Menu

You are here

ကားဘက်ထရီမှာ အားပြည့်၊ မပြည့် ဘယ်လိုသိနိုင်လဲ

ကားတွေမှာ ဘက်ထရီမကောင်းရင် သွားရေးလာရေးမှာ အနှောင့် အယှက်ဖြစ်စေနိုင်တာမို့ မဖြစ်ခင်မှာ ကြိုတင်ကာကွယ်ဆိုသလို ကိုယ့်ကား ဘက်ထရီ အခြေအနေကို သိထားရအောင်လို့ ဖော်ပြ ပေးချင်ပါတယ်။

ဘက်ထရီအားပြည့်၊ မပြည့် စစ်ဆေးဖို့အတွက်ဆိုရင် အရင် ဆုံးလိုအပ်တာက လုပ်ငန်းသုံးမျက်မှန်၊ လုပ်ငန်းသုံးလက်အိတ်နဲ့ ဗို့အားစမ်းသပ်ကိရိယာတို့ပဲဖြစ်ပါတယ်။ ဒီပစ္စည်းတွေ အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ လုပ်ငန်းသုံး မျက်မှန်ကိုတပ်၊ လက်အိတ်စွပ်ပြီး ဗို့အားစမ်းကိရိယာကို ဘက်ထရီမှာရှိတဲ့ အဖိုအမခေါင်းနဲ့ ထိကပ်စစ်ဆေးရမှာ ဖြစ်ပါတယ်။

ဘက်ထရီဗို့အလိုက် အားဘယ်လောက်ထိရှိသလဲဆိုရင် ၁၂ ဒသမ ၆၆ ဗို့ဆိုရင် ၁၀၀ ရာခိုင်နှုန်းအားပြည့်နေပြီး ၁၂ ဒသမ ၄၅ ဗို့ဆိုရင် ၇၅ ရာခိုင်နှုန်း၊ ၁၂ ဒသမ ၂၄ ဗို့ဆိုရင် ၅၀ ရာခိုင်နှုန်း၊ ၁၂ ဒသမ ၀၆ ဗို့ဆိုရင် ၂၅ ရာခိုင် နှုန်း၊ ၁၁ ဒသမ ၈၉ ဗို့ဆိုရင် သုညရာခိုင်နှုန်းအားရှိတယ်လို့ သိနိုင်ပါတယ်။ ယခုအတိုင်းအတာတွေက အပူချိန် ၈၀ ဒီဂရီဖာရင်ဟိုင်မှာ တိုင်းတာချက်တွေဖြစ်ပြီး အပူချိန် ၁၀ ဒီဂရီစီပြောင်းတာနဲ့ ဗို့ကလည်း ဒသမ ၀၁ ပြောင်းတယ်လို့ သိထားနိုင်ပါတယ်။ ဗို့အားက ၁၂ ဒသမ ၄၅ ကနေ အထက်ရှိနေတယ်ဆိုရင်ကို ဘက်ထရီအား အပြည့်ရှိနေပါပြီ။

ဘက်ထရီအားနည်းနေပြီဆိုရင်လည်း ဘက်ထရီအားသွင်း စက်အကူအညီနဲ့ သွင်းနိုင်သလို ကားကိုရအောင် စက်နှိုးပြီး မိနစ် ၂၀ လောက် ပတ်မောင်းပေးရင်ကို ဘက်ထရီအားပြန်ပြည့်စေနိုင်ပါတယ်။ ဒီလိုလုပ်ပြီးလို့မှ ဗို့အား ပြန်တိုင်းကြည့်လို့ ၉ ဒသမ ၆ ဗို့အောက်လောက်ကို လျော့ကျသွားတယ်ဆိုရင်တော့ ဘက်ထရီလဲရဖို့ သေချာနေပါပြီ။ ဘက်ထရီသက်တမ်းက ပုံမှန်အားဖြင့်ဆိုရင် လေးနှစ် လောက်အသုံးခံပြီး ဘက်ထရီအရည်အသွေးပေါ်မူတည်ပြီး သက် တမ်းကွာခြားပါတယ်။          —Ref: yourmechanic

logo