Menu

You are here

ခင်စုစုနိုင်ရဲ့ TOYOTA Wish

ဒီတစ်ပတ်မှာတော့ မကြာခင်ကမှ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ ထပ်မံထွက်ရှိထားတဲ့ စတီရီယိုတေးသံရှင် ခင်စုစုနိုင်ရဲ့ လက်ရှိစီးဖြစ်နေတဲ့ ကားလေးကို မိတ်ဆက်မေးမြန်းထားပါတယ်။

လက်ရှိစီးဖြစ်နေတဲ့ ကားလေးအ ကြောင်း ပြောပြပေးပါဦး။

အခုစီးနေတဲ့ကားက ToyotaWish 2005 မော်ဒယ်ပါ။ အဖြူ ရောင်ပါ။ Grade ကတော့ XS ပါ။ ဒီကားကို သင်္ကြန်မတိုင်ခင်က ဝယ်စီးဖြစ်ခဲ့တာပါ။

ဒီကားကို ရွေးချယ်ဖြစ်တဲ့အကြောင်းကကော။

ဒီကားကို စီးဖြစ်ခဲ့တာက တော့ ဒီကားလေးက ဆီစားသက် သာလို့ပါ။ ခရီးသွားရင်လည်း ပစ္စည်းတွေထည့်တဲ့အခါ အဆင် ပြေတယ်။ ထိုင်ခုံက သုံးတန်းပါ တယ်။ နောက်ဆုံးတန်းကို ဖြုတ် ထားပြီး ပစ္စည်းတွေလည်း ထည့် မယ်ဆိုလည်းရတယ်။

ဒီ Wish လေးက အရင်စီးခဲ့တဲ့ကားတွေနဲ့ ဘာကွာလဲ။

ပထမဆုံးစီးခဲ့တဲ့ကားက R Plus လေးပါ။ အဲဒီတုန်းကတော့ Manual ကားတွေပဲစီးခဲ့တာပေါ့။ ပြီးတော့ ရွှေငါးလေးစီးတယ်။ နောက်တော့ Suzuki Swift 2011 လေးစီးခဲ့ပါတယ်။ သူက တော့ မော်ဒယ်မြင့်တယ်။ ဒါပေမဲ့ သူက ခရီးသွားရင် သိပ်အဆင် မပြေဘူး။ ကားကသေးလည်း သေးတယ်။ ဒီကားလေးက တခြား ကားတွေနဲ့ ဘာကွာခြားလဲဆိုရင် ကိုယ်စီးဖူးတဲ့ ကားတွေနဲ့ဆိုရင် သူက ဆီစားတာ သက်သာတယ်။ ပြင်ဆင်စရိတ်လည်း သူက သက်သာတယ်။ ကားရဲ့ အပိုပစ္စည်း တွေကလည်း ပေါတယ်။ နောက်ဆုံးတစ်ခုက ပြန်ရောင်းရင်လည်း လွယ်တယ်။ ကိုယ့်အနေနဲ့ကျ တော့ အကုန်လုံးခြုံငုံစဉ်းစားပြီးဝယ်ရတယ်။ ဒီကားကို မကြိုက်တော့လို့ ရောင်းမယ်ဆိုရင်တောင်လိုင်းပေါ်မှာရှိနေတဲ့ ကားဆို တော့ ပြန်ရောင်းရင် အဆင်ပြေတယ်။ အဲဒီအားသာချက်လေးတွေရှိတဲ့ အတွက် စီးဖြစ်ခဲ့တာပါ။

ဒီကားနဲ့ပတ်သက်ပြီး အဆင်မပြေ တာလေးပြောပါဆိုရင် ဘာများ ဖြစ်မလဲ။

ဒီကားစီးရင် အဆင်မပြေ တာက ဒီကားက အင်ဂျင်ပါဝါ 1.8 ဆိုတော့ Round Aircon မပါ ဘူး။ ခရီးသွားတဲ့အခါမှာ ကား ပေါ်မှာ ၁၂ နာရီလောက်ဆိုရင် သိသာလာတယ်။ နောက်ခန်းမှာ ထိုင်တဲ့သူတွေဆို ပူလာတယ်။ အရှေ့မှာထိုင်တဲ့သူက မသိသာ ဘူး။ အဲဒီတစ်ချက်ကိုတော့ သိပ် မကြိုက်ဘူး။ အဆင်ပြေပြီး အား သာချက်ဖြစ်တာကတော့ ဆီစား သက်သာတယ်။ ပြင်ဆင်စရိတ် လည်း သက်သာတယ်။ ပစ္စည်း တွေလည်း အများကြီးထည့်လို့ရ တယ်။ ရန်ကုန်ထဲမှာ စီးမယ်ဆို ရင် သင့်တော်တယ်။ အင်ဂျင်ပါဝါ မြင့်တဲ့ကားတွေက လူချမ်းသာသူ တွေအတွက်ဆိုရင်တော့ ပြဿနာမရှိပေမယ့် ကိုယ်တွေအတွက် တော့မလွယ်ဘူး။ အခုဒီ ကားလေးဆိုရင် တစ်ပတ် ဆီနှစ်သောင်း၊ သုံးသောင်းဖိုးလောက်ထည့်လိုက်ရင် တစ်ပတ်လုံးစီးလို့ရတယ်လေ။

အဖြူရောင်ကို ရွေးချယ်ဝယ်ယူ ဖြစ်တဲ့အကြောင်းကိုလည်း ပြောပြပေးပါ။

အရင်စီးခဲ့တဲ့ ကားတွေက လည်း အဖြူရောင်တွေပါပဲ။ အ ဖြူရောင်ကိုပဲ ကြိုက်တယ်။ အဖြူ ရောင်က တခြားအရောင်တွေ ထက်စာရင် ညဘက်အမှောင်ထဲ မှာသွားရင် သိသာမြင်သာစေတဲ့ အရောင်လည်းဖြစ်တယ်။ အနက် ရောင်ဆိုရင် ညဘက်အမှောင်ထဲ မှာသွားရင် ကားမီးမထွန်းထားရင် အန္တရာယ်ရှိနိုင်တယ်။

ဒီကားစီးပြီးလို့ နောက်ထပ်စိတ် ကူးထဲက စီးချင်တဲ့ကားအမျိုးအ စားတွေရှိရင်လည်း ပြောပြပေးပါဦး။

ဒီကားလေးစီးပြီးလို့ နောက် ထပ်စီးချင်တာကတော့ ပိုက်ဆံ အရမ်းရှာနိုင်ရင်တော့ Mini Cooper လေးစီးချင်တယ်။ အဲဒီ ကားလေးကို အရမ်းကြိုက်တယ်။ အရင်က အရမ်းကြိုက်ခဲ့တဲ့ကား က ဘောက်စ်ဝက်ဂွန်လေးပါ။ကိုယ်ကြိုက်တဲ့ကားလေးတွေကို လည်း စီးချင်ပေမယ့် အခုချိန်မှာ တော့ ကိုယ်တတ်နိုင်တဲ့ ဈေးနှုန်း လေးနဲ့ ကားကိုပဲစီးဖြစ်ပါတယ်။

Wish က ကားကြီးတဲ့အထဲမှာပါ တော့ ရန်ကုန်မှာ မောင်းတဲ့အခါ ဘယ်လိုအခက်အခဲတွေရှိလဲ။

အရင်တုန်းက စီးခဲ့တဲ့ Swift လေးက သေးတော့ ရန်ကုန်မြို့ထဲ မှာမောင်းရင် ဘယ်နေရာဖြစ်ဖြစ် ကားပါကင်ထိုးရင် အဆင်ပြေ တယ်။ အခုက ကားပါကင်တွေ လည်း ခက်လာတယ်။ ဒီကား လေး စဝယ်ပြီးစီးတုန်းက အဆင်သိပ်မပြေခဲ့ဘူး။ စစီးပြီး တစ်လ၊နှစ်လလောက်နေမှ နေသားကျ လာတယ်။ နောက် ဒီကားလေးက ပါကင်ထိုးရတာ အရမ်းအဆင် ပြေတယ်။ တစ်ခုရှိတာက ကင် မရာက နောက်ဘက်ပဲပါတာဆို တော့ အရှေ့ဘက်ကိုတော့ မှန်း ဆရတယ်။ အရှေ့ကားနဲ့ အကွာ အဝေးကိုတော့ မှန်းလုပ်ရတယ်။

ကားမောင်းတဲ့သူတွေအတွက် အကြံပြုစကားလေးပြောပေးပါ ဦး။

အခု လမ်းမှာ ကားမောင်း လာနေရင်းနဲ့တောင် ကောင်မ လေးတစ်ယောက်ကို ကားတိုက် သွားတယ်။ အရှိန်က မပြင်းဘူး။ တခြားကားက နောက်ကကွယ် တော့ သူက ရှေ့ကနေ ဖြတ်ပြေး ခဲ့တာပါ။ ပြောချင်တာကတော့ ကားမောင်းတဲ့အခါမှာလည်း ဂရု စိုက်ရတယ်။ အာရုံမများဖို့ပေါ့။ အဓိကကတော့ ဖုန်းပြောတာကို မလုပ်သင့်ဘူး။ ဖြစ်နိုင်ရင် စပီ ကာဖြစ်ဖြစ်၊ နားကြပ်ဖြစ်ဖြစ်နဲ့ ပြောသင့်တယ်။ အကောင်းဆုံးက တော့ ကားမောင်းနေရင် နောက် မှ ပြန်ဆက်မယ်ပြောပေါ့နော်။ အခုက ကားတွေကလည်း အရမ်း များလာတယ်။ အဲဒီကြားထဲမှာ လည်း တချို့လမ်းကူးတဲ့သူတွေ ကလည်း မမြင်တာကြောင့်ပဲ သော်လည်းကောင်း၊ နှစ်ယောက် စလုံး ဘယ်သူ့အမှားရယ်လို့တော့ မဟုတ်ဘူး။ ဖြစ်လာပြီဆိုရင် နှစ် ဦးနှစ်ဖက်စလုံးအတွက် မကောင်းဘူး။ ဒါကြောင့် ကားမောင်းတဲ့သူ တွေလည်း သတိထားပြီး မောင်း စေချင်ပါတယ်။ မျက်စိတစ်မှိတ် အတွင်းမှာ တစ်ခါတလေကျရင် ကိုယ်မထင်မှတ်ထားတာလေး တွေဖြစ်တတ်ပါတယ်။ ကိုယ်တိုင် လည်း ဖြစ်ဖူးတယ်။ နားကပ်လေး ငြိနေလို့ ကိုင်တဲ့အချိန်မှာပဲ လမ်းချော်သွားတာမျိုးပေါ့။ ကား မောင်းနေတဲ့အချိန်မှာ ဒါမျိုးတွေ မလုပ်သင့်ပါဘူး။

ကျေးဇူးတင်ပါတယ်။

 __ဖြူဖွေးသန့်

logo