန်လမ်းက သွား တာများပါတယ်။ တချို့လမ်းလေးတွေကျတော့ လမ်းကျဉ်းတယ်။ ရှောင်ရရှားရတာ၊ မောင်းရတာ စိတ်တိုင်းမကျဘူး။ အမြန်လမ်း လိုနေရာမျိုးမှာ အေးအေးဆေး ဆေးမောင်းတယ်။ ရပ်ချင်တဲ့နေ ရာရပ်တယ်။ စားချင်တာစား တယ်။ တစ်ခါတလေ ရန်ကုန်- မန္တလေးသူများတွေ ခုနစ်နာရီ လောက်မောင်းရင်တောင် ကျွန် တော်က ဆယ်နာရီလောက်မောင်း တယ်။ လမ်းမှာ ဟိုဟာစား၊ ဒီ ဟာစား။ နားပြီး အဓိကကတော့ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်မဖြစ် အောင် ထိန်းသိမ်းပါတယ်။

ခရီးထွက်ရင် ကားကြံ့ခိုင်မှုအ ပိုင်းအနေနဲ့ ဘာတွေကို အဓိကထားပြီး စစ်ဆေးဖြစ်ပါသလဲ။

ခရီးသွားခါနီးရင် အင်ဂျင် ဝိုင်တွေလဲတယ်။ ပလတ်တွေလဲ တယ်။ ဂီယာဝိုင်တွေပြန်စစ် တယ်။ အဓိကကတော့ အောက် ပိုင်းရယ်၊ တာယာတွေရယ် စစ်ရ တယ်။ အဲဒီလိုမစစ်ဘဲနဲ့တော့ မသွားပါဘူး။ သွားလည်း မသွား ရဲပါဘူး။

နောက်ထပ် ကားအသစ်လဲစီးဖြစ် မယ်ဆိုရင် ဘယ်လိုကားမျိုးစီးဖို့ စဉ်းစားထားတာမျိုးရှိလဲ။

ကျွန်တော်ပိုကြိုက်တာက အင်ဂျင်ပါဝါဆိုလည်း 3.0 လောက်ဆို ပိုကြိုက်တယ်။ ကား တစ်စီးရဲ့အနေအထားက 3.0 လောက်ဆို အနေတော်ပဲလို့ထင် တယ်။ ဖြည်းဖြည်းမောင်းရင် လည်း အရုန်းအထလည်းကောင်း တယ်။ နောက်တစ်ခါ Highway တွေသွားရင်လည်း 3.0 လောက် က အနေတော်ပဲ။ ဆီတော့နည်း နည်းပိုစားရင်စားမယ်။ ဒါပေမဲ့ အဲဒီလောက်ကို ကြိုက်တယ်။ ကျွန်တော်နောက်ကားလဲစီးမယ် ဆိုရင် နည်းနည်းအင်ဂျင်ပါဝါကြီး တဲ့ ကားကိုရွေးချယ်ဖြစ်မယ်ထင် တယ်။ နောက်ပြီး ကြံ့ခိုင်ရေးပို ကောင်းတဲ့ကား။ အောက်ပိုင်း လည်း တောင့်တောင့်တင်းတင်း ဖြစ်ရတယ်။ Body ဆိုရင်လည်း မာတာမျိုးကို ပိုကြိုက်တယ်။ ကိုယ့်အတွက် Safe ဖြစ်တာမျိုး၊ ဘယ်လိုပဲဖြစ်ဖြစ် Safety ကြံ့ခိုင်မှုပိုကောင်းတဲ့ ကားမျိုးကိုပဲ ရွေးဖြစ်မှာပါ။

အခုနောက်ပိုင်းမှာ ယာဉ်တိုက်မှု တွေ အဖြစ်များလာတာဆိုတော့ ကားမောင်းသူတွေအတွက် ဘယ်လိုအကြံပြုစကားပြောပေးချင်လဲ။

ကျွန်တော်တို့ဆိုရင် High-way လမ်းမောင်းရင် အိပ်ငိုက်တဲ့ ပြဿနာပေါ့။ ဖြောင့်ဖြူးနေတော့ ကျွန်တော်ကိုယ်တိုင်လည်း မောင်းနေရင် ငိုက်တယ်။ အဲဒီလို ငိုက်ရင် ပေပြီးတော့ မမောင်းတော့ဘူး။ လမ်းဘေးခဏချရပ်တယ်။ ပြီးရင် ခဏတစ်ဖြုတ် အအေးလေး ဘာလေးသောက်၊ အချဉ်လေး ဘာလေးစား။ မျက်နှာသစ်ပြီး အေးအေးဆေး လန်းဆန်းသွားမှ ပြန်မောင်းတယ်။ တစ်ခါတလေကျရင် လမ်းမှာ မရတော့ဘူးလို့ထင်ရင် ၁၅ မိနစ်လောက်ရပ်ပြီး အိပ်လိုက်တယ်။ အဲဒီလောက် အိပ်ပြီးပြန်မောင်းတာက နောက်နှစ်နာရီလောက် အေးဆေးမောင်းလို့ရတယ်။ အဲဒီလို Charging ဖြည့်ပြီးမောင်းတယ်။ အဓိက ကတော့အိပ်ငိုက်တဲ့အချိန်မှာ အန္တရာယ်များတယ်။ အဲဒါကြောင့်ကိုယ့်ကိုယ်ကိုယ် ငိုက်တဲ့ကြားထဲက ပေပြီးမမောင်းစေချင်ဘူး။ ကားရဲ့ ကြံ့ခိုင်မှုကိုလည်း စစ်ဆေးပြီး မောင်းသင့်တယ်။ ပြီးတော့ အချိန်ကို အမြန်ကြီးမမောင်းသင့်ဘူး။ ကိုယ်နိုင်တဲ့ အနေအထားလောက်ပဲ မောင်းစေချင်ပါတယ်။ လူတွေ ဂရုစိုက်ရမှာက ကိုယ့်အသက်အန္တရာယ်က အဓိကပါပဲ။ ခရီးဆိုရင် နောက်ကျပြီးမှ ရောက်မှာစိုးရင် အရမ်းမမောင်းပါနဲ့။ အိမ်ကနေကြိုထွက်ပါ။ အဲ ဒီလိုအကြံပေးချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

 _ ဇွဲဉာဏ်

logo