Menu

You are here

စူပါကားေတြရဲ႕မွန္းခ်က္နဲ႔ႏွမ္းထြက္မကိုက္တဲ့အခ်က္ ၈ ခ်က္

စူပါကားတစ္စီးကိုပိုင္ဆိုင္ထားသူအေနနဲ႕အျမင္လွသေလာက္ အဆင္မေျပတာေတြလည္းရွိတာမို႔ ဘယ္အခ်က္ ေတြလဲဆိုတာ ေလ့လာၾကည့္ရေအာင္ပါ။
 
 
ေစ်းႀကီးႀကီးေပး၀ယ္ရသလို ျပဳျပင္ထိန္းသိမ္းစရိတ္လည္းမ်ားျခင္း- ပံုမွန္စူပါကားတစ္စီး၀ယ္မယ္ဆိုရင္အနည္း ဆံုးေဒၚလာတစ္သိန္းေလာက္ျပင္ဆင္ထားဖို႔လိုပါတယ္။ ဒီထက္လန္းတာ၀ယ္ခ်င္တယ္ဆိုရင္ေတာ့အနည္းဆံုး ေဒၚလာ၂၂၅၀၀၀ ကစလို႔ ပိုကုန္မယ္လို႔သာမွတ္လိုက္ပါ။ မေတာ္တဆမႈတစ္ခုခုျဖစ္လို႔ ကားျပင္ရင္လည္း စရိတ္ေထာင္းႏိုင္တာမို႔ ကားျပင္ဆင္စရိတ္အတြက္ပါႀကိဳစုထားဖို႔လိုပါတယ္။
 
 
ျမန္ႏႈန္းရွိသေလာက္ေမာင္းလို႔မရျခင္း- စူပါကားေတြျဖစ္တဲ့အတြက္ အင္ဂ်င္ပါ၀ါေတြကအမွန္အကန္ရွယ္ျဖစ္ ေပမယ့္ ကိုယ့္စိတ္ႀကိဳက္အျမန္ႏႈန္းအတိုင္း႐ံုးကိုေမာင္းသြားဖို႔ဆိုတာမျဖစ္ႏိုင္သလို ျဖည္းျဖည္းေလးသြားေနရ တဲ့အတြက္ ေလာင္စာဆီေတြလည္းအမ်ားႀကီးသံုးရျပန္ပါတယ္။ ကားေတြမ်ားတဲ့ၾကားထဲက ကိုယ္က အျမန္ႏႈန္း နဲ႕ေမာင္းသြားျပန္ရင္လည္း အက္ဆီဒင့္ျဖစ္ႏိုင္ေခ်မ်ားသလို အျခားကားေတြလိုမ်ိဳး ယာဥ္ေၾကာက်ပ္တဲ့ထဲမွာ အ သာေလးလွိမ့္ေနရတာမို႔ စူပါကားရဲ႕အစြမ္းေတြကို အျပည့္အ၀မခံစားရပါဘူး။
 
သက္ေသာင့္သက္သာမရွိျခင္း-ဇိမ္က်က်သက္ေသာင့္သက္သာေလးစီးခ်င္ ရင္ေတာ့ စူပါ ကားေတြမေရြးတာအ ေကာင္းဆံုးပါ။ စူပါကားတိုင္းက သက္ေသာင့္သက္သာမရွိဘူးလို႔မဆိုႏိုင္ေပမယ့္သူတို႔ကိုစထုတ္ကတည္းက အျမန္ႏႈန္းနဲ႔စြမ္းေဆာင္ရည္ပိုင္းကိုဦးစားေပးထုတ္ထားတယ္ဆိုတာကိုသိထား ပါ။
 
 
ကား၀မ္းဗိုက္ႏွင့္ေျမႀကီးခဏခဏတိုက္မိျခင္း- စုူပါအမ်ားစုဟာ အနိမ့္ပံုစံထုတ္လုပ္ထားတာျဖစ္လို႔ ေျမျပင္နဲ႕ လက္မအနည္းငယ္ေလာက္သာကြာတဲ့အတြက္ မၾကာခဏပြတ္တိုက္မိတာမ်ိဳးႀကံဳရတတ္ပါတယ္။ ဒီလိုဒီဇိုင္း ေတြက အယ္႐ိုဒိုင္နမစ္ေခၚေလမွာျဖတ္သန္းႏိုင္တဲ့ဂုဏ္သတၱိကိုျမွင့္တင္ေပးတဲ့ပံုစံျဖစ္ၿပီး မိုင္ႏႈန္းအမ်ားႀကီးနဲ႔ ေမာင္းေနေပမယ့္လည္း ကားကၽြမ္းထိုးေမွာက္ခံုျဖစ္မသြားေအာင္စီမံထားတာပါ။
 
 
ေကာ္ဖီခ်စ္သူမ်ားအတြက္အဆင္မေျပျခင္း- ကိုယ္ကေကာ္ဖီေသာက္ရ တာႏွစ္သက္သူျဖစ္ၿပီး ဘယ္ေနရာသြား သြားေကာ္ဖီခြက္ေလးကိုင္ေသာက္တတ္ရင္ေတာ့ စူပါကားေတြနဲ႕အဆင္မေျပပါဘူး။ စူပါကားေမာင္းရင္းေကာ္ ဖီေသာက္ရင္ေတာ့ ပါးစပ္ထဲေကာ္ဖီမေရာက္ဘဲ အပူေလာင္ခံရတာနဲ႔ပဲကုန္မွာပါ။ ေကာ္ဖီခြက္ထည့္တဲ့အံ၀ွက္ ေလးထဲထည့္ထားဦးေတာ့ စူပါကားရဲ႕ျမန္ႏႈန္းနဲ႔ဆိုမျဖစ္ဘူးဆိုတာသတိရလိုက္ပါ။
 
 
လမ္းသြားလာေတြရဲ႕ေမတၱာပို႔ခံရျခင္း- စူပါကားကိုေမာင္းသြားၿပီဆိုတာနဲ႔စိတ္၀င္စားသူမ်ားသလို ငၾကြား၊ လူေပၚလူေဇာ္၊ ဘ၀င္ကိုင္သူလို႔အလိုလိုအထင္ခံရပါတယ္။ ကယ္လီဖိုးနီးယားတကၠသိုလ္ရဲ႕စစ္တမ္းတစ္ခု အရဆိုရင္ BMW ကားေမာင္းသြားရင္ အျမင္ကတ္ခံရတာမ်ားတယ္လို႔သိရပါတယ္။ ဒီေတာ့ကိုယ့္ကားနဲ႔ကိုယ္ သြားတာကို အသားလြတ္အျမင္ကတ္ခံရတဲ့သေဘာပါပဲ။
 
လူၾကည့္ခံရျခင္း - ခပ္မိုက္မိုက္စူပါကားေလးတစ္စီးရပ္ထားတာေတြ႕တာနဲ႔ၾကည့္႐ႈေလ့လာသူ၊ ဆယ္ဖီဆြဲသူ ေတြနဲ႔ႀကံဳရမွာ ေသခ်ာသေလာက္ပါပဲ။ ေန႔တိုင္း၊ လတိုင္းဒီလိုေတြဆက္တိုက္ႀကံဳလာရင္း ေနာက္ဆံုးအဆိုးဆံုး ကေတာ့ ေရွာ့ပင္းေမာမွာကားရပ္ထားတုန္းကားရဲ႕ေကာင္းက်ိဳးဆိုးက်ိဳးေတြလာေမးသူနဲ႕ႀကံဳရမယ့္အေျခအေန ပါပဲ။
 
ကားေဆးဖို႔အတြက္ ေငြကုန္ေၾကးက်မ်ားျခင္း- တန္ေၾကးႀကီးႀကီးကားကိုစီးတဲ့အေလ်ာက္ ကားေဆးဖို႔နဲ႔ကား သန္႔ရွင္းေရးဆိုင္ရာပစၥည္းပစၥယေတြ၀ယ္ရာမွာလည္း ေငြကုန္ဦးမယ္ဆိုတာသိထားပါ။ ကားကိုယ္ထည္မွာ ပြန္း ရာပဲ့ရာအစင္းျခစ္ရာတစ္ခုခုျဖစ္လို႔ ေဆးျပန္လုပ္ရရင္လည္း မသက္သာဘူးဆိုလည္း ေမ့ထားလို႕မရပါဘူး။
 
Ref:unlimitedrevs
 
#Super_Cars #MWM
 
Unicode
 
စူပါကားတွေရဲ့မှန်းချက်နဲ့နှမ်းထွက်မကိုက်တဲ့အချက် ၈ ချက်
 
 
စူပါကားတစ်စီးကိုပိုင်ဆိုင်ထားသူအနေနဲ့အမြင်လှသလောက် အဆင်မပြေတာတွေလည်းရှိတာမို့ ဘယ်အချက် တွေလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။
 
 
စျေးကြီးကြီးပေးဝယ်ရသလို ပြုပြင်ထိန်းသိမ်းစရိတ်လည်းများခြင်း- ပုံမှန်စူပါကားတစ်စီးဝယ်မယ်ဆိုရင်အနည်း ဆုံးဒေါ်လာတစ်သိန်းလောက်ပြင်ဆင်ထားဖို့လိုပါတယ်။ ဒီထက်လန်းတာဝယ်ချင်တယ်ဆိုရင်တော့အနည်းဆုံး ဒေါ်လာ၂၂၅၀၀၀ ကစလို့ ပိုကုန်မယ်လို့သာမှတ်လိုက်ပါ။ မတော်တဆမှုတစ်ခုခုဖြစ်လို့ ကားပြင်ရင်လည်း စရိတ်ထောင်းနိုင်တာမို့ ကားပြင်ဆင်စရိတ်အတွက်ပါကြိုစုထားဖို့လိုပါတယ်။
 
 
မြန်နှုန်းရှိသလောက်မောင်းလို့မရခြင်း- စူပါကားတွေဖြစ်တဲ့အတွက် အင်ဂျင်ပါ၀ါတွေကအမှန်အကန်ရှယ်ဖြစ် ပေမယ့် ကိုယ့်စိတ်ကြိုက်အမြန်နှုန်းအတိုင်းရုံးကိုမောင်းသွားဖို့ဆိုတာမဖြစ်နိုင်သလို ဖြည်းဖြည်းလေးသွားနေရ တဲ့အတွက် လောင်စာဆီတွေလည်းအများကြီးသုံးရပြန်ပါတယ်။ ကားတွေများတဲ့ကြားထဲက ကိုယ်က အမြန်နှုန်း နဲ့မောင်းသွားပြန်ရင်လည်း အက်ဆီဒင့်ဖြစ်နိုင်ချေများသလို အခြားကားတွေလိုမျိုး ယာဉ်ကြောကျပ်တဲ့ထဲမှာ အ သာလေးလှိမ့်နေရတာမို့ စူပါကားရဲ့အစွမ်းတွေကို အပြည့်အဝမခံစားရပါဘူး။
 
သက်သောင့်သက်သာမရှိခြင်း-ဇိမ်ကျကျသက်သောင့်သက်သာလေးစီးချင် ရင်တော့ စူပါ ကားတွေမရွေးတာအ ကောင်းဆုံးပါ။ စူပါကားတိုင်းက သက်သောင့်သက်သာမရှိဘူးလို့မဆိုနိုင်ပေမယ့်သူတို့ကိုစထုတ်ကတည်းက အမြန်နှုန်းနဲ့စွမ်းဆောင်ရည်ပိုင်းကိုဦးစားပေးထုတ်ထားတယ်ဆိုတာကိုသိထား ပါ။
 
 
ကားဝမ်းဗိုက်နှင့်မြေကြီးခဏခဏတိုက်မိခြင်း- စုူပါအများစုဟာ အနိမ့်ပုံစံထုတ်လုပ်ထားတာဖြစ်လို့ မြေပြင်နဲ့ လက်မအနည်းငယ်လောက်သာကွာတဲ့အတွက် မကြာခဏပွတ်တိုက်မိတာမျိုးကြုံရတတ်ပါတယ်။ ဒီလိုဒီဇိုင်း တွေက အယ်ရိုဒိုင်နမစ်ခေါ်လေမှာဖြတ်သန်းနိုင်တဲ့ဂုဏ်သတ္တိကိုမြှင့်တင်ပေးတဲ့ပုံစံဖြစ်ပြီး မိုင်နှုန်းအများကြီးနဲ့ မောင်းနေပေမယ့်လည်း ကားကျွမ်းထိုးမှောက်ခုံဖြစ်မသွားအောင်စီမံထားတာပါ။
 
 
ကော်ဖီချစ်သူများအတွက်အဆင်မပြေခြင်း- ကိုယ်ကကော်ဖီသောက်ရ တာနှစ်သက်သူဖြစ်ပြီး ဘယ်နေရာသွား သွားကော်ဖီခွက်လေးကိုင်သောက်တတ်ရင်တော့ စူပါကားတွေနဲ့အဆင်မပြေပါဘူး။ စူပါကားမောင်းရင်းကော် ဖီသောက်ရင်တော့ ပါးစပ်ထဲကော်ဖီမရောက်ဘဲ အပူလောင်ခံရတာနဲ့ပဲကုန်မှာပါ။ ကော်ဖီခွက်ထည့်တဲ့အံဝှက် လေးထဲထည့်ထားဦးတော့ စူပါကားရဲ့မြန်နှုန်းနဲ့ဆိုမဖြစ်ဘူးဆိုတာသတိရလိုက်ပါ။
 
 
လမ်းသွားလာတွေရဲ့မေတ္တာပို့ခံရခြင်း- စူပါကားကိုမောင်းသွားပြီဆိုတာနဲ့စိတ်ဝင်စားသူများသလို ငကြွား၊ လူပေါ်လူဇော်၊ ဘဝင်ကိုင်သူလို့အလိုလိုအထင်ခံရပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့စစ်တမ်းတစ်ခု အရဆိုရင် BMW ကားမောင်းသွားရင် အမြင်ကတ်ခံရတာများတယ်လို့သိရပါတယ်။ ဒီတော့ကိုယ့်ကားနဲ့ကိုယ် သွားတာကို အသားလွတ်အမြင်ကတ်ခံရတဲ့သဘောပါပဲ။
 
လူကြည့်ခံရခြင်း - ခပ်မိုက်မိုက်စူပါကားလေးတစ်စီးရပ်ထားတာတွေ့တာနဲ့ကြည့်ရှုလေ့လာသူ၊ ဆယ်ဖီဆွဲသူ တွေနဲ့ကြုံရမှာ သေချာသလောက်ပါပဲ။ နေ့တိုင်း၊ လတိုင်းဒီလိုတွေဆက်တိုက်ကြုံလာရင်း နောက်ဆုံးအဆိုးဆုံး ကတော့ ရှော့ပင်းမောမှာကားရပ်ထားတုန်းကားရဲ့ကောင်းကျိုးဆိုးကျိုးတွေလာမေးသူနဲ့ကြုံရမယ့်အခြေအနေ ပါပဲ။
 
ကားဆေးဖို့အတွက် ငွေကုန်ကြေးကျများခြင်း- တန်ကြေးကြီးကြီးကားကိုစီးတဲ့အလျောက် ကားဆေးဖို့နဲ့ကား သန့်ရှင်းရေးဆိုင်ရာပစ္စည်းပစ္စယတွေဝယ်ရာမှာလည်း ငွေကုန်ဦးမယ်ဆိုတာသိထားပါ။ ကားကိုယ်ထည်မှာ ပွန်း ရာပဲ့ရာအစင်းခြစ်ရာတစ်ခုခုဖြစ်လို့ ဆေးပြန်လုပ်ရရင်လည်း မသက်သာဘူးဆိုလည်း မေ့ထားလို့မရပါဘူး။
 
Ref:unlimitedrevs
 
#Super_Cars #MWM

logo